မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ မလေးရှားနိုင်ငံရှိ လိုင်စင်ရငွေလွှဲလုပ်ငန်း Q.Remit SND BHD မှတစ်ဆင့် မြန်မာနိုင်ငံရှိ ဧရာဝတီဘဏ်သို့ တရားဝင် ငွေလွှဲနိုင်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ်မှ MDဦးသန်းဇော်က ၁၄-၃-၂၀၁၂ရက်တွင် ပြောကြားသည်။ လတ်တလောအနေဖြင့် ငွေလွှဲခြင်းလုပ်ငန်းကို ကွာလာလမ်ပူမြို့နှင့် Melakaမြို့တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာအများစု နေထိုင်သော နေရာများသို့ တိုးချဲ့ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း ယင်းပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။ ထို့ပြင် ငွေဈေးနှုန်းကို မလေးရှားဘဏ် ငွေဈေးနှုန်းကို မလေးရှားဘဏ် ငွေဈေးနှုန်းကို မလေးရှားဘဏ် ငွေဈေးနှုန်းကို မလေးရှားဘဏ် ငွေဈေးနှုန်းကို မလေးရှားဘဏ် MayBank၏ ရင်းဂစ်နှင့် ဒေါ်လာတရားဝင် ပေါက်ဈေးကို စံယူမှာဖြစ်ပြီး မြန်မာငွေဈေးကို မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ်ခြောက်ခု၏ တရားဝင်ဒေါ်လာ သတ်မှတ်ဈေး (သိမ်ဖြူဈေး)နှုန်းကို စံပြုသတ်မှတ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ငွေလွှဲရာတွင်လည်း ၀န်ဆောင်ခအဖြစ် ရင်းဂစ် ၁၂၀၀ အထိကို ၁၂ ရင်းဂစ်၊ ရင်းဂစ်၃၀၀၀ အထိကို ၁၅ ရင်းဂစ် ကျသင့်မည်ဖြစ်ပြီး အခြားနယ်မြို့များမှ ဘဏ်ကို ငွေလွှဲရာတွင် အချိန်ကာလအတိုင်းအတာ တစ်ခုအထိ ငွေလွှဲခယူဆောင်ခြင်း မပြုလုပ်သေးဟု သိရသည်။ ထို့အပြင် ငွေလွှဲရာတွင် ယနေ့လွှဲပို့က နောက်တစ်နေ့တွင် ထုတ်ယူနိုင်ပြီး လက်ရှိတွင် မြန်မာနိုင်ငံရှိမြို့ပေါင်း ၄၃မြို့နယ်မှ ဘဏ်ခွဲပေါင်း ၁၁၀သို့ ငွေလွှဲပို့နိုင်မည် ဟုသိရသည်။ ငွေလွှဲပို့ရာတွင်လည်း တရားဝင်အလုပ်လုပ်ခွင့် ရရှိထားသူများသာ ငွေလွှဲပို့နိုင်ခြင်းဖြစ်ပြီး ပရိုမိုးရှင်းအစီအစဉ်အဖြစ် ပထမဦးဆုံးငွေလွှဲပို့ သူ၁၀၀ဦးကို ၀န်ဆောင်ခမယူဟုလည်း သိရသည်။ ထို့အပြင် ငွေလွှဲသူ၏ လိုအပ်ချက်များအနေဖြင့် အမည်၊ ပတ်စပို့နံပါတ်၊ အလုပ်လုပ်ခွင့်ပါမစ်၊ ပတ်စပို့သက်တမ်းကုန်မည့်နေ့၊ ဆက်သွယ်ရန်လိပ်စာနှင့် ငွေလွှဲလက်ခံမည့်သူ၏ လိုအပ်ချက်များကို တစ်ပါတည်းဖြည့်စွက်ပေးရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

စွယ်စုံမီဒီယာမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free