မြန်မာနိုင်ငံအတွင်းသာမက တစ်ကမ္ဘာလုံးနေရာအနှံ့အပြားတွင် အကောင်သေးပြီးနုနယ်၍ သစ် ကဲ့သို့သောအရာဝတ္ထုအမာတွေ ကို စားတတ်တဲ့ “ခြ”ဆိုတဲ့ သတ္တ၀ါ လေးတွေကို လူတိုင်းသိပြီး သား ဖြစ်မှာပါ။ သူတို့တွေစားသုံးလိုက် တဲ့ အရာဝတ္ထုတော်တော်များများ အသုံးပြုလို့မရအောင်ဖြစ်သွား တတ်ကြပါတယ်။ ဆိုလိုရင်းက မူရင်းပုံသဏ္ဍာန်ပျက်စီးသွားတာပါ၊ လူမှာဆိုရင်တော့ အမူအကျင့် ကောင်းတွေပျက်စီးသွားတာကို ဆိုရမှာပါ။ ဒါကြောင့်မို့ဘဲ““အကျင့် ပျက်ခြစား””လို့လူတွေပြောနေကြ တာပါ။
အရေးကြီးတဲ့ပစ္စည်းဖြစ်ဖြစ် အရေးမကြီးတဲ့ပစ္စည်းဖြစ်ဖြစ်ခြမ စားအောင်လုပ်ဆောင်ရမှာကျ နော်တို့အားလုံးတာဝန်ပါ။ ဘာဖြစ် လို့လဲဆိုတော့ အရာအားလုံးက သူ့နေရာနှင့် သူအသုံးဝင်နေလို့ပါ။ အိတ်တစ်အိမ်မှာ ဒိုင်း၊ မြှား၊ ထုတ်၊ ယောက်၊ တန်း၊ ဆင့်၊ ယက်မ၊ တိုင်စတဲ့ ပါဝင်တဲ့အရာအားလုံး သူ့တာဝန်သူယူပြီး အိမ်တစ်ခုလုံး ခိုင်မာတောင့်တင်းတည်တန့်နေ အောင် တာဝန်တွေကိုယူထားကြ တယ်။ ဘယ်အရာမှခြစားမခံရ အောင်ထိန်းသိမ်းစောင့်ရှောက်ရမှာ တစ်အိမ်သားလုံးရဲ့တာဝန်ဘဲ။ ခြစားတယ်ဆိုတဲ့ အရာကိုတွေ့ တာနဲ့ အမြန်ဆုံးဖြတ်တောက်ဖြုတ်  ထုတ်ပြီးကောင်းတဲ့အရာနှင့် လဲ လှယ်အစားထိုးရမှာပါ။ ဘာကြောင့် လဲဆိုတော့ ကျနော်တို့နေထိုင်တဲ့ အိမ်ကြီးပြိုလဲပျက်စီးမခံနိုင်လို့ပါ ပဲ။
ရှေးခေတ်အိမ်ဆောက်တဲ့ လက်သမားကြီးတွေက အဓိက ကျတဲ့အိမ်တိုင်အောက်ခြေတွေကို ခြစားမခံရအောင်ရေနံချေးထူထူ သုတ်ပြီးမှ ဆောက်ကြတာ များပါ တယ်။ ခြစားမခံရအောင်ကာကွယ်  ကြပါတယ်။ ယခုခေတ်အိမ်ဆောက် တဲ့နေရာမှာ တိုင်အောက်ခြေကို လည်းရေနံချေးမသုတ်တော့ဘူး။ နှစ်မကြာခင်မှာဘဲ “ခြ”တွေက အုတ်ဖိနပ်မှ တစ်ဆင့် အပေါ်ထပ်  ထိကိုတက်ပြီး စားတော့တာဘဲ၊ ကျနော်တို့ဒီလိုခြစားမှုကိုဘယ်လို ကာကွယ်ရမလဲဆိုတဲ့ နည်းလမ်း အသစ်တွေ ဆောင်ရွက်ချက်တွေ ပြုလုပ်ဖို့လိုနေပါပြီ။
တချို့ခြစားနေတာကို သိသိ ကြီးနှင့် အရေးမယူမဆောင်ရွက်ဘဲ လစ်လျူရှုထားတော့ တောင်ဘို့ ကြီးတွေဖြစ်လာရတယ်။ တောင်ဘို့ ကြီးတွေဖြစ်လာမှဘဲ ဟိုလူက မဖျက်ရဲဒီလူကမဖျက်ရဲနဲ့ ဖယောင်း တိုင်ထွန်းအမွှေးတိုင်ထွန်းရေမွှေးနံ့ သာဖြန်းပြီး ပူဇော်နေရတဲ့လူတွေ ကို ယခုလက်ရှိတွေ့နေရတယ်။ တစ်ခြားနိုင်ငံကလူတွေဘယ်လိုလုပ် သလဲ မသိပေမဲ့မြန်မာနိုင်ငံမှာတော့  ခြတောင်ဘို့ကို ပူဇော်တဲ့လူတွေ အမှန်တကယ်ရှိနေတယ်။
မိမိစီးပွားပျက်မှာစိုးလို့ မိမိ ကိုယ်ကိုပြန်ထိခိုက်မှာစိုးလို့ ကိုယ့် မိသားစုကိုထိခိုက်မှာစိုးလို့ဆိုတဲ့ အသိတွေနှင့် ခြတောင်ဘို့တွေကို မဖျက်ဆီးကြတာပါ။ ဒီဖြစ်ရပ်တွေ  ရဲ့ အကြောင်းအရင်းခံကတော့ ကျနော်တို့အားလုံးခြစားနေတာ ကို မြင်မြင်ခြင်း ချက်ချင်းမတား ဆီးနိုင်လို့ဖြစ်နေရကြောင်းပါ။ အနာဂတ်မြန်မာနိုင်ငံသားအားလုံး တောင်ဘို့တွေကို ပူဇော်နေရတဲ့ သူများမဖြစ်စေချင်ပါ။

Hot News မှ တေမိ၏ ဆောင်းပါးကို ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free