သရုပ်ဆောင် ဇင်ဝိုင်း (ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)နှင့် အင်တာဗျူး

မြန်မာ့ရိုးရာ အတာသင်္ကြန်တွင်း ရုပ်ရှင်သရုပ်ဆောင် အမျိုးသမီးအချို့၏ ဝတ်စားဆင်ယင်မှုများနှင့် ပတ်သက်၍ အမိန့်အာဏာဖြင့် အရေးယူ လုပ်ဆောင်သွားမည် မဟုတ်ဘဲ မေတ္တာရပ်ခံ ပညာပေးနည်းဖြင့်သာ တုန့်ပြန်သွားမည်
ဟု လွတ်လပ်သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇင်ဝိုင်းက မဇ္ဈိမကို ပြောသည်။

လွတ်လပ်သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်များကို လျို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး မတ်လ ၂၃ ရက်နေ့တွင် သရုပ်ဆောင် ဇင်ဝိုင်း ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

မြန်မာ့ရုပ်ရှင်လောကအကြောင်း၊ ရုပ်ရှင်အစည်းအရုံး၏ ဖွဲ့စည်းပုံနှင့် လှုပ်ရှားမှုများ၊ ပြန်ကြားရေးဌာန လက်အောက် ရှိ မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ လုပ်ဆောင်ချက်များ၊ မြန်မာ့ရုပ်ရှင်လောကအတွက် အနာဂတ် ရည်မှန်းချက်တို့ကို သိရှိနိုင်ရန်အတွက် ဦးဇင်ဝိုင်းအား မဇ္ဈိမ သတင်းထောက် မျိုးသန့် က မေးမြန်းထားသည်။
actristelection
၂ဝ၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ပွဲတွင် သရုပ်ဆောင်ဇင်ဝိုင်းနှင့် ဇာဂနာ တို့အား မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ရုပ်ရှင်လုပ်ငန်းရှိ အလွှာအလိုက်
လျို့ဝှက်မဲဖြင့် ရွေးချယ်ကြရာ အဓိကသရုပ်ဆောင်အလွှာတွင် ဇင်ဝိုင်းနှင့် လူမင်း တို့အား ရွေးချယ်ခံခဲ့ရသည်။

ဖွဲ့လိုက်တာ မကြာသေးတဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အစည်းအဝေး ဥက္ကဋ္ဌ အသစ်ဆိုတော့ ကျနော် ပထမဆုံးမေးချင်တာက ဒီနှစ်သင်္ကြန်မှာပေါ့။ ရုပ်ရှင်မင်းသမီးအချို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက် ပြီးတော့ ဝေဖန်သံတွေ တော်တော်လေး ထွက်လာပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲ။

“ယေဘူယျ သုံးသပ်လိုက်မယ်ဆိုရင်တော့ ယဉ်ကျေးမှု
အောက်ခြေက အစည်းအရုံးဝင်များကိုသာ စည်းကမ်း သတ်မှတ်ပြီးတော့မှ ထိန်းချုပ်ဖို့ ကြိုးစားတဲ့အချက်အလက်တွေ ပါပေမယ့် အလုပ်အမှုဆောင်များကို စည်းကမ်း သတ်မှတ် ပြီး ထိန်းချုပ်ထားတဲ့ အချက်အလက်တွေ မပါတာပါ။

စည်းတွေ လျော့ပါးလာတာတော့ အမှန်ပါပဲ။ ဒီနှစ်သင်္ကြန်
သည်နှစ်ပေါင်း ၃ဝ အတွင်းမှာတော့ လူတွေဟာ တော်
တော်လေး လွတ်လွတ်လပ်လပ် ပျော်ရွှင်လာကြတယ်လို့
ကျနော်တော့ မြင်မိပါတယ်။ လူတွေဟာ မျှော်လင့်ချက်
လေးတွေ ကိုယ်စီ ရှိလာတယ် ထင်ပါတယ်။ အဲဒီတော့
ဒီယဉ်ကျေးမှု လှိုင်းတံပိုးဆိုတာလည်း ရိုက်ခတ်တတ်တာ အမှန်ပါပဲ။ ကိုယ်ခံစွမ်းအား နည်းရင်လည်း ဒီလိုမျိုး ဖြစ်တတ်ကြတာပါပဲ။ ဒီနှစ်သင်္ကြန်မှာ မိန်းကလေး အယောက် ၁ဝဝ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ပြီး ဝတ်တယ်ဆိုရင် ကျနော်တို့ ရုပ်ရှင် သရုပ်ဆောင်ဆိုတာ တယောက်လောက် ပါတာပါ။ သို့သော်လည်း ထင်ရှားတဲ့သူများ ဖြစ်တဲ့အတွက် သူများ စံချိန်ထိုးစရာတော့ ဖြစ်တာပေါ့။ ဒါကလည်း သူ့ရဲ့ တဦးချင်း ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။”

