အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ လွှတ်တော်ကိုယ်စားလှယ် ထက်ဝက်ပါတီမှ နုတ်ထွက်သွားပြီဖြစ်သောကြောင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) ပြန်လည်ဖွဲ့စည်းသွားရမည်ဟု ၄င်းပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
ယခု ကျင်းပပြီးစီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် NDFပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာသန်းဝင်း၊ ဦးခင်မောင်ဝင်းနှင့် လွှတ်တော် သုံးရပ်မှ NDF ကိုယ်စားလှယ် ငါးဦးသည် ဆန္ဒအလျောက် နုတ်ထွက်စာ တင်သွားခဲ့ပြီး ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်ကို ပါတီမှထုတ်ပယ်ခဲ့သည်။ ယခင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ကိုယ်စားလှယ် ၁၆ ဦးမှ ၈ ဦးသာ ကျန်ရှိတော့သည်။
”အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးပြီး စနစ်တကျ ပြန်တည်ဆောက်ရမှာပါ။ ဘယ်သူက ဘယ်ပါတီကမှလို့ မှတ်နေဖို့အချိန် မဟုတ်တော့ပါဘူး။ လွှတ်တော်ထဲ ရောက်နေတဲ့အချိန် ကိုယ့်မဲဆန္ဒနယ်က ပြည်သူနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကိုပဲ ကြည့်သင့်ပါပြီ။ နိုင်ငံတော်သမ္မတ ကိုယ်တိုင်က ပါတီစွဲ ပုဂ္ဂိုလ်စွဲ ကင်းဖို့   ပြောနေတာပဲ” ဟု ၄င်းကထပ်လောင်း ပြောသည်။
NDFပါတီမှ နုတ်ထွက်သွားသည့် လွှတ်တော်ကိုယ်စားလှယ် အများစုသည် ယခု ကြားဖြတ်တွင် အနိုင်ရရှိခဲ့သော အင်အားကြီးပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုလွှတ်တာ် ကိုယ်စားလှယ်တို့ မည်သည့်အတွက်ကြောင့် ပြောင်းရွှေ့ရသည်ကို ယခင်မဲဆွယ်စဉ်ကာလက မဲထည့်ခဲ့သော ပြည်သူ အများစုအနေဖြင့် မသိရကြောင်း မြောက်ဥက္ကလာပမြို့နယ် ဝေဘာ ဂီ ၃ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
ယခု ကျင်းပပြီးစီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် NDF ပါတီသည် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သော်လည်း မည်သည့်မဲဆန္ဒနယ်တွင်မျှ အနိုင်မရခဲ့ပေ။

ပေါ်ပြူလာမြန်မာမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free