ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မဲဆန္ဒနယ်တွင် တိုင်းဝန်ကြီးချုပ်နှင့် သမ၀ါယမ ဒု -၀န်ကြီး ဦးသန်းထွန်း တို့ကိုယ်တိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဖက်မှ အာဏာသုံးပြီး ပါဝင် မဲဆွယ်နေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်ဒီ ပုသိမ် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က ပြောသည်။
“ သူတို့က ဘာလုပ်သလဲ ဆိုတော့ ဟောပြောပွဲ နေရာကို ဘာသာရေး အဆောက်အဦး ဓမ္မာရုံ တွေကို သုံးတယ်။ တအိမ် တယောက် မလာမနေရ ခေါ်တယ်။ အဲဒီလို မြို့နယ်၊ ခရိုင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဆင့်ဆင့်ကို သုံးပြီးတော့ အာဏာနဲ့ လူတွေ စုတာကိုက  ရွေးကောက်ပွဲ ဥပဒေကို ချိုးဖေါက် တာပဲလေ”ဟု ဦးဝင်းမြင့်က ပြောသည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မဲအောင်နိုင်ရေး ကိုယ်စားလှယ် တွေကို ပုံစံအမျိုးမျိုးနဲ့ ဆဲရေး တိုင်းထွာသလို ကွမ်းတံတွေး များနှင့်လည်း  ထွေးသည့် ဖြစ်ရပ်များလည်း ရှိသည်ဟု ပြောသည်။ NLD စည်းရုံးရေးမှူး များကို ရိုက်နှက် မောင်းထုတ်ခြင်း၊ ထိုးကြိတ်ခြင်း၊ လူစုလူဝေးနှင့် လာပြီး လစ်ရင်လစ်သလို အဖွဲ့ချုပ် စည်းရုံးရေးမှူး များကို အနှောင့်အယှက် အမျိုးမျိုး ပေးနေခဲ့ကြောင်း ဦးဝင်းမြင့်က ပြောသည်။
Daw_Su_Patheinဒေါ်အောင်ဆန်းစုကြည်အား ပုသိမ်စည်းရုံးရေး ခရီးစဉ်၌ တွေ့ရပုံ (ဓါတ်ပုံ - အင်တာနက်)
”အခုဖြစ်နေတာက ကြံ့ခိုင်ရေး ပါတီရော မြို့နယ်ရပ်ကွက်က အဆင့်ဆင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး (ရပ်၊ ကျေး) တွေရော အားလုံးဘဲ အမျိုးမျိုးကို နှောင့်ယှက်နေတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေက မနေ့က ဆိုရင် မဲဆွယ် စည်းရုံးတဲ့  ဖျော်ဖြေရေး ကားက အယ်အန်ဒီ ပါတီက လူတွေကို မင်းတို့ ပါတီက ဘာပါတီ ညာပါတီပေါ့ဗျာ။ အဲဒီလိုလိုက်ပြီး ဆဲဆို ကြတယ်လေ။ အများကြီးပဲ”ဟု ပုသိမ် ဒေသခံ တဦးက ပြောသည်။
အခြားတဖက် တွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံသော လုပ်ငန်းရှင် စီးပွားရေး သမားများကို ကြံ့ခိုင်ရေး ပါတီကို အားမပေး မပူးပေါင်းပါက ကျန်သည့် ကြံ့ဖွံ့ အစိုးရ သက်တမ်း (၄)နှစ် အတွင်းတွင် ဒုက္ခပေးမည် ဆိုသည့် အကြောင်း ခြိမ်းခြောက် ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။
pathein_studen_Daw_suပုသိမ်တက္ကသိုလ်မှ ကျောင်းသူ/သားများက ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်ဆိုင်းနေစဉ် (ဓါတ်ပုံ - အင်တာနက်)
အလားတူ ကြံ့ခိုင်ရေး ပါတီမှ ပုသိမ် ဒေသခံများကို ငွေကြေးများ ထုတ်ချေးပြီး မဲဆွယ် စည်းရုံးနေကြောင်း သိရသည်။ ကြံ့ခိုင်ရေး ပါတီ၏ စည်းရုံး ဟောပြောပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံး ဟောပြောပွဲတွင် တက်ရောက်သော လူဦးရေ ထက်ဝက်ခန့်သာ တက်ရောက် ခဲ့သည်ဟု ဒေသခံ များက ပြောသည်။
ပုသိမ်မြို့နယ်တွင် လစ်လပ်နေသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းမြင့်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုမှ ဦးတင်ဝင်းနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ဦးအောင်တင်မြင့်တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

http://www.phophtaw.org မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

One Response to this post

  1. Unknown on March 27, 2012 at 1:51 PM

    ရှက်စရာပဲနော် သူတို့ မို့ မရှက်တယ်

Leave a comment

Join Free