သင်တန်းနှစ်အလိုက် နိုင်ငံတကာအဆင့်မီ အင်္ဂလိပ်စာသင်ရိုးညွှန်းတမ်းများနှင့် သင်ရိုးမာတိကာများကို ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်များ၏ အင်္ဂလိပ်စာဘာသာရပ် သင်ကြားရေးအဖွဲ့များက ရေးသားပြုစုလျက်ရှိကြောင်း ပြည်သူ့လွှတ်တော် အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပရာမှ သိရသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦး၏ မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်စာစွမ်းရည် မြင့်မားတိုးတက်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ အင်္ဂလိပ်စာကို မိခင်ဘာသာအဖြစ် အသုံးပြုနေသည့် ဆရာများဖြင့် ပညာရေးကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံခြားပညာသင်ဌာနများမှ ကမ်းလှမ်းလာသည့် အင်္ဂလိပ်စာကျွမ်းကျင်မှု ပညာသင်ဆုဆိုင်ရာ သင်တန်းများသို့ ဆရာ၊ ဆရာမများအား စေလွှတ်တက်ရောက်နိုင်ရေး လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဘွဲ့လွန်ဒီပလိုမာ မဟာဘွဲ့၊ ပါရဂူဘွဲ့ ဝင်ခွင့်စာမေးပွဲများတွင် အင်္ဂလိပ်စာကျွမ်းကျင်မှုကို ထည့်သွင်းစစ်ဆေး၍ အောင်မြင်သူများကိုသာ ဝင်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သချာင်္စွမ်းရည်ပြိုင်ပွဲများကို ၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှစ၍ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free