မစ်ကြီးနား မြို့ အကျဲကျေးရွာ တွင် ညမိုးချုပ် လက်နှိပ်ဓာတ်မီးကိုင်ဆောင်ပြီး အပြင်ထွက်သူများ
ကို စစ်တပ်က သေနတ်ဖြင့် ပစ်မည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်
စစ်တပ်က ယမန်နေ့က အမိန့်ထုတ်လိုက်သည်။

“ ညဘက် ကိုယ့်ကိုသူများက မတွေ့နိုင်တဲ့ လက်နှိပ်ဓာတ်မီးကို မကိုင်ဖို့
အခုအုပ်ချုပ်ရေးမှူးက ပြောထားတယ်။ ဖယောင်းတိုင်ဆိုရင် ကိုယ့်ကို သူများတွေ
မြင်နိုင်တယ်လေ လုံခြုံရေးအရ လက်နိုပ်ဓာတ်မီးကို မကိုင်ဖို့ ကိုင်ရင်
သေနတ်နဲ့ ပစ်မယ်လို့ ပြောထားတယ်” ဟု အကျဲကျေးရွာမှ ဘုန်းတော်ကြီးတစ်ပါးကပြောသည်။

အကျဲရွာ စစ်တပ်ဂိတ်

၂၆ ရက် ည ၉နာရီ ခွဲ ခန့်က အကျဲ ကချင်နှစ်ချင်း ဘုရာကျောင်းအတွင် ခလရ
၂၁ မှ အကျဲ ကျေးရွာ တွင် လုံခြုံရေး လာချထားသော စစ်သား တစ်ဦးက
ယင်းဘုရားကျောင်းတွင် လူငယ်များ ဘုရာသီချင်းလေ့ကျင့်နေချိန်တွင်
ဝင်ရောက်နာထောင်နေစဉ် ယင်းစစ်သားကိုင်ဆောင်လာသော သေနတ်မှ ကျည်ဆံ
မတော်တန်ဆ ထွက်သွားပြီး ဘုရာကျောင်း ကြမ်းပြင်ကိုထိမှန်ခဲ့သည်။

၂၇ ရက် မနက် ၂ နာရီ တွင်အကျဲရွာမှ မြန်မာစစ်တပ်နှင့် ကေအိုင်အို တို့ အကြား
တိုက်ခိုက်မူများဖြစ်ပွားခဲ့ ပြီးနောက် မနက်တွင် အကျဲစစ်တပ်
အနီး လက်ပစ်ဗုံးသုံးလုံး နှင့် ရှဒေါင် ကျေးရွာတွင်လက်ပစ်ဗုံးတစ်လုံးတွေရှိခဲ့သည်။

ထို့သို့ မငြိမ်မသက်မူကြောင့် ရွာအတွင်း ညဘက် လက်နိပ်ဓာတ်မီး ကိုင်ဆောင်ပြီး
အပြင် မထွက်ရ ညဘက်အပြင်ထွက်လျှင် မီးထုတ် နှင့် ဖယောင်းတိုင်းများကိုသာ
ကိုင်ဆောင်ပြီးထွက်ရှိရမည်ဟု အမိန့်ထုတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။         ။

YPI မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

One Response to this post

  1. Unknown on April 30, 2012 at 3:12 AM

    မဂ်လာပါ ။
    လက်နှစ်ဓာတ်မီးနှင့်မီးထိုးတာနည်းလို့နှင့်တူပါတယ် ။
    အေးဒါကြောင့်ပစ်မျာနှင့်တူပါတယ် မီးပုံချော့ကြည့်ကြည့်ပါလား ။
    အင်း .... အေးလိုဆိုလည်း အမြောက်နှင့်ပစ်မှာလားမသိဘူးနှော် ။
    သူတော့လည်းလူတွေပါ ဘာတွေလုပ်ထားကြပါလိမ့် ။

Leave a comment

Join Free