တန်ဖိုးနည်း Android ဖုန်းလေးများ

ခုတလော အပြင်သွားရင် လူတိုင်းနီးပါး ဖုန်းကိုယ်စီနဲ့ တွေ့ရသလိုပဲ။
ပိုပြီး မိုက်လာတာက Touch Screen ဖုန်းလေးတွေကို လူငယ်တွေ
ပိုကိုင်တာများလာတယ်။ Touch Screen ဖုန်းတိုင်းကတော့ မကောင်းပါဘူး။
ဒါပေမယ့် ကိုင်ကြတာပဲ။ ကျွန်တော်လဲ အရင် ၂နှစ်တုန်းကတော့ Nokia 5800
ကိုင်ကြည့်သေးတယ်။ Touch ကလဲ မစွံသလို သုံးထားတဲ့ OS ကလဲ
အဲလောက်မကောင်းပါဘူး။ wifi ပါတာလေးကတော့ ကောင်းတာပေါ့။ ဈေးကလဲ
ခုလက်ရှိတောင် ၂သိန်းဝန်းကျင်ဆိုတော့ မုန့်ဖိုးလောက်လေးပဲရတဲ့ လူငယ်တွေ
ဘယ်ကိုင်နိုင်ပါ့မလဲ။ အဲ နောက်ပိုင်း wifi တွေကလဲ မုန့်ဆိုင်တွေ
ကုန်တိုက်တွေမှာ အလကားပေးလာတော့ ဖုန်းလေးနဲ့ အင်တာနက်သုံးချင်ကြသပေါ့။ ခု
ကျွန်တော်ပြောမယ့် ဖုန်းလေးတွေက Android OS သုံးထားပြီး Android OS ကို
2.3 နဲ့ အထက် သုံးထားကြတော့ OS မြင့် Smart ဖုန်းလေးတွေပေါ့။
ဈေးနှုန်းကလဲ သင့်တော့ လူငယ်တွေ ကိုင်နိုင်ကြတယ်လေ။ မှော်ဆရာ နဲ့
အော်ရိုက ကျွန်တော့် မိတ်ဆွေများ ငွေ ၁သိန်းကျော်ရုံလေးနဲ့  Android
ဖုန်း ကိုင်နိုင်အောင် ဖောက်သည် ချပေးလိုက်ပါတယ်။

Samsaung mini Galaxy (including memory 1GB and Up to 16GB) 125000/KS
(camera 2.5 megapixel) OS- android 2.3 Gingerbread

ZTE Skate (internal memory 256MB and Up to 16GB) 130000/KS (camera 3.0
megapixel) OS- android 2.3

Huawei Sonic (internal memory 128 and Up to 16 GB) 125000/KS (camera
3.2 megapixel) OS- android 2.3.5

ဈေးလေးတွေကတော့ မဆိုးဘူးနော်။ ကျွန်တော် လက်ရှိကိုင်နေတာက Huawei Sonic
လေးပါ။ ၃”/၂”  screen wide ဆိုတော့ မကြီးပေမယ့် သိပ်တော့ မသေးပါဘူး။
Huawei Sonic ကို memory 8GB စိုက်ပြီး Screen Care  အပါအဝင်
၁သိန်းလေးသောင်းပါ။ သီချင်း အနည်းငယ်နဲ့ Software တချို့ လက်ဆောင်ရပါတယ်။
450 mobile ကနေဝယ်ထားတာပါ။ အင်တာနက်သုံးရတာလဲ အဆင်ပြေပြီး Gtalk ကိုတော့
imo, meebo ကနေ သုံးလို့ရသလို Offline Mail လဲသုံးလို့ရတော့ တော်တော်လေး
ကောင်းတယ်။  CPU က 800MHZ နဲ့ Ram ကတော့ 256MB ပါတော့ အင်တာနက်လိုင်းက
ကောင်းရင် ကောင်းသလောက် မြန်တာကတော့ အားရစရာပဲ Capacitive touch
စနစ်သုံးထားတော့ I phone လောက်မကောင်းပေမယ့် တော်တော်လေး ကိုင်ရကောင်းတယ်
Multi Touch တွေထက်တော့ သာတာပေါ့။

နည်းနည်းပိုတတ်နိုင်ရင်တော့
Huawei U8800 လဲ မဆိုးပါဘူး။ ၁သိန်း၉သောင်းဝန်းကျင်ရှိပြီး 4.5”/2.5”
wide screen ပါပါတယ်။
Sony X10 mini pro ကတော့ wide screen က 2.5”/1.5” ပါ။ဈေးနှုန်းကတော့
၁သိန်း၇သောင်းဝန်းကျင်ရှိပြီး ပုံစံလေးကပုတိုတိုနဲ့ ချစ်ဖို့ကောင်းပါတယ်။
ကျွန်တော်တော့ Youtube downloader ထည့်ထားပြီး အတန်းတက်နေတုန်းဆို
သီချင်းလေးတွေ ဒေါင်းပါတယ်။ ကျွန်တော် ဖော်ပြပေးခဲ့တဲ့ ဖုန်းတွေက GSM
အတွက်ဖြစ်ပြီး တန်ဖိုးသင့်ပြီး နည်းပညာမြင့်တဲ့ ဖုန်းတွေပါ။
အကြမ်းလဲခံသင့်သလောက် ခံပြီး လိုင်းအားလဲ ကောင်းပါတယ်။
တရုတ်ဖုန်းတွေဆိုပြီးတော့ အထင်မသေးလိုက်ပါနဲ့ ကျွန်တော့် Huawei ဖုန်းဆို
battery ကို Stan by အနေအထားနဲ့ ၇၂နာရီလောက်ထားလို့ရပြီး
ဖုန်းပြောမယ်ဆိုရင်တော့ ၅နာရီလောက် မနားတမ်းပြောလို့ရပါတယ်။ Android OS
ကို 3.0 ထိ မြှင့်လို့ရမယ်လို့တော့ Web မှာ ပြောထားပေမယ့် ဒီမှာတော့
လုပ်ပေးတဲ့ ဆိုင်မရှိသေးပါဘူး။ ကျွန်တော်ပြောခဲ့တဲ့ ဖုန်းတွေက GSM
အတွက်တွေပါ။ တချို့က ပြောကြတယ် CDMA 800 က ဖုန်းဈေးသက်သာတယ်။ GSM ကျတော့
ဈေးကြီးတယ်တဲ့။ ကျွန်တော် ပြောတဲ့ ဈေးတွေကတော့ CDMA 800
ဖုန်းဈေးတွေနဲ့ သိပ်မကွာလို့ GSM ဖုန်းသမားတွေကတော့ ကြိုက်မှာ သေချာတယ်။
အားလုံးပဲ Android ဖုန်းတွေနဲ့ Smart ကျကျ အင်တာနက်သုံးနိုင်ကြပါစေဗျာ။

စကားချပ် ( လူကြီးမင်းနဲ့ Mr.fone သည် အလွန်ဈေးကြီးသည်။ ဝန်ဆောင်မှုတော့
ကောင်းသည်။)
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free