နင်သိလား
သံယောဇဉ်ရဲ့ အတိမ်အနက်ကို
လွန်ခဲ့တဲ့ မနေ့က များစွာမှာ
နင့်ကို ငါချစ်ခဲ့တယ်။

အပြစ်မဲ့တဲ့ နင့်ကို
မချစ်ခဲ့တဲ့ လူတစ်ယောက်နဲ့
ချစ်နေခဲ့သိတုန်းက
နင်ပစ်ပယ်ခဲ့တဲ့ ငါ
အဝေးကပဲ ကြည့်နေခဲ့တယ်။

မပြောဖြစ်ခဲ့တဲ့ စကားတွေရှေ့က
ပြောဖြစ်ခဲ့တာလေးတစ်ခုက
“တချိန်ချိန်ထိ ငါစောင့်နေမှာပါ”။

သံယောဇဉ်က အသွားအပြန်ရှိတယ်ဆို
ဘာလို့ ငါ့ဆီအပြန်မရှိတာလဲ။
ကြားဖူးတာက ရေစက်ဆိုတာက
ရေတွက်လို့ မရတဲ့တွေ့ဆုံမှုဆိုရင်
အခုငါတို့ ရေစက်ကုန်ပြီလား။

အပြစ်မဲ့တဲ့အပြုံးနဲ့
လှပလွန်းတဲ့ မျက်စောင်းတွေ
ငါမရခဲ့ပေမယ့်
ခိုးယူသုံးဆွဲ မိသွားပါတယ်။

နင်မေ့နေမှာ သေချာပေမယ့်
ငါမှတ်မိနေတာ တစ်ခုက
ငါ နင့်ကို “ချစ်” နေတာပါ။

ပေးဆပ်ခြင်းတွေရဲ့ နောက်ကွယ်မှာ
ရယူခြင်းတစ်ခုရှိသတဲ့…
ငါပေးဆပ်ခဲ့တဲ့ အချစ်ရဲ့
ရယူခြင်းက လျစ်လျူရှုခြင်းများလား…။

နင် တတ်နေတဲ့ သင်တန်းတွေလို
ငါတို့ ရင်းနှီုးမှုမှာ အဆင့်တွေရှိရင်
သူငယ်ချင်းဆိုတာက
ငါမကျော်နိုင်သေးတဲ့ အဆင့်တစ်ခုလား…။

ဒါမှမဟုတ် ငါတို့ တက္ကသိုလ်တုန်းကလို
စာမေးပွဲတွေလိုမျိုးဆိုရင်တော့
ချစ်သူဆိုတာက
အခုထိ ငါမအောင်သေးတဲ့
စာမေးပွဲတစ်ခု ဖြစ်နေဦးမှာပါဟာ……….။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free