ဒီနေ့ USDP ကံမကောင်းပါလား

သိကြတဲ့အတိုင်း ကြားဖြစ်ရွေးကောက်ပွဲကြီးက စတော့ပါမယ်။ လွတ်လပ်မည် တရားမျှတမည် ဂုဏ်သိခ္ခာရှိမည်ဟု ပြောနေတဲ့ လွှတ်တော် ဥက္ကဋ္ဌကြီးကတော့ ကိုယ့်သေတွင်း ကိုယ်တူးတော့မည်လား။ တွေးစရာတွေက များလာသည်။ တလောတုန်းက NLD ရဲ့ အခက်အခဲတွေကို ကျွန်တော်ရေးဖူးသည်။ ဒီတစ်ခေါက်ကတော့ USDP အခက်အခဲလေးတွေ ရေးချင်စိတ်ပေါက်လာ၍ ချရေးလိုက်မိသည်။ အားလုံးသိကြပါတယ် USDP က ကြိုတင်မဲ လိမ်မဲတွေနဲ့ နိုင်သွားတယ်ဆိုတာ။ သို့သော် ရန်ကုန်တွင် အများအပြားလိမ်မရ။ မဲမပေးသူတွေများလို့ သူတို့လိမ်နိုင်ခဲ့သည်။ အခုတစ်ခေါက်လိမ်နိုင်ဦးပါ့မလား။ ဒါတောင် အရှက်တကွဲရှုံးတဲ့ မဲဆန္ဒနယ် အများအပြားရှိခဲ့သည်။ ဦးအောင်သိန်းလင်းကြီးလဲ မဲမနိုင်နိုင်အောင် အမျိုးမျိုးလုပ်ခဲ့၍ အစိုးရသစ်တွင် ပါဝင်ခွင့် မရအောင် ဘေးထိုင်ဘဝအထိဖြစ်ခဲ့သည်။ ကုလားချီးထုတ်လဲ ပျော်ပျော်ကြီးရလိုက်တာလဲ ခင်ဗျားတို့ ကျွန်တော်အသိပဲ မဟုတ်လား။ နောက် ရွေးကောက်ပွဲမှာ USDP အားသာခဲ့တာက နာမည်ကြီး ကိုယ်စားလှယ်လောင်းတွေ ပါခဲ့တာပါ။ တခြားပါတီတွေမှက နာမည်ကြီးတွေ နည်းပါးခဲ့သည်။ ဦးသုဝေ ဦးသိန်းညွန့် ဒေါ်သန်းသန်းနု စသည်လောက်သာ ထင်ထင်ရှားရှားပါခဲ့သည်။ နားမလည်နိုင်ခဲ့တာက ဦးခင်မောင်ဆွေတို့ NDF မှာ နာမည်ကြီးတချို့ ပါနေသည့်တိုင် ဝင်မပြိုင်ကြခြင်းပါ။ အဲ့ဒီ့အချိန်တုန်းက လက်ရှိတာဝန် ထမ်းဆောင်နေဆဲ အရာအရှိအကြီးကဲတွေကို နာမည်ဂုဏ်သတင်းက မယှဉ်နိုင်ခဲ့တာပါ။ USDP က အစစအရာရာမှာ သာခဲ့ပြီး ထီပေါက်မဲ နံပတ်ကြိုသိလို့ ရွေးထိုးရတဲ့ လူတွေ ဖြစ်ခဲ့သည်။ ဒီတစ်ခေါက်တွင် USDP ရွေးကောက်ပွဲလမ်းက ဆူးခင်းလမ်းဆိုတာထက်ပိုကြမ်းသည်။ ကုလားမီးနင်းပွဲက မီးခဲတွေပါ ဆူးခင်းလမ်းကို ထည့်ထားပြီး ဆားထပ်ဖြူးထားသလို ဖြစ်နေသည်။ နာမည်ကြီး အရာရှိကြီးများလဲ ကုန်သွားခဲ့ပြီ။ အဆိပ်မဲ့ ရေမြွေဆိုသူများသာ ကျန်တော့သည်။ ပါတီဝင်များထဲက စီးပွားရေးသမားကြီးတွေကလဲ ကုန်ပြီ။ လက်ရှိ စာရင်းအရဆိုလျှင် နေပြည်တော်က ဝင်ပြိုင်မည့် ဦးသာဋ္ဌေးလောက်သာ နာမည်ကြီးပါသည်။ ဒါတောင် ဦးသာဋ္ဌေးက Original Group က ဥက္ကဋ္ဌဟုတ်မဟုတ် မသေချာသေး။ နောက်တစ်ခုက ပြင်ဆင်ချိန်ပါ။ အခုကြားဖြတ်ရွေးကောက်ပွဲတွင် ပြင်ဆင်ချိန်က လုံလုံလောက်လောက် တူတူရခဲ့သည်။ ပါတီတိုင်း သေချာပြင်ဆင်နေကြသည်။ လူထုကလဲ နပ်သွားပြီဖြစ်သည်။ မိမိ ဘယ်သူ့ကို ပေးရမလဲ သေချာရွှေးကြမည်။ USDP က ပြီးခဲ့သော ရွေးကောက်ပွဲတွင် ကျားနဲ့ သမင် လယ်ပြင်တွေ တွေ့ကျ ခြင်းသာဖြစ်ခဲ့သော်လည်း ယခုတစ်ခေါက်တွင် ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြပြီဖြစ်သည်။ NLD ပါဝင်လာခြင်းက USDP သာမက အခြားပါတီလေးများအတွက်တော့ သေမင်းနဲ့ မခြားဖြစ်ရသည်သာ။ USDPက NLD နဲ့ အဓိက ယှဉ်ပြိုင်ရမည်ဆိုသော်လည်း ပြီးခဲ့သော ရွေးကောက်ပွဲတွင် နင်းချေခဲ့သော ပါတီများက မထင်မှတ်တာတွေ ပြန်လုပ်ပြမည်ကို မျှော်လင့်ရသေးသည်။ မဲဆန္ဒနယ်တွေထပ်တာလဲ ပါတီများက သေချာစီစဉ်ထားသည်ဆိုတော့ မဲပြန့်ခြင်း နဲသွားသည့်အတွက် USDP ကတော့ ဖြေဆေးရှာရခက်နေပြီ ဖြစ်သည်။ NLD ပြိုင်ပွဲအတွင်းဝင်လာရူံမျှ မက နာမည်ကြီးနိုင်ငံရေးသမား အများအပြား NLD ကဝင်ပြိုင်ကြမည် ဖြစ်သဖြင့် USDP က ခေါင်းငြိမ့်နိုင်ငံရေး သမားများကတော့ အခုကတည်းက ရှုံးစကားခေါ်နေပြီဖြစ်သည်။ သမိုင်းတွင်ရုံမျှသာဟု ဆိုထားသည့် ကော့မှုးမြို့က USDP ကိုယ်စားလှယ် ဒေါက်တာလဲ အရှုံးကို ရင်ဝယ်ကြိုပိုက်ထားသလို များလား။ အန်တီစု အားကြိုးမာန်တက် တရားဟောနေချိန်တွက် USDP တို့ ဇောချွေးပြန်နေကြသည်။ ၈၈မျိုးဆက်များသာ ထပ်ဝင်ပြိုင်ခဲ့မည်ဆိုလျှင် USDP ကတော့ လိပ်ဖြစ်ရင်တောင် ခေါင်းပြူဝံ့တော့မယ် မထင်။ ၈၈မျိုးဆက်များ ရွေးကောက်ပွဲ မဝင်ခြင်းက သူတို့ကို အနည်းငယ် သက်သာရာ ရစေသည်။ အားကိုးရာဟူ၍ ကြိုတင်မဲလေးများသာ ကျန်တော့သည်။ လူတိုင်းသာ မဲထည့်မည်ဆိုလျှင် ကြိုတင်မဲများမှာ အမှိုက်သာဖြစ်သွားမည်။ နိုင်ငံတကာကို လေ့လာခွင့်ပေးနိုင်ကောင်းပေးနိုင်သည် ဟု စကားခေါ်ထား ပုံထောက်လျှင် သူတို့အရှုံးကိုများ ကမ္ဘာလှည့် ကြော်ငြာမလား မသိ။ ထိုကဲ့သို့သာ လေ့လာခွင့်ပေးခဲ့လျှင် မည်သည့်နည်းနဲ့များ မဲလိမ်ဦးမလဲ စောင့်ကြည့်ချင်သေးသည်။ နေပြည်တော်မဲ ဆန္ဒနယ်များတွင် နိုင်ဖို့ ကျိန်းသေနေသည်ဆိုသော်လည်း မထင်မှတ်ထားတာတွေ များဖြစ်ခဲ့ရင်။ ဥပမာ- ဇေယျာသော်သည် နာမည်အသင့်အတင့်ရှိသူဖြစ်သလို လူငယ်အများအပြားလဲ သိကြပြီး NLD တံဆိပ်ပါနေရာ USDP ကို ကျော်ဖြတ်သွားနိုင်သည်ဆိုပါတော့။ USDP အတွက်တော့ ရင်လေးစရာဖြစ်သည်။ ပြည်နယ်များတွင်လည်း ဒေသခံပါတီများကို ရင်ဆိုင်ရ ခက်ခဲသည်ဆိုတာ ရခိုင် ရှမ်း စသည်တို့တွင် ပြီးခဲ့သော ရွေးကောက်ပွဲက တရားပြခဲ့ပြီးဖြစ်ရာ USDP ကတော့ တစ်ပူပေါ် တစ်ပူထပ်ဆင့်ပြန်ပြီ။ ယခုတစ်ကြိမ် မဲထပ်လိမ်မည်ဆိုပါက USDP တို့ ရှက်တက်ရင် လဲသေဖို့သာကောင်းတော့သည်။ အကယ်၍ အမှန်တစ်ကယ် တရားမျှတပြီး လွတ်လပ်သည့် ကြာဖြတ်ရွေးကောက်ပွဲကြီး ဖြစ်မြောက်ခဲ့သည်ဆိုပါက ထိုနေ့တွင် USDP ကိုယ်စားလှယ် အမတ်လောင်းများပြောရမည့် စကားက တစ်ခွန်းတည်းသာ ကျန်တော့သည်။ “ဒီနေ့ ကံမကောင်းပါလား”
ကျွန်တော့် အမြင်သီးသန့်သာဖြစ်သည်။ ဖြစ်လာမည် မဖြစ်လာဘူး အာမမခံထားပါ။
အမြင်တူသူများ၊ အမြင်မတူသူများ အားလုံး ဝင်ရောက်ဆွေးနွေးဖို့ လေးစားစွာဖြင့် ဖိတ်ခေါ်လိုက်ရပါသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free