ဆိုတော့ သူတို့ အပေါ်မှာ ရုပ်ရှင်အစည်းအရုံးရဲ့ လုပ်ပိုင်ခွင့်သုံးပြီးတော့ ကန့်သတ်မှုတွေ လုပ်သင့်တယ်လို့ ထင်ပါသလား။

“တချိန်သောအခါက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသည် ဝန်ကြီးဌာနတခုက ကျောထောက်နောက်ခံ ပေးထားတဲ့ အတွက် သူ့မှာ ကိုယ်တိုင် အရေးယူခွင့် မရှိသော်လည်း အမိန့်ပေး အရေးယူတာမျိုးတွေ လုပ်ပါတယ်။ ကျနော်တို့ ကတော့ စည်းရုံးရေးနဲ့ပဲ သွားရမှာပါ။ ကျနော်တို့ သားသမီးတွေ အရွယ်ဖြစ်တဲ့အတွက် ကျနော်တို့က ခေါ်ယူပြီးတော့
မေတ္တာရပ်ခံမယ် စည်းရုံးမယ် ဒါပဲလုပ်ရမှာပါ။ ကျနော်တို့လူမျိုးရဲ့ ကောင်းတဲ့လက္ခဏာတွေကို ပိုမိုခိုင်မာလာအောင်၊ ကျနော်တို့ယဉ်ကျေးမှု၊ ကျနော်တို့ရိုးရာတွေကို ပိုမိုလက်ခံကျင့်သုံးလာနိုင်အောင် ကျနော်တို့ ကြိုးစားကြည့်ကြရမှာပါ။ ဒါကတော့ ရုပ်ရှင်တခုတည်းနဲ့လည်း မပြီးပါဘူး။ ဥပဒေတွေနဲ့ တားဆီးကောင်းတဲ့အရာတွေလည်း မဟုတ်ပါဘူး။ ကိုယ်စီကိုယ်စီ ရင်ထဲမှာ အသိတရားတွေ ရှိလာမှ ဖြစ်လာမယ့်အရာပါ။ အဖွဲ့အစည်းအနေနဲ့ ပြစ်တင်ရှုတ်ချခြင်းထက် အများပြည်သူဘက်က ပြစ်တင်လာမယ် ရှုတ်ချလာမယ်၊ စာနယ်ဇင်းတွေကလည်း ရေးသားလာကြမယ်၊ ပြည်သူတွေ ကလည်း ဖယ်ကြဉ်လာမယ်ဆိုရင်တော့ ဒါမျိုးတွေ နည်းပါးလာမယ်လို့ မြင်ပါတယ်။”

ကြာသပတေးနေ့က ရုပ်ရှင်အစည်းအရုံးသစ်ရဲ့ ပထမဆုံး အစည်းအဝေးမှာ ဘာတွေများ ဆွေးနွေးဖြစ်ပါသလဲ။

