ယနေ့နံနက်ပိုင်းက လှိုင်သာယာတွင် ရေကန်သန့်ရှင်းရေးလုပ်ရင်း သေနပ်ကျည်ဆံများတွေ့ရှိခဲ့သည်။

ယနေ့နံနက် ဆယ်နာရီခန့်က လှိုင်သာယာ၊ ၁ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ FMI အနီးရှိ အများပြည်သူသုံး စိမ်းမြကန်သာ သောက်ရေကန်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးဆောင်ကာ ရာအိမ်မှူး၊ဆယ်အိမ်မှူးများနှင်
့ ရပ်ကွက်ပြည်သူများက ကန်တွင်းရှိအမှိုက်သရိုက်များကို သန့်ရှင်းရေးလုပ်ရာတွင် ဆယ်အိမ်မှူးက ရေကန်ထဲဝယ် ကျည်ကပ် ၂၅ ကပ်နှင့် ကျည်တောင့်စုစုပေါင်း ၂၀၇ တောင့်ကို တွေ့ရှိခဲ့သည်။ ထိုကျည်များအားး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် လှိုင်သာယာရဲစခန်းမှ ရဲတပ်ဖွဲ့မှူးတို့ လာရောက်ကြည့်ရှုကြပြီး၊ လှိုင်သာယာရဲစခန်းဝယ် သိမ်းဆည်းခဲ့သည်။
 Popular Myanmar News Journalမှ ကူယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free