1. မိတ္ထီလာ ဧပြီ ၁(4:35 PM)
    မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ရှိ မဲရုံ လေးရုံတွင် မဲရေတွက်မှု ပြီးစီးပြီ ဖြစ်ရာ ယင်းမဲရုံလေးရုံတွင် ကြံ့ခိုင်ရေးပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိနေကြောင်း ယင်းမဲဆန္ဒနယ်တွင် ရောက်ရှိနေသည့် The Voice သတင်းထောက်က သတင်းပေးပို့သည်။
    အဆိုပါ မဲရုံလေးရုံမှာ မိတ္ထီလာ တပ်မ ၉၉ ဆက်သွယ်ရေးတပ် ၁ ဆယ်ကုန်းကျေးရွာ မဲရုံ ၃နှင့် မဲရုံ ၄ တို့ ဖြစ်ကြပြီး မိတ္ထီလာ တပ်မ ၉၉ တွင် ကြံ့ခိုင်ရေးပါတီက ၄၇၂ မဲ၊ NLD ပါတီက ၇၅ မဲ၊ ဒေါ်မြင့်မြင့်အေး (တစ်သီးပုဂ္ဂလ)က ၁၂ မဲ၊ ဦးဝင်းဇော် အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်က သုံးမဲ၊ ဆက်သွယ်ရေးတပ် ၁ တွင် ကြံ့ခိုင်ရေးက ၃၂၀ ၊NLD ၂၄ မဲ၊ ဒေါ်မြင့်မြင့်အေး ၄ မဲနှင့် ဦးဝင်းဇော် နှစ်မဲ၊ ဆယ်ကုန်းကျေးရွာ ၃ နှင် ၄ တွင် ကြံ့ခိုင်ရေးပါတီက ၂၁၉ မဲနှင့် ၃၀၀ မဲ၊ NLD ပါတီက ၉၇ မဲနှင့် ရှစ်မဲ၊ ဒေါ်မြင့်မြင့်အေးက ၂၅ မဲနှင့် နှစ်မဲ၊ ဦးဝင်းဇော်က ရှစ်မဲနှင့် တစ်မဲ အသီးသီးရရှိကြသည်။
    ထို့ကြောင့် ကြံ့ခိုင်ရေးပါတီက ၁၃၁၁ မဲ၊ NLD ပါတီက ၂၀၄ မဲ ၊ ဒေါ်မြင့်မြင့်အေးက ၄၃ မဲ၊ ဦးဝင်းဇော်က ၁၄ မဲ အသီးသီးရရှိကြရာ အဆိုပါ မဲရုံလေးရုံတွင် ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ The Voice Facebook မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free