ကျနော် ဇင်ဝိုင်းသည် သရုပ်ဆောင်အလွှာမှာ
ရွေးလိုက်လို့ မဲ တမဲပဲရတယ်။ သရုပ်ဆောင် လူမင်းက ရွေးလိုက်လိုက်လို့ မဲ ၁ဝဝ ရတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ဦးလူမင်း တက်ရမှာ
ပေါ့ အခုတော့ မဟုတ်ဘူး။ ‘ဇင်ဝိုင်း တက်’ ဆိုပြီးတော့ ပြန်ကြားရေး ဝန်ကြီးဌာနက အမိန့်
ပေးလိုက်ရင် ကျနော်က တက်သွားတယ်။
“အလုပ်အမှုဆောင်တွေ လိုက်နာသင့်တဲ့ စည်းမျဉ်း စည်းကမ်းလေးတွေ ကျင့်ဝတ်လေးတွေ ချပေးတာပါ။
အများပြည်သူနဲ့ ဆက်ဆံတဲ့နေရာမှာ နှိမ့်ချဖို့တို့၊ အခွင့်အရေး ဆိုရင်လည်း သာမန်အစည်းအရုံးဝင်တွေ ရရှိတဲ့ အခွင့်အရေး မျိုးတွေကိုပဲ ခံစားဖို့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆိုပြီးတော့မှ အာဏာအလွဲသုံးစားလုပ်တာ၊ ကိုယ်ကျိုးစီးပွားရှာတာ၊ အခွင့်အရေးပိုယူတာမျိုးမလုပ်ဖို့ ကျနော်တို့ စည်းမျဉ်း
စည်းကမ်းတွေ လုပ်တာပါ။”

“ဒုတိယအချက်ကတော့ ကျနော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဖွဲ့စည်းပုံကို ပြန်လည်ရေးဆွဲဖို့ ကျနော်တို့ အဓိကထားပါတယ်။ ကျနော်တို့က NGO ဖြစ်သွားတဲ့အတွက် မူလဖွဲ့စည်းပုံထဲမှာပါတဲ့ မလိုအပ်တဲ့ အချက်တွေ ရှိပါတယ်။ တချို့အချက်တွေလည်း ဖြည့်စွက်ရမှာ ရှိပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံရေးဆွဲရေး ကော်မတီကိုလည်း ဖွဲ့စည်းတာပါ။ ဗီဒီယို စည်းကမ်းထိန်းသိမ်းရေး ကော်မတီတို့၊ ခိုးကူးခွေ တားဆီးရေးကော်မတီတို့၊ ဝန်ထမ်းကြီးကြပ်ရေး
ကော်မတီတို့၊ ကော်မတီပေါင်း ၁၆ ရပ် ရှိပါတယ်။”

အာဏာအလွဲသုံးစားလုပ်တာ၊ ကိုယ်ကျိုးစီးပွားရှာတာ ဘယ်လို အခြေအနေမျိုးတွေကို ဆိုလိုတာလဲခင်ဗျာ့။

"ဥပမာအနေနဲ့ဆိုရင် နိုင်ငံတကာက ဖိတ်ကြားလာလို့ပဲဖြစ်ဖြစ်၊ နိုင်ငံတကာက ဆုပေးလို့ပဲဖြစ်ဖြစ် အရင့်အရင်တုန်း ကတော့ အများပြည်သူ မသိရှိလိုက်ရဘဲနဲ့ ကော်မတီဝင်အချင်းချင်းပဲ လက်သိပ်ထိုးပြီးတော့ သူသွား ကိုယ်လုပ် အဲဒီလိုမျိုးတွေပေါ့။ နောက် ပြင်ပက ဇာတ်ကားတကား ရိုက်ကူးဖို့ဆိုရင် အလုပ်အမှုဆောင်အဖွဲ့ထဲကပဲ သယ်ဆောင် လာပြီးတော့ ဘယ်ဝန်ကြီးဌာနက ရိုက်ကူးဖို့ သူကိုယ်တိုင်ပဲ ဒါရိုက်တာလုပ်၊ သူ့သားသမီး မင်းသားမင်းသမီးထည့် ဆိုတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ အဲဒီတော့ ကျနော်တို့က အခု မူချမှတ်ထားတာတော့ ရုပ်ရှင်အစည်းအရုံးနဲ့ ပတ်သက်တဲ့ ကားတွေ ရိုက်ကူးမယ်၊ ပြင်ပက ကားတွေ ရိုက်မယ်ဆိုရင် ကျနော်တို့ အစည်းအရုံးထဲမှာပါနေတဲ့ ဒါရိုက်တာများ လုံးဝ မရိုက်ကူးပါနဲ့။ သရုပ်ဆောင်များလည်း လုံးဝ မပါပါနဲ့။ ကျနော်တို့တွေသည် သူများကို အခွင့်အရေး ပေးရမယ်။ ကိုယ်က အခွင့်အရေးကို နောက်ဆုတ်ပေးရမယ်ဆိုတဲ့ဟာမျိုး ဒီမူကို ချထားပါတယ်။ အသေးစိတ်ကိုတော့ ထပ်ထွက်လာပါမယ်။”
actristelection1
၂ဝ၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ပွဲတွင် ရရှိမဲများအား ရေတွက်နေကြသည့် ဒါရိုက်တာဝိုင်း၊ ဝါရင့်သရုပ်ဆောင် ဦးညွန့်ဝင်း တို့အား မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ရုပ်ရှင်လုပ်ငန်းရှိ အလွှာ ၁ဝ လွှာမှ လျို့ဝှက်မဲဖြင့် ရွေးချယ်ခဲ့ကြသည်။

