ကိုဇေယာသော်၏ မတ်လ ၂ ရက်နေ့ နံနက် ၁၀ခန့် ရန်ကုန်တော်ဝင်နှင်းဆီ ခန်းမမှာ ပြုလုပ်ခဲ့သော စာနယ်ဇင်း ရှင်းလင်းပွဲမှ ဓာတ်ပုံများဖြစ်သည်။ ကိုဇေယာသော်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ပြီး ပြည်ထောင်စုကြံခိုင်ရေးမှ ဦးသာဋ္ဌေးနဲ့ ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အကြိတ်အနယ်ရှိလာနိုင်သော မဲဆန္ဒနယ်တစ်ခုဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခါနီးတွင် NLD မှ နာမည်ကြီး ကိုယ်စားလှယ်လောင်းများမှာ တိတ်ဆိတ်နေပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သာ မဲဆွယ်ရေး ခရီးစဉ် အဆက်မပြတ်ထွက်နေစဉ် ကိုဇေယာသော်မှာ ထူးခြားစွာ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာဗီဂျေမှ ဓာတ်ပုံများကို ကူးယူထားပါတယ်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free