တရားမ၀င် သစ်ခုတ်ယူမှုနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်က နောက်ဆုံး ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုအရ ကမ္ဘာတစ်ဝန်းတွင် နှစ်စက္ကန့်တိုင်း ဘောလုံးကွင်းတစ်ကွင်းစာ သစ်တောများ ခုတ်ယူခံနေရကြောင်း ဖော်ပြခဲ့ပြီး ယင်းပြဿနာမှာ ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့နေကြောင်း သတိပေးခဲ့သည်။ ယင်းအစီရင်ခံစာအရ နှစ်စဉ်နှစ်တိုင်း သစ်ခုတ်ယူမှု၏ ၉၀ ရာခိုင်နှုန်းအထိမှာ တရားမ၀င် ခုတ်ယူမှုဖြစ်ကြောင်း ဖော်ပြခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀ ဘီလျံမှ ၁၅ ဘီလျံအထိ တန်ဖိုးရှိသည်ဟု သိရသည်။ သစ်ခုတ်ယူမှုအများစုကို စနစ်တကျ ဂိုဏ်းဖွဲ့ကျူးလွန်သော အဖွဲ့များက ပြုလုပ်နေခြင်းဖြစ်ပြီး တရားမ၀င် ရရှိသော အကျိုးအမြတ်များကို အစိုးရတာဝန်ရှိသူ အဆင့်ဆင့်ကို လာဘ်ပေးရာတွင် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။ အပြန်အလှန်အားဖြင့် တရားမ၀င် သစ်ခုတ်မှုများကို အစိုးရတာဝန်ရှိသူများက မသိချင်ယောင် ဆောင်နေခဲ့ကြကြောင်း အစီရင်ခံစာက ဆိုသည်။ ရာဇ၀တ်ဂိုဏ်းများက ခေတ်မီ နည်းပညာများသုံးပြီး တရားမ၀င် သစ်ခုတ်နေခြင်းကို တားဆီးနိုင်ရန်အတွက် ယင်းဂိုဏ်းများနောက်ကွယ်က အဓိက ကြိုးကိုင်သူများကို ဥပဒေကြောင်းအရ ပြင်းပြင်းထန်ထန် အရေးယူနိုင်ရန် လိုအပ်နေသည်ဟု ယင်းအစီရင်ခံစာတွင် တိုက်တွန်းခဲ့ပြီး လာဘ်ပေးလာဘ်ယူ အကြီးအကျယ်ပြုလုပ်ထားသော အစိုးရအဆင့်မြင့် အရာရှိများက ယင်းရာဇ၀တ်ဂိုဏ်းများကို ကာကွယ်ပေးနိုင်စွမ်း ရှိနေကြောင်း ထောက်ပြခဲ့သည်။ (အင်တာနက်)

ခေတ်လူငယ် ဘလော့မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free