ဖွဲ့စည်းပုံလည်း ရေးဆွဲနိုင်ဖို့ ပြင်ဆင်နေတယ်ဆိုတော့ ဘယ်လို ဖွဲ့စည်းပုံမျိုးဖြစ်မလဲ။

"ဖွဲ့စည်းပုံဆိုတာ ခြံစည်းရိုးနဲ့ တူတာကိုး။ ခြံစည်းရိုးမခိုင်တဲ့အခါကျတော့ ဒီဝင်းထဲကို ဝင်ချင်တဲ့လူဝင် ထွက်ချင်တဲ့ လူထွက်နဲ့ ဒီအဖွဲ့ရဲ့ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်ရပါတယ်။ ကျနော်တို့ ရုပ်ရှင်အစည်းအရုံးရဲ့ မူလဖွဲ့စည်းပုံကလည်း အဆင့်ဆင့်သာ တင်ပြနေကြတာ အခုထိကို အတည်ပြုနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အဲဒီတော့ ကျနော်တို့ ရုပ်ရှင်လောက ကလည်း တံခါးမရှိ ဓါးမရှိပါပဲ။ အခုတော့ ကျနော်တို့က ရုပ်ရှင်အစည်းအရုံးသည် ရုပ်ရှင်စစ်စစ် သမားများသာ ဝင်ပိုင်ခွင့်ရှိသည်ဆိုတဲ့ မူကိုတော့ အဓိက ကိုင်စွဲထားပါတယ်။”

အရင် ရုပ်ရှင်အစည်းအရုံးဟောင်းရဲ့ ဖွဲ့စည်းပုံကကော။

“ရေးခဲ့သမျှသော ဖွဲ့စည်းပုံများထဲမှာ အောက်ခြေက အစည်းအရုံးဝင်များကိုသာ စည်းကမ်း သတ်မှတ်ပြီးတော့မှ ထိန်းချုပ်ဖို့ ကြိုးစားတဲ့အချက်အလက်တွေ ပါပေမယ့် အလုပ်အမှုဆောင်များကို စည်းကမ်းသတ်မှတ်ပြီး ထိန်းချုပ်ထား တဲ့ အချက်အလက်တွေ မပါတာပါ။”

ရုပ်ရှင်အစည်းရုံးဝင် ဖြစ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ရှင်းပြပေးဦး ခင်ဗျာ့။

ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်
မှာ ရုံပေါင်း ၂၃၈ ရုံရှိပါတယ်။ အခုဆိုရင်
၆၅ ရုံပဲကျန်ပါတယ်။ ၆၅ ရုံမှာ သုံးပုံတပုံပဲ
မြန်မာကားကို ပြပါတော့တယ်။ ပြည်သူပိုင်
သိမ်းတယ် အဲဒီရုပ်ရှင်ရုံနေရာမှာ ဟိုတယ်ကြီး
တွေသာ ပေါ်လာပြီးတော့ ရုပ်ရှင်ရုံ ပျောက် သွားပါတယ်။
“ဥပမာ အဓိက သရုပ်ဆောင်ဆိုရင် ရုပ်ရှင်ဇာတ်ကား
အနည်းဆုံး တကား ရိုက်ကူးဖူးရမယ်။ ဗီဒီယိုဆိုရင် ၁ဝ ကား ရိုက်ကူးဖူးရမယ်။ ဒါမှသာ ရုပ်ရှင်အစည်းအရုံးဝင် ဖြစ်မယ်။
အဲဒီလို သတ်မှတ်ချက်တွေ အရသာ၊ အစည်းရုံးဝင်ဖြစ်ခွင့်
ရှိတယ်။ သို့သော်လည်း တချို့ခေတ်များမှာတော့ အထူး မှတ်ချက်ဆိုပြီးတော့ တချို့သော ပုဂ္ဂိုလ်များကို အစည်းအရုံး
ကို တိုက်ရိုက်ဝင်ပိုင်ခွင့်ရှိတဲ့ တံခါးပေါက်တွေ ဖွင့်ပေးထားတာ ရှိတယ်။ ဥပမာအားဖြင့် ယဉ်ကျေးမှုဘွဲ့တခုခု ရရှိလာ ပြီးတော့ ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်နေသူ အစည်းအရုံး ဝင်ပိုင်ခွင့်ရှိသည်ဆိုပြီးတော့ လုပ်တာရှိပါတယ်။ နောက်တခုက
ပြန်ကြားရေးဝန်ကြီးဌာနတွင် ၁ဝ နှစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ၊ လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေသူ အဲဒါမျိုးတွေက အရင်တုန်းက အစည်းရုံးဝင်ဖြစ်မှုအပေါ်မှာ သတ်မှတ်ချက်တွေပါ။ အဲဒါကြောင့် ကျနော်တို့က လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့အတွက် ပြင်ပက ပုဂ္ဂိုလ်များ ပါဝင်မလာနိုင်အောင်လို့ စည်းမျဉ်း စည်းကမ်းတွေ ပြန်ချရမှာဖြစ်ပါတယ်။”

အခု ရုပ်ရှင်အစည်းအရုံး အဟောင်းနဲ့ အသစ် နှစ်ခုရဲ့ မြင်သာတဲ့ ကွာခြားချက်က ဘာဖြစ်မလဲ။

“အဟောင်းကတော့ သူက ကြိုးပေါင်းစုံနဲ့ ချည်ထားကြတာခင်ဗျာ့။ ကျနော်တို့ရှေ့က အလုပ်အမှုဆောင်အဖွဲ့ဆိုရင် ၂၆ ယောက်ရှိပါတယ်။ ၂၆ ယောက်ထဲမှာ ၁၃ ဦးကို တိုက်ရိုက်ခန့်ထားတာပါ။ ၁၃ ဦးကတော့ ရွေးချယ်ခံပေါ့။
ရွေးချယ်ခံ ဆိုသော်လည်း အများရဲ့ ဆန္ဒနဲ့ တက်လာတာ မဟုတ်ပါဘူး။ ဥပမာ ကျနော် ဇင်ဝိုင်းသည် သရုပ်ဆောင် အလွှာမှာ ရွေးလိုက်လို့ မဲ တမဲပဲရတယ်။ သရုပ်ဆောင်လူမင်းက ရွေးလိုက်လိုက်လို့ မဲ ၁ဝဝ ရတယ်။ ပုံမှန်အတိုင်း ဆိုရင်တော့ ဦးလူမင်း တက်ရမှာပေါ့ အခုတော့ မဟုတ်ဘူး။ ‘ဇင်ဝိုင်း တက်’ဆိုပြီးတော့ ပြန်ကြားရေး ဝန်ကြီးဌာနက အမိန့်ပေးလိုက်ရင် ကျနော်က တက်သွားတယ်။ မဲ ၁ဝဝ ရတဲ့လူက အောက်မှာကျန်ခဲ့တယ်။ တိုက်ရိုက်ခန့် ဆိုတာ ကတော့ ဒီလူကို ခန့်လိုက်ပါဆိုရင် ပြီးသွားပြီ။”

