e4494
‘Miss Tourism 2012’ ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နေကြသော ဆန်ခါတင် (၁၉) ဦး
မြန်မာ့ခရီးသွား အလှမယ်အဖြစ် ကိုယ်စားပြု ရွေးချယ်ခဲ့သည့် ‘Miss Tourism 2012’ ပြိုင်ပွဲကို မတ်လ ၄ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့ပြီး အကဲဖြတ်ဒိုင်လူကြီးများ အဖြစ် သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်၊ ဒါရိုက်တာ အကယ်ဒမီ စင်ရော်မောင်မောင်၊ သရုပ်ဆောင် ခိုင်သင်းကြည်၊ ဓာတ်ပုံ အေးဇော်မိုးစသူတို့က ပါဝင်ဆောင်ရွက် ပေးခဲ့ကြသည်။
ထို့နောက် ဆန်ခါတင်ပြိုင်ပွဲဝင် ၁၉ ဦးတို့၏ ပထမအကျော့ ယှဉ်ပြိုင်မှုကို တင်ဆက်ရာ ပုဂံခေတ်ပုံစံကို လက်ရှိခေတ်ပုံစံဖြင့် ထင်ဟပ်ဖန်တီးထားသည့် တူညီဝတ်စုံများဖြင့် ယှဉ်ပြိုင်စေခဲ့သည်။ ပထမအကျော့ယှဉ်ပြိုင်မှုအပြီးတွင် ပြိုင်ပွဲဝင်များ၏ ပုဂံခရီးစဉ်မှတ်တမ်း ဗီဒီယိုခွေအား ဖွင့်ပြပေးခဲ့သည်။ ထို့နောက်ဖျော်ဖြေမှု အစီအစဉ်အဖြစ် မြန်မာ့အိုးစည် ပညာရှင် ၀င်းစန္ဒာလွင်နှင့် ဂစ်တာနိုင်ဇော်တို့၏ အပြိုင်တီးခတ် ဖျော်ဖြေမှုဖြင့် တင်ဆက်ပြီးနောက် ခေမီကိုအက အဖွဲ့က ကပြ တင်ဆက်ခဲ့သည်။ ဒုတိယပိုင်း ယှဉ်ပြိုင်မှုအဖြစ် ပြိုင်ပွဲဝင်တစ်ဦးချင်းစီ၏ ဒီဇိုင်နာများ ဖန်တီးပေးသည့် စိတ်ကြိုက်ဝတ်စုံများဖြင့် ယှဉ်ပြိုင်စေခဲ့ရာ ကုန်း ဘောင်ခေတ်၊ ပုဂံခေတ် ၀တ်စားဆင်ယင်မှု ဖက်ရှင်မှအစပြု၍ ယနေ့ခေတ် ညနေခင်း အနောက်တိုင်း ၀တ်စုံဖန်တီးမှုအထိ အသွင်သဏ္ဌာန်မျိုးစုံဖြင့် ယှဉ်ပြိုင်စေခဲ့သည်။ ထို့နောက် နိုင်ငံတကာ ဖက်ရှင်ရှိုး အစီအစဉ်အဖြစ် Talents& Models  အေဂျင်စီမှ မော်ဒယ်လ်များက ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုစသည့် အိမ်နီးချင်းနိုင်ငံများ၏ ဖက်ရှင်ပုံရိပ်များဖြင့် ၀တ်ဆင်ပြသပေးခဲ့ကြသည်။
ပြိုင်ပွဲဝင်များထဲမှ ဆန်ခါတင် စာရင်းများကို ရွေးထုတ်ကြေညာ၍ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် အခြေခံ ဗဟုသုတ မေးခွန်းများအား မေးမြန်းပေးခဲ့သည်။ ထို့နောက် ဆုရရှိသူများကိုကြေညာရာ မြန်မာ့ခရီးသွားအလှမယ် ‘Miss Tourism 2012’ ကို ခါးနံပါတ် ၂ မိုးသင်္ချေက ရရှိခဲ့ပြီး ဆုငွေ၁၅သိန်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။ 1st runner up ဆုကို ခါးနံပါတ် ၈ ပိုးအိဖြူဇင်က ရရှိခဲ့ပြီး ဆုငွေ ၁၀ သိန်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ 2nd runner up ဆုကို ခါးနံပါတ် ၁၆ အမီးလေး (ခ) သီရိလတ် က ရရှိသွားပြီး ဆုငွေငါးသိန်းနှင့် လက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့သည်။
e4494a
e4494b
 
Eleven Media မှ ကူးယူဖော်ပြထားသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free