|
ဒေါ်အောင်ဆန်းစုကြည်နှင့် အန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ မန်း မိုဟန်ဆင်းတို့တွေ့ဆုံစဉ် |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အန္ဒိယနိုင်ငံခရီးစဉ်အတွင်း နိုဝင်ဘာလ၁၄ရက်နေ့ခန့်က အန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ မန်းမိုဟန်ဆင်းကို သူ၏နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုမှာ နာရီဝက်မျှကြာမြင့်ခဲ့ပြီး အမျိုးသား ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီအခင်းအကျင်းများ ယခုထက်ပိုမို ပေါ်ပေါက်လာရန် အဓိကဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ
အာဏာရပါတီဖြစ်သော ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီ၏ ဖိတ်ကြားချက်ဖြင့်
အိန္ဒိယနိုင်ငံသို့ ၅ ရက်ကြာ အလည်အပတ်သွားရောက်ခြင်းဖြစ်ပြီး မဟတ္တမဂန္ဒီ၏ ဂူဗိမာန်နှင့် ဂျဝါဟာလာနေရူး၏ ဂူဗိမာန်တို့သို့ နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်းက သွားရောက်ဂါရ၀ပြုခဲ့သေးသည်။ ထို့အပြင် အန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း သီးခြားတွေ့ဆုံမှုတစ်ခု လုပ်ခဲ့ကြောင်းလဲ သိရှိရသည်။
|
မဟတ္တမဂန္ဒီရုပ်တုအား အမှတ်တရ လက်ခံရယူစဉ် |
Photo Copy From Facebook
These icons link to social bookmarking sites where readers can share and discover new web pages.
Leave a comment