ဗုဒ္ဓဘာသာသည် စော်ကားရန်မဟုတ်

2158 NBC_SNL_Rude_Buddha

အစဉ်အလာကြီးမားစွာ၊ သိက္ခာကြီးမားစွာ ရပ်တည်တဲ့ ဗုဒ္ဓဘာသာကို အမေရိကန် ရုပ်သံလိုင်းနဲ့တွေ့မှ ဟာသ ဖြစ်ကုန်ပါတော့တယ်။ အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ရိုင်းပျသော ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ယမန်နေ့က ထုတ်လွှင့်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပျသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့ပါတယ်။

ဦးစွာပထမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ဗုဒ္ဓပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံသိမြင်သော သဗ္ဗညုတဉာဏ်ကို ရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား လမ်းညွှန်ပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော်လည်း ဗုဒ္ဓအနေဖြင့် လူအများမသိသော၊ အနီးကပ်တပည့်များသာသိသော အချက်များရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယို သည် ရိုင်းပျသော ဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့ပါတယ်။

ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့ပါတယ်။

ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂ္ဂိုလ်က "ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေး နဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။" ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာ ပင် "သင်နှစ်ခြိုက်သော ပန်းတစ်ပွင့်သည် ကြွေကျမြေခမည် ဖြစ်သကဲ့သို့၊ သင်မနှစ်မြို့သော ပေါင်းပင်မှာလည်း ပေါက်​ရောက်ရှင် သန်မည်သာဖြစ်သည်။" ဟု ဖြေကြားခဲ့ပါတယ်။

2158 NBC_SNL_Rude_Buddha1
အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြီး "ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။" ဟု ထပ်လောင်းမေးမြန်းရာ Samberg က "မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။" ဟု ပြန်လည်​ဖြေကြား ခဲ့ပါတယ်။

ပုဂ္ဂိုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ "ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။" ဟု နောက်ပြောင်ပြောဆိုခဲ့ပုံကို တင်ဆက်ပြသသွားပါတယ်။

ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး "ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။" ဟု ဆိုခဲ့ရာ Samberg က "တရားရဖို့ နည်းလမ်းတစ်ခုထဲသာ ရှိတာမဟုတ်ပါဘူး။ ရေခွက်တစ်ခုကို ရေတစ်​ပေါက်​ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။" လို့ ပြောကြားသွားခဲ့ပါတယ်။

ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ "ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက်လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုးကြိုက်တတ်ပါတယ်။ ဟားဟားဟား။" လို့ ရိုင်းပျစွာ ဆိုသွားခဲ့ပါတယ်။

အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားဟောပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေဘဲ အမျိုးသမီးအား "ရှိတာပေါ့ သမီးငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက်ကို ပြန်လာခဲ့လေ။ အတူတူ တရား အားထုတ်တာပေါ့။" လို့ ပြော ဆိုခဲ့ပါတယ်။

ထို့နောက် Lindsay Lohan က "ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။" ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် "ငါ​ရောက်​မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ်ထင်တယ်။" ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့ပါတယ်။

Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ "သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာက​တော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်း​တွေတောင် ကြားရမှာကွ။ ဟားဟားဟား။" ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့ပါတယ်။

အမေရိကန် နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံကြီး ဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့် ဝေဖန်ခွင့်တွေနဲ့ လွတ်လပ်စွာ တင်ဆက်ခွင့်တွေ ရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အခုလည်း အတုမရှိတဲ့ ဗုဒ္ဓမြတ်စွာဘုရားကို လွတ်လွတ်လပ်လပ် ဒီမိုကရေစီ ကျကျပဲ ဟာသလုပ်ကာ လှောင်ပြောင် ရိုင်းပြ သွားပါတယ်။

ဗုဒ္ဓဘုရားရှင်ကိုလှောင်ပြောင်ရိုင်းစိုင်းတဲ့ အမေရိကန်နိုင်ငံကို မြန်မာအစိုးရ အတိုက်အခံအားလုံးက လေးစားအားကျပြီး အတင်ကြီးကြတဲ့အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း NBC အပါအဝင် အခြား အမေရိကန် ရုပ်သံလိုင်းများနဲ့ အဆက်အသွယ်ရှိသူဖြစ်ပါတယ်။
အခုလို အမေရိကန် ရုပ်သံရဲ့ ဗုဒ္ဓကို လှောင်ပြောင်စော်ကားတဲ့ ဟာသ ပေါ်လာတာဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန် မြန်မာနိုင်ငံသို့ လာရောက်ကာ ရွှေညဝါ ဘုန်းကြီးနဲ့ တွေ့အပြီး ၂ လ အကြာမှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အားတိုင်း ဆန္ဒပြမှုတွေ၊ တောင်းဆိုမှုတွေလုပ်တတတ်တဲ့ အမေရိကန်ရောက် ဗုဒ္ဓဘာသာ မြန်မာတွေကလည်း တောင်းဆိုမှုတွေ ကန့်ကွက်မှုတွေ လုံးဝ မရှိသေးသလို ၊ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘာမှမဝေဖန်ပဲ မသိချင်ဟန်ဆောင်နေပါတယ်။


Myanmar Express မှ ကူးယူဖော်ပြသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

2 Responses to this post

  1. Anonymous on March 11, 2012 at 7:48 AM

    မဖြစ်သင့်ပါဘူးခင်ဗျာ။ဘယ်လိုမှကိုမဖြစ်သင့်ပါဘူး။သူတို့ဘာသာဒီမိုကရေစီမကလို့ဘာနိုင်ငံပဲဖြစ်ဖြစ်ကျွန်တော်တို့ဘာသာတရားကိုစော်ကားတာကိုဘာလို့ငြိမ်ခံနေကြမှာလဲ။မကိုးကွယ်ချင်ရင်နေပါမစော်ကားပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်။သူတို့လည်းသူတို့ကြိုက်တာသူတို့ကိုးကွယ်။ကိုယ်တွေလည်းကိုကြိုက်တာကိုယ်ယုံကြည်တဲ့ဘာသာကိုယ်ကိုးကွယ်တာပဲ။ဘာလို့သူများဘာသာကိုပုတ်ခတ်စော်ကားတာလဲ။ဒီကောင်တွေကိုသူတို့ဘာသာတရားကိုစော်ကားရင်ရောကြိုက်ပါ့မလား။အဲဒီကောင်တွေကိုအဲဒီအတွက်တရားဝင်တောင်းပန်းခိုင်းနိုင်အောင်ကြိုးစားကြမယ်နော်။

  2. Anonymous on April 19, 2012 at 4:47 AM

    please against that ,,they know not to do so but used to do like that always,,in the movie the day after tomorrow,,do they give their father's name to a pet.

Leave a comment

Join Free