ရန်ကုန်မြို့ပြည်ထဲဝန်ကြီးရုံးဟောင်း(ယ္ခုပါတ်စ်ပို့စ်ရုံး) သတင်းတပ်ဖွဲ့ရုံးခန်းတွင် သတင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးဝင်းနိုင်ထွန်း ဦးဆောင်သောအဖွဲ့မှ ယနေ့နေ့လည်(၂)နာရီတွင် မီဒီယာများအားသတင်းစာရှင်းပွဲပြုလုပ်ခဲ့သည်။ ၂၀၀၃ခုနှစ် ဒီပဲရင်းလုပ်ကြံမှုအရေးအခင်းတွင် စစ်ထောက်လှမ်းရေးမှ ဦးခင်ညွှန့်အမိန့်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ခဲ့ရသည်ဟု ဘန်ကောက်စ်ပို့သတင်းစာသို့ပြောဆိုခဲ့မှုကို သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးဟောင်းတဦးက ဦးခင်ညွှန်သည် ဒီဲ့ရင်းအရေးအခင်းနှင့်ပါတ်သက်ပြီး မည်သည့်သတင်းဌာနများသို့ ပြောကြားခြင်းမရှိခဲ့ကြောင်းကို ဦးခင်ညွှန် လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပြီးချိန်တွင် မီဒီယာသို့ပြောကြားခဲ့သော" ကျတော်နိုင်ငံလုပ်ဖို့အစီအစဉ်မရှိပါဘူး" ဆိုသည့်စကားကိုကိုးကားပြောဆိုခဲ့ကြောင်းသတင်းရရှိသည်။ ဘန်ကောက်ပို့စ်ဆိုတာ သြဇာကြီးမားတဲ့မီဒီယာတခုဘဲဗျာ….. မပြောဘဲနဲ့တော့ ရေးမယ်မထင်ဘူးဗျ။ သတင်းမီဒီကျင့်ဝတ်အရလေဟု ပြည်တွင်းသတင်းထောက်က သူ့ရဲ့အမြင်ကိုပြောပြခဲ့သည်။ ဦးခင်ညွှန့် ဒီပဲရင်းအရေးအခင်းကို ထုတ်ပြောလိုက်တော့ နိုင်ငံရေးအသိုင်းရော၊ပြည်သူတွေကြားရော အတော်လေးကို အံ့သြသွားကြတာ၊ နောက်ရက်သိပ်မကွာဘဲ သာနာဘောင်ဝင်သွားတယ်ဗျာ….ဦးခင်ညွှန့်ပြန်အဖမ်းခံရမှာစိုးလို့ ပဇင်းတက်သွားပြီဆိုတဲ့စကားတွေ နေရာအနှံမှာပြောနေကြကြောင်းဆက်လက်ပြောပြပါသည်။ နိုင်ငံရေးအသိုင်းအဝန်းကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်တွေဟာ သင်ပုန်းချေရေးလမ်းစဉ်နဲ့ ဒီမိုကရေစီဖေါ်ဆောင်ရေးလမ်းကို သွားနေတဲ့အချိန် ဦးခင်ညွှန်ရဲ့ ယ္ခုလိုအစဖေါ်အတိတ်ကိုမီဒီယာကနေပြောလိုက်ခြင်းဟာ မြန်မာ့နိုင်ငံရေးအတွက်ကြီးမားတဲ့အနှောင့်အယှက်တခုဖြစ်နိုင်တယ်လို့ သုံးသပ်ကြကြောင်းသိရသည်။ ယ္ခုသတင်းစာရှင်းလင်းပွဲဟာ ထူးခြားမှုတခုဖြစ်တာကအမှန်ပါ။ ပြောခဲ့တဲ့ကာယကံရှင်က အများတွက်ဆကြသလို ပြောဆိုပြီးသာသနာ့ ဘောင်ဝင်ရောက်သွားပြီး သတင်းတပ်ဖွဲ့ကဗိုလ်မှူးဟောင်းတဦးကဦးခင်ညွှန့်ကိုယ်စား ဦးခင်ညွှန့်မပြောခဲ့ပါဘူးလို့ မီဒီယာကိုအသိပေးတဲ့ သမိုင်းတွင်သတင်းစာရှင်းပွဲတခုအဖြစ်တင်ပြလိုက်ရပါသည်။ သစ်ထူးလွင်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

One Response to this post

  1. Unknown on April 14, 2012 at 5:53 AM

    မဂ်လာပါ ။
    ဦးခင်ညွန့် ပြောခဲ့ပါတယ် ပြည်ဗမာနှင့် ဗိုလ်ချုပ်အကြောင်းတွေမှာပါပါတယ် ။
    နည်းလို့ပါလား နှိင်ငံတကာလူကြီးသူမတွေလည်းတက်ရောက်ကြတာပဲလေ
    စဉ်းစားကြည့်ကြပါလား ထိုးစစ်တွေရတ်ပေးပါ ရတ်ပေးပါတယ် သို့ပေမေ့
    မလွယ်ကူတာတွေကများပါတယ် လွယ်လွယ်ပြောလို့လည်းမရပါ ။
    မှားသွားရင်ပြန်ပျင်မရလို့ ကချင်ဒေသ ရွေးကောက်ပွဲရတ်နားခဲ့ရတယ်ဆိုတာ
    မှားသွားရင် လူကြီးတွေကစကားပြောလိုက်ရုံ လောလောဆယ်မှာကခံရ
    မှာ ။

Leave a comment

Join Free