နှစ်ထပ်ကွမ်း ဒုက္ခသည်များ


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ အကွာမှာရှိတဲ့ အုန်းဖျန် မြန်မာဒုက္ခသည်စခန်းမှာ ဒီနေ့ ၁၂ နာရီကျော်ကစပြီး အမှတ် ၉ ရပ်ကွက်က ရပ်ကွက်မှူး ဦးအီဆာ အိမ်ကနေ မီးစလောင်ခဲ့တဲ့အတွက် ရပ်ကွက်အမှတ် ၉-၈-၇-၆- ၁၀ ရပ်ကွက်တွေကို မီးကူးစက်သွားတဲ့အတွက် အိမ်ခြေ ၁,၀၀၀ ခန့် ပြာကျသွားပြီး ဒုက္ခသည် ၄,၀၀၀ လောက် မီးဘေးသင့်ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားရပါတယ်။

အဲဒီထပ်ဆင့်ဒုက္ခသည် ၄,၀၀၀ ကို UNHCR အပါအ၀င် ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေက လိုအပ်တဲ့ ဆေးဝါးရိက္ခာ၊ အ၀တ်အထည်နဲ့ ယာယီတဲတွေပေးဖို့ စီစဉ်နေပေမယ့် အခုချိန်ထိ ရောက်မလာသေးတဲ့အတွက် ဒီညမှာတော့ နီးစပ်ရာ အစ္စလာမ်ဗလီနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဖြစ်သလိုပဲ နေကြရမှာ ဖြစ်ပါတယ်။

အုန်းဖျန်စခန်းမှာ ရပ်ကွက် ၁၆ ခုရှိပြီး လက်ရှိ မြန်မာဒုက္ခသည် ၂၄,၀၀၀ နေထိုင်လျက်ရှိပါတယ်။ ၁၂ နာရီမှာ လောင်တဲ့ မီးဟာ မွန်းလွဲ ၃ နာရီမှာ ငြိမ်းသွားပြီး ထိုင်းမီးသတ်ကား ၅ စီး ကတော့ မွန်းလွှဲ ၂ နာရီကျော်မှာ ရောက်ရှိလာခဲ့ပါတယ်။ အသေအပျောက်ရှိတယ်လို့ ပြောနေကြပေမယ့် စခန်းတာဝန်ရှိသူတွေကတော့ အတည်ပြုချက်မပေးသေးပါဘူး။

ဒေါက်တာလွဏ်းဆွေ ဘလော့မှ ဖြစ်သည်။ ဓာတ်ပုံသတင်းထောက် မြနှယ်စိမ်းစိမ်းပါတဲ့။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free