ဗမာနိုင်ငံရေး မိတ်ဆွေပါတီများ၏  ရွေးကောက်ပွဲအတွေ့အကြုံ ရှင်းလင်းပွဲ ကို ဧပြီ(၂၀)ရက်နေ့က ရန်ကုန်မြို့ City Star Hotel တွင် အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးကျော်စွာစိုး၊ မြန်မာနိုင်ငံအမျိုးသား ကွန်ဂရက် (ဥက္ကဋ္ဌ)ဦးကောင်းမြတ်ထွဋ်၊  ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ  ဦးအုန်းလွင် (ကော့မှူး) ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှကိုယ်စားလှယ်လောင်း ဦးတင်ရီတို့မှ ရွေးကောက်ပွဲအတွေ့အကြုံ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပွဲတွင် အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်စွာစိုးက““ဗမာနိုင်ငံရေး မိတ်ဆွေ ပါတီများ”” လို့ အမည်ပေးခြင်းပတ်သက် ပြီး ရှင်းပြလိုပါတယ်။ တိုင်းရင်းသားညီ အစ်ကိုများနဲ့ အတူအေးအတူပူအမျှ ဥမကွဲ သိုက်မပျက်နေလာခဲ့တာ ယနေ့ တိုင်ပါပဲ၊ တိုင်းရင်းသားတွေ ဆင်းရဲလည်း တိုင်းပြည်ဆင်းရဲတာပဲ၊ ဗမာတွေဆင်းရဲ လည်း တိုင်းပြည်ဆင်းရဲတာပဲ၊ကျွန်တော် တို့ကို ကော်မရှင်က စည်းနဲ့ကမ်းနဲ့သွား ရမယ်။ စည်းမဲ့ကမ်းမဲ့သွားရင် အရေးယူ ခံရမယ်လို့ သတိပေးထားတယ်၊ NLD  ပါတီကတော့ လာလိုက်ရင် နှဖူးစီးတွေနဲ့ အလံတွေလွင့်ပြီး ဆိုင်ကယ်တွေနဲ့ ရွာထဲ ကိုဓားပြ၀င်စီးသလို ဖြစ်နေတယ်။ ကော် မတီက ကျွန်တော်တို့ပါတီငယ်ဆိုရင်စည်း နဲ့ကမ်းနဲ့တအားလုပ်ပါတယ်။ ပါတီကြီး ကိုတော့ လက်ဖျားနဲ့တောင်မထိရဲအောင် ဖြစ်နေပါတယ်။ ကျွန်တော် ပွင့်ဖြူမြို့ထဲ က “မဒဲ”ရွာရောက်တုန်းက NLD ပါတီအ တွက် ပြင်သစ်နိုင်ငံသား မစ္စတာ သော မတ်ဒမ်နီယယ်လာပြီး NLD အဖွဲ့တွေနဲ့ သေသေချာချာ စည်းရုံးရေးဆင်းပေးနေ တာတွေ့ရပါတယ်။ အဲဒီလိုသာ ပါတီ ငယ်တွေလုပ်ရင် ကော်မရှင်က လည်ပင်း တတ်နင်းမှာ၊ ဒီတော့ ဒီပွဲဟာ Free and Fair ဆိုတာ Free  တော့ဖြစ်တယ်၊ Fair တော့မဖြစ်ပါဘူး၊ ငွေစာရင်းတွေမှန်မှန် ကန်ကန်တင်ဖို့ ဆိုပြီး ကော်မရှင်ကညွှန် ကြားပါတယ်။ ကျွန်တော်တို့ တင်ပြတဲ့ အချိန်မှာ သူတို့ဘယ်လိုနည်းနဲ့ စီစစ်မှာ လည်းဆိုတာ သိချင်ပါတယ်။ NLD  ပါတီ ဟာ ကြံ့ခိုင်ရေးပါတီထက် အဆပေါင်း များစွာ သုံးသွားတာတွေ့ရပါတယ်။ သိန်း (၁၀၀)ထက်ကျော်သွားရင်ကော ကော်မ ရှင်ကဘယ်လိုစီစစ်မှာလည်းသိချင်တယ်။ ဗိုလ်ချုပ်ပုံနဲ့ လုပ်စားသွားပါတယ်။ သူသာ သွေးသားရင်းဖြစ်လို့ အမှန်အကန်၊ ကျွန် တော်တို့ကို အကြံအဖန်လို့ထင်နေတာ၊ နိုင်ငံတော် ခေါင်းဆောင်ကြီးကို လုပ် ပြီးစားသွားတဲ့ ဒီပွဲဟာလည်း အတော် လေးအခြေအနေဆိုး””ကြောင်း ဦးကျော် စွာစိုးက ပြောကြားခဲ့သည်။
