နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် မတ်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့သော (၄၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ယူရို ၅၂၇ သန်းနီးပါး ရောင်းချခဲ့ရကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။ “ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ နှစ်လယ် ကျောက်မျက်ပြပွဲတုန်းကလောက်ပဲ ရောင်းရတယ်။ တရုတ်နိုင်ငံမှာ ကျောက်စိမ်း ဈေးကွက်အေးလို့ သိပ်မရောင်းရဘူး။ ပြသခဲ့တာနဲ့စာရင် သိပ်မရောင်းရဘူး” ဟု မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။ အဆိုပါပြပွဲတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်စိမ်းအတွဲပေါင်း ၁၆၄၅၂ တွဲ၊ ဈေးပြိုင်စနစ်ဖြင့် ၂၄၅ တွဲ၊ စုစုပေါင်း ကျောက်စိမ်းအတွဲပေါင်း ၁၆၆၉၇ တွဲ ပြသခဲ့ပြီး အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ကျောက်စိမ်းအတွဲပေါင်း ၉၆၆၃ တွဲ၊ ဈေးပြိုင်စနစ်ဖြင့် ၉၉ တွဲ ရောင်းချခဲ့ရကြောင်း၊ ကျောက်မျက်အတွဲ ပေါင်း ၂၂၇ တွဲကို ဈေးပြိုင်စနစ်ဖြင့် ၄၉ တွဲ၊ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ၁၇၈ တွဲ၊ ပုလဲအတွဲပေါင်း ၃၆၇ တွဲတွင် ဈေးပြိုင်စနစ်ဖြင့် ၃၆ တွဲ၊ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ၃၃၁ တွဲပြသခဲ့ကြောင်း သိရသည်။ ပြပွဲသို့ ပြည်ပကျောက်မျက်ရတနာ ကုမ္ပဏီ ၄၃၂ ခု၊ ပြည်တွင်း ကျောက်မျက်ရတနာ ကုမ္ပဏီ ၉၆၄ ခုတို့မှ ပြသခဲ့ကြပြီး ပြည်တွင်း၊ ပြည်ပ ကျောက်မျက်ရတနာကုန်သည် ငါးထောင်နီးပါး လာရောက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free