“အဲဒီအခါကျတော့ အလုပ်အမှုဆောင်အဖွဲ့သည် ကျနော်တို့ လောကကို ကိုယ်စားမပြုပါဘူး။ ဒီအလုပ်အမှုဆောင်ထဲ မှာ ကိုယ့်လောကရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့အခါမျိုးမှာ တဘက်က ဌာနဆိုင်ရာများနဲ့ ထိပ်တိုက်
တွေ့ရတာမျိုးတွေရှိပါတယ်။ ဒီအခါမှာ အလုပ်အမှုဆောင်ထဲမှာရှိတဲ့ စိတ်ကောင်း စေတနာရှိတဲ့လူတွေမှာလည်း သူတို့ကို ချည်နှောင်ထားတဲ့ကြိုးတွေကြောင့် ရုန်းမထွက်ကြဘူး ဖြစ်ကြတယ်။ ကျနော်တို့ကတော့ ဒီကြိုးတွေကို အကုန်လုံး ဖြတ်တောက်ဖို့ ကြိုးစားကြတာပါ။”

ရုပ်ရှင်ကားတွေဟာ ဒါမှမဟုတ် ရုပ်ရှင်ဖန်တီးမှုတွေဟာ နိုင်ငံတခုအတွက် ဘယ်လောက် အထောက်အပံ့
ဖြစ်တယ်လို့ ထင်ပါသလဲ။


“ကျနော်တို့က ရုပ်ရှင်ဆိုပေမယ့်၊ ရုပ်ရှင်ဆိုတာဟာ အမျိုးသားရေး လက်နက်တခုပါ။ ကျနော်တို့ လူမျိုးတွေရဲ့
ကောင်းရာကောင်းကျိုးကို ဆောင်ပေးနိုင်ပါတယ်။ ကျနော်တို့ လူမျိုးတွေရဲ့ ကောင်းမြတ်တဲ့ ဓလေ့ စရိုက်တွေ ယဉ်ကျေးမှုတွေ၊ ကျနော်တို့ကို သဘာဝပေးထားတဲ့ အလွန်လှပတဲ့ ရေမြေတောတောင်တွေ ဒါတွေကို ကျနော်တို့ ရုပ်ရှင်ဆိုတဲ့ အနုပညာနဲ့ ကမ္ဘာကသိအောင် မြန်မာဆိုတာ ဒါလို့ ပြနိုင်အောင် ကျနော်တို့ လုပ်လို့ရပါတယ်။ အဲဒီလို လုပ်ဖို့ဆိုတာလည်း ကျနော်တို့ လောကသားတွေချည်းပဲ လုပ်လို့မရပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေကအစ ရုပ်ရှင်ဆိုတာ မပျောက်ပျက်အပ်သော အမျိုးသားရေးလက်နက်တခုပါလား ဆိုတာကို အမြင်ကျယ်ကျယ်လေး ဆင်ခြင်သုံးသပ်ပြီးတော့မှ ကျနော်တို့ကို ဝိုင်းဝန်းဖေးမမှသာ ကျနော်တို့ သွားလိုတဲ့ လမ်းခရီးကို ရောက်မှာပါ။ အခုအချိန်မှာတော့ ကျနော်တို့သည် သေခါနီး လူမမာလိုပါပဲ။ အခုန ကျနော်ပြောသလိုပါပဲ မကူညီရင်တော့ တားဆီးတာတွေ ပိတ်ပင်တာတွေ မလုပ်ကြဖို့တော့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ ဦးနှောက်စစ်စစ်နဲ့ တကယ်စစ်မှန် တဲ့ အနုပညာတွေ ဖန်တီးကြည့်ချင်ပါတယ်။ တစုံတဦးက ခိုင်းလို့ အဖွဲ့အစည်းတခုက ခိုင်းလို့ဆိုတဲ့ အနုပညာတွေ ကျနော်တို့ မဖန်တီးချင်တော့ပါဘူး။ ဒါမှသာလျှင် ကျနော်တို့ ‘အောက်ပိုင်း’က မလွတ်တဲ့ ဟာသကားတွေ၊ ကလိထိုး ရယ်ခိုင်းတာတွေရဲ့ ဘဝကနေ လွတ်မြောက်မှာပါ။”

