မင်္ဂလာဦး မှတ်တမ်း

အဲ့ဒီ့နေ့က

သူ ဂါဝန်ဖြူလေးနဲ့ လှလို့

ကျွန်တော်က ကို့ယို့ကားယား

မလိုက်ဖက်ပေမယ့်

နှစ်ယောက်လုံးပျော်လို့…..။

အဲ့ဒီ့နေ့က

တစ်ခါမှ မစီးဖူးတဲ့ ကားဖြူလေးနဲ့

နောက်ခန်းထဲမှာပေါ့

Air Con ဖွင့်ထားပေမယ့်

နှစ်ယောက်လုံး ချွေးတွေနဲ့….။

အဲ့ဒီ့နေ့က

ခပ်သွက်သွက် သွားတတ်တဲ့

သူရော ကျွန်တော်ရော

ခန်းမထဲဝင်ဖို့

နှစ်ယောက်လုံး ချိတုံချတုံ….။

အဲ့ဒီ့နေ့က

တခါမှ မမြင်ဖူးတဲ့ လူတချို့

လာနှုတ်ဆက်ကြတော့

ဘာလုပ်ရမှန်းမသိ

နှစ်ယောက်လုံး ကြောင်တောင်တောင်….။

အဲ့ဒီ့နေ့က

အမြဲတမ်း ရှပ်ပြာပြာသူနဲ့

ခပ်ပေါပေါ ကျွန်တော်

မကြုံစဖူး ထူးထူးခြားခြား

နှစ်ယောက်လုံး တည်တည်ငြိမ်ငြိမ်….။

အဲ့ဒီ့နေ့က

မှတ်မှတ်ရရနဲ့ သူနဲ့ကျွန်တော်

သူ့မိဘ ကျွန်တော့်မိဘ

တစ်ပြိုက်တည်းကန်တော့ရင်း

နှစ်ယောက်လုံး မျက်ရည်ကိုယ်စီနဲ့…..။

အဲ့ဒီ့နေ့က

ကပ်စေးနဲ သူနဲ့

နှမြောတတ်တဲ့ ကျွန်တော်

ကြိုးတားသူတွေ ငွေပေးရတော့

နှစ်ယောက်လုံး မဲ့တဲ့တဲ့…..။

အဲ့ဒီ့နေ့က

ကိုရီးယားကားကြိုက်တဲ့ သူနဲ့

ဘောလုံးပွဲကြိုက်တဲ့ ကျွန်တော်

၇နာရီခွဲ အိပ်ယာဝင်ပြီး

နှစ်ယောက်လုံး …………………….။

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free