အမှိုက်ဖွသူများ


မောင်နိုးကြားက ခြေထောက်တွေ သိပ်မကောင်းတော့ မြို့ထဲကိုသွားသွား လာလာမလုပ်နိုင်တော့သူများ။ တောင် ဥက္ကလာ သင်္ဃန်းကျွန်းတစ်ဝိုက်မှာပဲသွား လာလှုပ်ရှားမှုလေး ပြုနိုင်ပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့အပြင်ထွက် ရမှာခပ်လန့်လန့်ရယ်။ ဆိုင်ကယ်ရှောင် ရ၊ ကားရှောင်ရနဲ့ ဒုက္ခများလှသဗျာ။
ဆိုင်ကယ်တွေကလဲ များမှများ၊ပြီး တော့ စီးလိုက်ကြတာ ခပ်ပြင်းပြင်း၊တိုက် သွားလို့ကလည်း ဘယ်လိုလုပ်တိုင်ရမှာ လဲ။ အမှတ်မပါ။ နံပါတ်မပါ။ တစ်နေ့ ကတောင်ဥက္ကလာတစ်နေရာမှာ မိန်းမ ကြီးတစ်ဦးကို ဆိုင်ကယ်ကပွတ်တိုက် သွားလို့ချော်လဲသွားတာတွေ့ရတယ်။ အ တိုက်ခံရသူက ဘာမှမပြောခင်၊ဆိုင်ကယ် သမားလူငယ်က “ခင်ဗျားဆိုင်ကယ်လာ နေတာ မမြင်ဘူးလားတဲ့” ဗျာ။ သူကပဲ ကြိမ်းမောင်းသွားတာ မောင်နိုးကြားမြင် လိုက်တွေ့လိုက်ရပါတယ်။ သည်တော့ မြို့နယ်လမ်းတိုလမ်းကျဉ်းလေးတွေမှာ လျှောက်ရတာလဲမလွယ်ပါလားဗျာ။
လူအတော်များများက အိမ်ရှေ့က စည်ပင်မြေအထိ သစ်ပင်စိုက်၊ခြံခတ်လုပ် တတ်ကြတယ်ဗျာ။ သည်ထက်ဆိုးတာက တောင်ဥက္ကလာပမြေယာကောင်းတွေကို ငွေရှိသူ အတော်များများက ကြိုက်ဈေး ပေးဝယ်ကြတယ်ဗျာ။ ပြီးတော့လေးငါး ခြောက်လွှာတိုက်ကြီးတွေ ဆောက်ကြ မယ်ပေါ့။ တောင်ဥက္ကလာပ တစ်နေရာ ၁၂ ရပ်ကွက်ထိပ်မှာတော့ ပေ ၄၀x၆၀ တောင်လွတ်မြေကြီးကို ငွေရှင်တစ်ဦးက ကျပ်သိန်း ၄၅၀၀ နဲ့ဝယ်သဗျ။ သူ့ခြံစည်း ရိုးအပြင်မှာလဲ ပန်းအိုးတွေချပြီးစည်ပင် မြေအထိ ကျူးကျော်လိုက်သဗျ။ ပြီးတော့ စည်ပင်မြေပေါ်မှာပဲ သူရဲ့အဖိုးတန်ကား ကြီးထားဖို့ ရွက်ထည်ရုံဆောက်လိုက်သ ဗျ။
ဒီတော့ခရီးသွားကျောင်းသူ၊ကျောင်း သားတွေဟာ ကားလမ်းမပေါ်ကသွားနေ ကြရတယ်။ စည်ပင်မြေ (ပလက်ဖောင်း) ဘေးက မသွားရတော့၊ ယာဉ်အန္တရာယ် ရှိတယ်ဗျာ။ ငွေရှိတဲ့လူကစည်ပင်မြေကို ကျူးကျော်ခွင့်ရှိသလား။ ခေါင်းရွက်ဗျက် ထိုးဈေးသည်ကလေးတွေကိုတော့လမ်း ဘေးဈေးရောင်းတာ နှင်ထုတ်ရက်သ လားလို့မေးခွန်းထုတ်ရမှာဖြစ်သဗျာ။
တကယ်တမ်းဆိုရင် စည်ပင်သာ ယာရေးအဖွဲ့က ချမှတ်ထားတဲ့ဥပဒေ ဟာတိကျကောင်းမွန်ပါတယ်။ သို့သော် တာဝန်ရှိသူအောက်ခြေ၀န်ထမ်းတွေက အလွဲသုံးစားပြုသလို ဖြစ်နေတယ်ဗျာ။