ရုပ်ရှင်လောကအတွက် အဓိက ကန့်သတ်ချက်က ဘာဖြစ်မလဲ။

ကားရိုက်ပါတော့မယ်ဆိုရင် ဒီဇာတ်ဆို လွတ်ပါ့မလားဆိုတဲ့ သံသယစိတ်ကြီးနဲ့ ကျနော်တို့ လုပ်ကြရပါတယ်။ ကျနော်တို့မှာ ဖြန့်ကျက်တွေးတာတို့၊ တီထွင်ဖန်တီးတာတို့ ဘာမှ မလုပ်နိုင်ဘူး။ အဲဒီတော့ လွယ်ပါတယ်ကွာ အဆင်ပြေအောင် ဟာသကားပဲ ရိုက်လိုက်ကြတာပေါ့ ဆိုပြီးတော့ ဖြစ်လာတာပါ။
“ဆင်ဆာ ကန့်သတ်ချက်က အလွန် ပြင်းထန်တယ်ခင်ဗျာ့။ ဆင်ဆာက အစက ၁၂၄ ချက်နဲ့ ပိတ်ဆို့ထားတာ ရှိပါ တယ်။ အချက်အလက်ပေါင်းများစွာ ဆွဲဆန့်လို့ရပါတယ်။ ဘာလုပ်လုပ် မလွတ်ဘူး။ အဲဒီတော့ ကျနော်တို့က စတင်ပြီးတော့ ကားရိုက် ပါတော့မယ်ဆိုရင် ဒီဇာတ်ဆို လွတ်ပါ့မလားဆိုတဲ့ သံသယ စိတ်ကြီးနဲ့ ကျနော်တို့ လုပ်ကြရပါတယ်။ ကျနော်တို့မှာ
ဖြန့်ကျက်တွေး တာတို့၊ တီထွင်ဖန်တီးတာတို့ ဘာမှမလုပ်နိုင်
ဘူး။ အဲဒီတော့ လွယ်ပါတယ်ကွာ အဆင်ပြေအောင် ဟာသကားပဲ ရိုက်လိုက်ကြတာပေါ့ ဆိုပြီးတော့ ဖြစ်လာတာပါ။
နောက်တခုက ရုံတင်တဲ့အခါမှာ လည်း ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်မှာ ရုံပေါင်း ၂၃၈ ရုံရှိပါတယ်။ အခုဆိုရင် ၆၅ ရုံပဲကျန်ပါတယ်။ ၆၅ ရုံမှာ သုံးပုံတပုံပဲ မြန်မာကားကို ပြပါတော့တယ်။ ပြည်သူပိုင်သိမ်းတယ် အဲဒီရုပ်ရှင်ရုံနေရာမှာ ဟိုတယ်ကြီးတွေသာ ပေါ်လာ ပြီးတော့ ရုပ်ရှင်ရုံပျောက်သွားပါတယ်။”

ဦးဇင်ဝိုင်း ခုန ပြောခဲ့သလိုပဲ ရုပ်ရှင်လောကအတွက် ရုပ်ရှင်လောကသားတွေ ပြင်ဆင်နေကြပြီပေါ့၊ ဒီပြင်ဆင်မှု
တွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်ခွင့် ရှိမယ်လို့ ယူဆပါသလား။


“ကျနော်ကတော့ ယူဆပါတယ်ခင်ဗျာ့။ ရုပ်ရှင်လောက မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာတာနဲ့ အတူတူပါပဲ။ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် ဘက်စုံထောင့်စုံ ဖွံ့ဖြိုးမှသာ ဖွံ့ဖြိုးတိုးတက်တယ်လို့ ပြောလို့ရပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး တိုးတက်ဖို့လိုသလို ကျနော်တို့ ရုပ်ရှင်အနုပညာလောကလည်း တိုးတက်ဖို့ လိုပါ တယ်။ အခုအစိုးရကလည်း ကျနော်တို့ ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရပါ။ အဲဒီတော့ ကျနော်တို့
ပြည်သူပြည်သားတွေအတွက် မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းကမှ ဝင်ရောက်ဟန့်တားမှာ မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ တကယ်လို့ ဒီအခွင့်အရေး မပေးဘူးဆိုလည်း ကျနော်တို့ကို အခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေကို ကိုင်စွဲပြီးတော့ ဥပဒေတွေကို မဖေါက်ဖျက်ဘဲနဲ့ ဥပဒေဘောင်ထဲကနေ တိုက်ပွဲဝင်သွားမှာပါ။”

