ဝဋ်ဖြစ်သွားတဲ့ ကလဲ့စား

နင့်ကို ရက်စက်သွားတဲ့
နင်တချိန်က  ချစ်တဲ့
ချစ်သူ……။

ငါ လျစ်လျုရှုမိတဲ့
ငါတချိန်က ချစ်တဲ့
ချစ်သူ…..။

နင်နဲ့ငါ အပြစ်မယူပေမယ့်
တချိန်က အပြစ်ခဲ့တဲ့
ချစ်သူဘဝတွေ…..။

နင့်အတွက် နာကျဉ်းမှုတွေကို
ဖြေသိမ့်ဖို့အတွက်
နင့်ရဲ့ချစ်သူ ငါဖြစ်ခဲ့တယ်….။

ငါ့အတွက် အပြစ်တွေကို
ဆေးကြောဖို့အတွက်
ငါ့ရဲ့ချစ်သူ နင်ဖြစ်ခဲ့တယ်….။

သကာရေလောင်းထားတဲ့
ရက်စက်မှုတွေ…..
အဆိပ်အုပ်ထားတဲ့
ကြင်နာမှုတွေ…..

ဒါတွေက ငါတို့ရရှိခဲ့ကြတဲ့
ချစ်သူဘဝလေး တစ်ခုပေါ့…..။

ချိုသာတဲ့ လေညှင်းလေးက
မုန်တိုင်းရဲ့ အစဆိုတာ
ငါ ကြိုသိမိခဲ့ရင်……….

ငါတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့
ယုံကြည်ချက်အတိုင်း
ကလဲ့စားတိုင်းမှာ ဝဋ်လိုက်သတဲ့…။

ငါတို့နှစ်ယောက် ပြတ်စဲခြင်း
နင့်ချစ်သူအတွက် ကလဲ့စားမှာ
ငါ့ချစ်သူအတွက် ဝဋ်လည်ခြင်းကို
ငါ ရခဲ့တယ်…..။

“ဆုတောင်းလိုက်ပါတယ်……”
နင်ပေးခဲ့တဲ့ အမုန်းတွေကြားမှာ
နင့်ကိုချစ်တဲ့ စိတ်နဲ့
ငါ့ရဲ့ ဝဋ်တွေ နင့်ဆီကိုတဖန်
ပြန်မရပါစေနဲ့တော့……..။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free