မြန်မာနိုင်ငံသားများ၏ ဆရာဝန်ဖြစ်ချင်စိတ်ကို အကြောင်းပြု၍ ဒေသတွင်းနိုင်ငံအချို့မှ ဆေးတက္က သိုလ်အချို့က ပြည်တွင်းသို့လာရောက်ပြီး ဈေးကွက်ချဲ့ထွင်မှုများရှိ နေရာ ၎င်းတက္ကသိုလ်များ၏အဆင့် ရပ်တည်မှုနှင့် အောင်မြင်ပြီးပါက မြန်မာနိုင်ငံတွင် ဆမလျှောက်ထား၍ မရသောကြောင့် အခက်အခဲများ တွေ့လာနိုင်ကြောင်း  ဂရုပြုကြည့်ရှုပြီးမှ တက်ရောက်သင့်သည်ဟု ပညာရေး အတိုင်ပင်ခံအချို့က သုံးသပ် ပြောကြားသည်။
“တရုတ်က တက္ကသိုလ်အချို့ မြန်မာနိုင်ငံမှာ ဆေးပညာသင်ရိုး (Medical Courses) တွေလာပြီး Promotion လုပ်နေတာရှိတယ်။ မြန်မာကျောင်းသားတွေကလည်း ဒီမှာ အမှတ်မမီတော့ သွားတက်ကြတယ်။ အဲဒီတက္ကသိုလ်က ဘွဲ့ရပြီး ပြန်လာတော့ ဒီနိုင်ငံမှာ ဆမ လျှောက်လို့မရဘူး။ သာမန်ဘွဲ့လေးတစ်ခု လောက်ပဲ လိုချင်တာဆိုရင်တော့ အဆင်ပြေတယ်။ ဒီမှာပြန်လာပြီး ဆရာဝန်လုပ်ချင်တာဆိုရင်တော့ အဆင်မပြေဘူး”ဟု Crown Education ပညာရေးဝန်ဆောင်မှု အေဂျင်စီမှ ဦးအောင်ကျော်ဆန်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဆေးပညာ သင်ရိုးများ လာရောက်မိတ်ဆက်နေသော နိုင်ငံများတွင် တရုတ်၊ ရုရှားနှင့် ဒေသတွင်း နိုင်ငံအချို့ပါဝင်ပြီး မြန်မာနိုင်ငံတွင် ဆမ လက်မှတ် ရရှိနိုင်မှုနှင့်ပတ်သက်ပြီး အာမခံချက် မပေးနိုင်ကြောင်း သိရသည်။

နိုင်ငံခြားဆေးတက္ကသိုလ် သွားတက်တာက တက်လို့ရတယ်။ အဲဒီကရတဲ့ဘွဲ့ကို ဒီမှာအခုထိ အသိအမှတ်မပြုဘူး။ ဒီနိုင်ငံမှာ MBBS ဘွဲ့ရပြီးသား၊ ကိုယ်ပိုင် ပိုက်ဆံနဲ့ နိုင်ငံခြားမှာ ဘွဲ့လွန်သွားတက်တာတောင် ဒီက ဆမ လက်မှတ်ထဲမှာ အဲဒီဘွဲ့လွန်ကို ထည့်သွင်း အသိအမှတ်မပြုဘူး

“နိုင်ငံခြားမှာ ဆေးပညာသင်ယူတာမှာ မြန်မာနိုင်ငံမှာ ဆေးမှတ်မမီတဲ့သူတွေလည်း တက်လို့ရပါတယ်။ GCE O level နဲ့သွားလည်းရတယ်။ နိုင်ငံခြားတက္ကသိုလ်မှာ သွားတက်တဲ့သူတွေကတော့ ဒီကိုပြန်လာပြီး အလုပ်လုပ်တာ ရှားပါတယ်”ဟု Smart Resources ပညာရေးဝန်ဆောင်မှု အတိုင်ပင်ခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံခြားတက္ကသိုလ်မှ ရရှိသောဘွဲ့များနှင့် မြန်မာနိုင်ငံတွင် ပြန်လည် အလုပ်လုပ်ကိုင်ရန်မှာ မိမိနိုင်ငံ ၏ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ရန်လိုပြီး တရားဝင် အသိအမှတ်ပြုမှုရှိရန် လိုအပ်သည်ဟု ပညာရေး အသိုင်းအ၀ိုင်းမှ သုံးသပ်သည်။
“နိုင်ငံခြားဆေးတက္ကသိုလ် သွားတက်တာက တက်လို့ရတယ်။ အဲဒီကရတဲ့ဘွဲ့ကို ဒီမှာအခုထိ အသိအမှတ်မပြုဘူး။ ဒီနိုင်ငံမှာ MBBS ဘွဲ့ရပြီးသား၊ ကိုယ်ပိုင် ပိုက်ဆံနဲ့ နိုင်ငံခြားမှာ ဘွဲ့လွန်သွားတက်တာတောင် ဒီက ဆမ လက်မှတ်ထဲမှာ အဲဒီဘွဲ့လွန်ကို ထည့်သွင်း အသိအမှတ်မပြုဘူး ။ နောင်မှာ အသိအမှတ် ပြုမပြုကတော့ ဆေးကောင်စီနဲ့ဆိုင်တယ်”ဟု Myanmar Medical Association မှ ပူးတွဲ အမှုဆောင် ဒါရိုက်တာ ဒေါက်တာမြင့်ဇော်က ပြောသည်။

Eleven Media မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free