နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသော လုပ်သက်မြင့် ဝန်ထမ်းများကို နေရာချထားပေးခဲ့သည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ မြေကွက်များအား အထူးစိုက်ပျိုးရေးဇုန် ဖော်ထုတ်ရန်ဟူသော အကြောင်းပြချက်ဖြင့် သိမ်းယူနေမှုကို ပြန်လည်သုံးသပ်ရန် ပြည်ထောင်စုအစိုးရ အကြီးအကဲသို့ တိုက်တွန်းသွားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။ မတ်လ ၁၃ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး ၁၃ ရက်မြောက်နေ့၌ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “နိုင်ငံ့ဝန်ထမ်းများအား ခွင့်ပြုချထားပေးပြီးသော မြေကွက်များနှင့် ပတ်သက်၍ မြေကွက်များ ပြန်လည်ရရှိရန်၊ အစားထိုးပေးရန် ဆောင်ရွက်ခြင်းရှိ၊ မရှိ မေးခွန်းကို ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးဝင်းထွန်းက ပြောကြားပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဦးခိုင်မောင်ရည်၏ မေးမြန်းချက်ပါ အကြောင်းအရာများသည် ဝန်ကြီးဌာနတစ်ခုတည်းက ဆောင်ရွက်၍ ရနိုင်သည့် ကိစ္စမဟုတ်သည့်အတွက် ပြန်လည်သုံးသပ်ရန် ပြည်ထောင်စုအစိုးရ အကြီးအကဲသို့ တိုက်တွန်းသွားမည်ဖြစ်ပြီး ပြည့်ပြည့်စုံစုံ ရှင်းရှင်းလင်းလင်း အမြန်ဆုံး ရေးသားတင်ပြပေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကိုပါ ပြောကြားခဲ့သည်။ သိမ်းယူထားသော မြေကွက်များအား ပြန်လည်သိမ်းယူရာတွင် ကာလပေါက်ဈေးအတိုင်း ပြန်လည်ပေးလျော်ခြင်းမရှိဘဲ ၁၉၉၆ ခုနှစ်က ပေးသွင်းခဲ့သော နှုန်းထားအတိုင်း ကျပ်တစ်သောင်းငါးထောင်ခန့်သာ လျော်ကြေးပေးအပ်ခဲ့ခြင်းကြောင့် မြေကွက်ချထားပေးခြင်း ခံခဲ့ရသော ဝန်ထမ်းများမှာ ပြည်ထောင်စုအစိုးရအပေါ် မကျေနပ်မှုများ မြင့်တက်နေကြောင်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ လာရောက်စုံစမ်းသူ ဝန်ထမ်းများထံမှ သိရှိရကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။


ခေတ်လူငယ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free