အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားပြုမှုနှင့် မလျော်မကန်ပြုလုပ်မှုများနှင့် ပတ်သက်၍ အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း မိမိတို့အစိုးရလက်ထက်၌ ကျူးလွန်မှုနှင့်အညီ အရေးယူ အပြစ်ပေးမှုများ ဆောင်ရွက်နေပါကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။ “ခေတ်စနစ်နဲ့အတူ ပေါက်ဖွားလာခဲ့တဲ့ အကျင့်ပျက်ခြစားမှုတွေဟာ မိဘပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေရုံသာမကဘဲ နိုင်ငံတည်ဆောက်ရေးအတွက်လည်း အတားအဆီး အနှောင့်အယှက်များဖြစ်နေပါတယ် ဒီဆူးညှောင့်တွေ ဖယ်ရှားနိုင်မှ လျှောက်လှမ်းရတဲ့ လမ်းခရီး ချောမွေ့မှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ အရပ်သားအစိုးရအဖြစ် ကူးပြောင်းပြီးနောက် ပထမဆုံး နိုင်ငံတော်သမ္မတဖြစ်လာသည့် ဦးသိန်းစိန်သည် အဂတိလိုက်စားမှု ကင်းရှင်းသည့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှုဟူသော စကားကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံး ထုတ်ဖော်ပြောဆိုခဲ့သည်။ “မိမိပြောခဲ့ပြီးတဲ့အတိုင်း စေတနာအမှားဆိုရင် နားလည်လက်ခံပေးပါ။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်မှုတွေကိုတော့ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်ပါတယ်။ လက်ရှိမှာလည်း ကျူးလွန်ပေါ်ပေါက်မှုအတိုင်း ဥပဒေအရ ထိထိရောက်ရောက် အရေးယူလျက်ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ ယခုလ ၂၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်း၌ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် တက်ရောက်လာသော တာဝန်ရှိသူများ၊ ပါတီကိုယ်စားလှယ်လောင်းများနှင့် ပြည်သူများအား ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

One Response to this post

  1. Anonymous on March 29, 2012 at 1:31 PM

    အဲဒီ ပြောင်ကြီးကိုလဲ သိပ်မယုံကြနဲ့နာ်
    နောက်မှ နောင်တရကြမယ်
    တစ်ကြိတ်ထဲတညဏ်ထဲနော်

Leave a comment

Join Free