သတိလစ်သွားသူတစ်ယောက်ကို သယ်လာစဉ်
ဖျာပုံမြို့၊ ၇ ရပ်ကွက် နီလာလမ်း အမှတ် ၄၆ နေ ကိုရဲထွန်း အသက် ၂၆ နှစ်ရှိသူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖေဖော်ဝါရီ ၁၇ ရက်ဖျာပုံခရီးစဉ်တွင် မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးပြီး ယင်းနေ့မှာပင် ဖျာပုံပြည့်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်သွားပုံမှာ ကိုရဲထွန်းသည် အမျီုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံခရီးစဉ်တွင် ဓာတ်ပုံလိုက်လံရိုက်ကူးခဲ့ပြီး အိမ်ပြန်အရောက်တွင် ရင်ဘတ်အောင့်သည်ဟုဆိုကာ ဖျာပုံပြည်သူ့ဆေးရုံသို့ တင်ပို့လိုက်ရသည်။ ကိုရဲထွန်းမှာ ယင်းဆေးရုံ၌ ထိုနေ့ညနေ ၆ နာရီခွဲအချိန်တွင် ကွယ်လွန်သွားကြောင်းသိရသည်။

ကျွန်တော် အကြံပေးချင်တာလေး တစ်ခုရှိပါတယ်။ အန်တီစုကို အားပေးတဲ့ နေရာမှာ စုပြုံတိုးနေမယ့် အစား စနစ်တကျနဲ့ စီစီရီရီလေးဆိုရင် အတိုးအဝှေ့သက်သာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါဆိုရင် မူးလဲတာမျိုးတို့ လူနင်းခံရတာမျိုးတို့ သက်သာသွားမယ်ထင်တယ်။


Source- Myanamar Express
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free