မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်ရမည့် ၂၀၁၄ ခုနှစ်တွင်အာဆီယံထိပ်သီးအစည်းအဝေး နှင့်ဆက်စပ်အစည်းအဝေးပေါင်း ၁,၀၀၀ ကျော်ကို လက်ခံကျင်းပပေးရမည်ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးဦးတင်နိုင်သိန်းကပြောကြားသည်။ အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပချိန်တွင် အာဆီယံ၁၀ နိုင်ငံသာမက အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အစည်းအဝေးများ၊ အရှေ့အာရှနိုင်ငံခေါင်းဆောင်များနှင့် အစည်းအဝေးများ၊ တစ်ဆက်တည်းကျင်းပရန်ရှိသည့် အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် EU,WTO,ADB အကြီးအကဲများပါ တက်ရောက်မည်ဖြစ်ကြောင်း မတ်လ ၅ ရက်တွင်ပြုလုပ်သောပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့သည်။ ထိုကဲ့သို့သော အစည်းအဝေးများအပြင် လာမည့် ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက်ပါ ရည်ရွယ်၍ မော်တော်ယာဉ် ၁၇၂ စီး ဝယ်ယူရန် လျာထားရခြင်းဖြစ်ကြောင်း ဦးတင်နိုင်သိန်းကရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် “ဖေဖော်ဝါရီ ၂၅ ၊ ၂၆ ရက် ASEAN LEM Retreat အစည်းအဝေး နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။ လောလောဆယ်တွင်လည်း ပြည်ထောင်စုအဆင့် ဝန်ကြီးများအဖွဲ့အစည်းများအတွက် သတ်မှတ်ယာဉ်များ လုံလောက်မှုမရှိသည့် အတွက် အခြားယာဉ်အမျိုးအစားများ ထုတ်ပေးထားရကြောင်း ယင်း၏ ဆွေးနွေးပြောကြားချက်များအရ သိရှိရပါသည်။
  
ခေတ်လူငယ်မှ ကူးယူသည်
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free