၂၀၁၂-၂၀၁၃ ခုနှစ်မှ စတင်ကာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၏ စိုက်ပျိုးစရိတ် ချေးငွေ အတိုးနှုန်းအား ၈ဒသမ ၅ ရာခိုင်နှုန်းသို့ လျော့ချ သတ်မှတ်ပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စုံစမ်းသိရှိရသည်။
 စိုက်ပျိုးစရိတ်ချေးငွေများအား အတိုးနှုန်း ၁၇ ရာခိုင်နှုန်းဖြင့် သတ် မှတ်ကောက်ခံခဲ့ရာမှ ၂၀၁၁ ခုနှစ် စက် တင်ဘာလ ၁ ရက်နေ့တွင် အတိုး နှုန်း ၁၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၁၂ ခုနှစ်ဇန်န၀ါရီလ ၁ ရက်နေ့ တွင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းသို့ လည်းကောင်း လျော့ချသတ်မှတ်ပေးခဲ့ပြီး အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ သတ်မှတ်မှုမှာ လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။ 
''အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းက ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းချေးတဲ့ ချေးငွေတွေအားလုံးပေါ်မှာ အကျုံးဝင်မှာဖြစ်ပါတယ်''ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူက ဆိုသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ စတင်ကာ မိုးစပါးတစ်ဧကလျှင်ကျပ် ၂၀၀၀၀ နှုန်း၊ နှစ်ကြိမ်ခွဲ ထုတ်ချေးပေးခဲ့ပြီး နွေစပါးစိုက်ရာသီတွင် တစ်ဧက ကျပ် ၄၀၀၀၀ အား တစ်လုံးတစ်ခဲ ထုတ်ချေးခဲ့ကာ လာမည့် နှစ်မိုးစပါး စိုက်ရာသီတွင် တစ်ဧက ကျပ် ၄၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဟု သိရသည်။

weekly eleven မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free