အနာဂတ် ရုပ်ရှင်လောကအတွက် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတယောက်ရဲ့ အိမ်မက်က ဘာဖြစ်မလဲ။

“ကျနော့်လက်ထဲကို၊ စုတ်ပြတ်သတ်နေတဲ့လောကကြီးကို ဘာမှမသိတဲ့ ဇင်ဝိုင်း လက်ထဲကို ရှေ့လူတွေက လွှဲပေး ခဲ့တာပါ။ ကျနော့်လက်ထက်ကျရင်တော့ ဒီလိုမဖြစ်စေရပါဘူး။ ဒီ့ထက်ပို ခိုင်မာတဲ့ ဒီ့ထက်ပိုမြင့်မားတဲ့ ပရိသတ်ရှိတဲ့ ရုပ်ရှင်လောကကို ဖန်တီးပြီးတော့ ကျနော့်ထက် တကယ်တတ်တဲ့ တကယ်သိတဲ့ နိုင်ငံတကာ အဆင့်မီသိတဲ့ ကလေးတွေ ကျနော့် မျိုးဆက်သစ်တွေ လက်ထဲကို ကျနော် ထည့်ပေးချင်ပါတယ်။ ကျနော်တို့မှာ အခု နိုင်ငံတကာ ပွဲတွေသွားရင် မင်းသားတွေကလည်း သူတို့ မင်းသားမင်းသမီးတွေကို မော့ကြည့်နေရတယ်။ ဒါရိုက်တာတွေကလည်း ဒါရိုက်တာချင်းယှဉ်ရင် သိမ်ငယ်နေရတယ်။ ထုတ်လုပ်သူချင်း ယှဉ်ရင်လည်း သိမ်ငယ်နေရတယ်။ ကျနော်တို့မှာ အရမ်းရှက်စရာ ကောင်းပါတယ်။ အဲဒီဘဝမျိုးတွေ မဖြစ်စေချင်တော့ဘူး။ နိုင်ငံတကာပွဲတွေမှာ ကျနော်တို့ တင့်တင့် တယ်တယ်နဲ့ တက်မယ်။ သူတို့ ကားပေါင်း ၁ဝဝ ရိုက်ပေမယ့်၊ ကျနော်တို့ တကားပဲ ရိုက်သော်လည်း ကျနော်တို့ ကားသည် ကျနော်တို့ ယဉ်ကျေးမှုအရ၊ စံချိန်အရ၊ အနုပညာအရ တန်းမီတဲ့ ကားမျိုးဖြစ်ရမယ်လို့ ကျနော် ရည်ရွယ်ပါတယ်။”

Mizzima သတင်းဋ္ဌာနမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

One Response to this post

  1. Unknown on April 22, 2012 at 3:28 AM

    မဂ်လာပါ ။
    မြန်မာပြည်မှ ရုတ်ရှင် ကောင်းတာတွေလည်းရှိသလို လူတောတိုးမရွေ့တာတွေ
    လည်းအများကြီးပါ နှိင်ငံတကာဆင်ဒါလိုက်တွေမှာမစရှိစလောပါ ။
    အရည်အသွေးတွေလည်းအများကြီးလိုနေ နေလို့ပါလား ဒါမှမဟုတ်ချိတ်ဆက်
    မထားလို့လားတော့မသိပါ ။
    ရှိတာတွေကတော ။ ဟက်ပီတူဂေးသား ။ရုတ်ရှင်တေါတော့တွေ့မိပါတယ်
    အေးဒါတွေကနှိင်ငံညခားတွေမှာရိုက်ထားပုံရပါတယ် ။

Leave a comment

Join Free