ဂျာနယ်တွေမှာ အမှိုက်စွန့်ပစ်မှု စည်းကမ်းမရှိလို့ကျန်းမာရေးထိခိုက်ရ တယ်ဆိုတဲ့အတွက် ဖတ်နေရပါတယ်။ စည်းကမ်းမရှိတဲ့သူတွေရှိတယ်ဆိုတာလည်း မှန်ပါတယ်။
ဒီတော့စည်းကမ်းရှိအောင်လုပ်ပေး ရမယ့် တာဝန်က စည်ပင်မှာရှိပါတယ်။ မြို့တော်စည်ပင်ကနေပြီး ချမှတ်ထားတဲ့ စည်းကမ်း ဥပဒေကလည်း မှန်ကန်ပါ တယ်။ ဈေးဆိုင်ရှိလျှင် အမှိုက်ကန်ရှိမည် တဲ့။ တကျပြတ်သားတဲ့ ကြွေးကြော်သံတို့ တောင် ခေါ်နိုင်ပါတယ်ခင်ဗျား။
ဈေးဆိုင်ကလေးများကတော့ လိုက် နာကြရပါတယ်။ ဈေးဆိုင်များမှာပလတ် စတစ်အမှိုက်ပုံကလေးများတွေ့ရပါတယ်။ သို့သော် လူအများစုဝေးရာ ဈေးတစ်ခု မှာတော့ အမှိုက်ကပုံစရာနေရာ(၀ါ)၊ အ မှိုက်ကန်ဆိုတာ မရှိတာ၊ အံ့ဖွယ်သုတ ပါပဲဗျာ။ တောင်ဥက္ကလာပ ထန်းသုံးပင် ဆိုတဲ့ ဈေးကလေးမှာ ဟိုတုန်းကအမှိုက်  ပုံစရာနေရာသတ်မှတ်တာရှိပါတယ်။ အ မှိုက်ကားတွေလာပြီး အမှိုက်သိမ်းခဲ့ဖူးပါ တယ်။ အဲဒီနောက်မနီးမဝေးလမ်းမပေါ် မှာ အမှိုက်ကန်လုပ်ပေးရပါတယ်။အဲဒီအ မှိုက်ကန်ကို ခြံပိုင်ရှင်တစ်ဦးက သူ့အိမ် ရှေ့နဲ့နီးတာ သဘောမကျဘူး။ စည်ပင်ကို ဘယ်ပုံဘယ်နည်းနဲ့ လုပ်လိုက်သလဲမသိ ပါ။ အဲဒီအမှိုက်ကန်ဖျက်သိမ်းလိုက်တာ တွေ့ရပါတယ်။
ဈေးရှိပြီး၊ အမှိုက်ကန်မရှိတာ၊ စည် ပင်စည်းကမ်းဥပဒေနဲ့ မညီညွတ်ပါ။ဈေး သွားဈေးလာတွေက ဈေးအနီးဝန်းကျင်  မှာ အမှိုက်တွေပစ်ချင်သလိုပစ်နေကြပါ တယ်။
အဲဒါဘယ်သူမှာ တာဝန်ရှိသလဲ။ တာဝန်ကိုကျေပွန်အောင် မလုပ်သူများ ဟာဒီနေ့ဒီမိုကရေစီနိုင်ငံအဖြစ်လျောက် လှမ်းနေတဲ့အခါမှာ  ကပျက်ယပျက် ရာရောက်နေပါတယ်။ အောက်ခြေမှာမ ပြောင်းလဲပါလို့ပြောနေကြ၊ ရေးနေကြ တာဟာဒီလိုတာဝန်မကျေသောဝန်ထမ်း တွေကြောင့်ပဲလို့ မောင်နိုးကြားကောက် ချက်ချရင် လွန်အံ့မထင်လို့ပဲဆိုပါရစေ ဗျာ။
ဈေးရှိပြီးတော့ အမှိုက်ပစ်စရာအ မှိုက်ပုံစရာ နေရာမရှိခြင်းဟာ များစွာ အ ရုပ်ဆိုးလှသဗျာ။ မြို့တော်စည်ပင်ကော် မတီရဲ့ မျက်နှာလိုအိုးမည်းသုတ်သလိုပါ ပဲလို့ ဆိုလိုက်ပါရစေတော့။

မောင်နိုးကြား၏ Hot News မှ ဆောင်းပါးဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free