ထိုပွဲနှင့် ဆက်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌဦးကောင်း မြတ်ထွဋ်က ““ရွေးကောက်ပွဲကော်မရှင်ဆို တာ မနေ့တနေ့ကမှ ပေါ်လာတာပါ။ ကျွန်တော်ကြိုးစားခဲ့တာ လွန်ခဲ့တဲ့နှစ်များ စွာကပါ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တရား မဲ့ပြုကျင့်မှုတွေရှိပါတယ်။ နည်းဥပဒေ စာအုပ်အရ စွပ်စွဲတာမဟုတ်ပါဘူး။ ပြီးခဲ့ တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ တရားမဲ့ပြုကျင့်မှုတွေရှိခဲ့ တယ်ဆိုတာ ဒီနေရာကနေ စွပ်စွဲလိုက်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မြန် မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသား ဒီမိုကရေစီခေါင်းဆောင်ဆိုပြီး မီဒီယာ တွေမှာ ရေးထားတာတွေ့ရပါတယ်။ ကျွန်တော်ပြောချင်တာက ၈၈မျိုးတုန်းက ဘယ်လိုဖြစ်ပြီး တိုင်းပြည်တစ်ခုလုံးရဲ့ ခေါင်းဆောင်ဖြစ်သွားတာလဲ၊ ၈၈ တုန်း က ကျောင်းသား၊ ကျောင်းသူတွေလမ်း ပေါ်မှာသွေးထွက်သန်ယို ဖြစ်နေတဲ့အ ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လမ်း ပေါ်မှာ မတွေ့ပါဘူး။ အာဇာနည်နေ့ ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Miss Call ကြောင့် အာဇာနည်ကုန်းမှာ မိန်းကလေးတွေ၊ ယောက်ျားလေးတွေ၊ အတော်များများ အရိုက်ခံရတယ်၊ ကိုကို ကြီးဦးဆောင်တဲ့ အဖွဲ့လည်း အရိုက်ခံရ တယ်။ အရိုက်ခံရတာပဲအဖက်တင်တယ်၊ နောက်မှ မှားယွင်းခေါ်ဆိုမှုရှိတယ်ဆိုပြီး ပြန်ရုပ်သိမ်းတယ်။ ကိုယ်အနိုင်ရဖို့အ တွက်ဘာမဆို သုံးမယ်ဆိုတဲ့ စိတ်ဓာတ် မျိုး အတွေးအခေါ်မျိုးနဲ့ မြန်မာနိုင်ငံ ဘယ်တော့မှ ရွှေရောင်မတောက်ဘူး။ မြန်မာပြည်နိုင်ငံရေးဟာ ကြန့်ကြာခဲ့ရပြန် ပြီ။ ရွေးကောက်ပွဲဆိုတာ လွတ်လပ်ရေး နေ့ အပြေးအပြိုင်ပွဲလို သူပိုသာတယ်။ ငါပိုသာတယ်ဆိုပြီး ပြိုင်ရမယ့် ပွဲမဟုတ် ဘူး။ ဒီလိုပြိုင်ဖို့အတွက် မြန်မာပြည်ဟာ နှစ်(၂၀)လောက်လိုသေးတယ်လို့ပြောချင် ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ အမေရိကန်လို ဒီမိုကရေစီအခြေလှဖို့ ရင့် ကျက်မှုတွေရှိဖို့ တည်ဆောက်ဖို့လိုပါ သေးတယ်။ ကျွန်တော်နောက်တစ်ချက် တည်းပြောပါမယ်။ ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်စုကို ၀န်းရံဆိုတဲ့ (၈၈)မျိုး ဆက်ကျောင်းသား ခေါင်းဆောင်များ ဆိုသူတွေပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာနိုင်ငံ ရေးအရ တရားမဲ့ပြုကျင့်မှုတွေလုပ်ခဲ့ တယ်””လို့ ဦးကောင်းမြတ်ထွဋ်မှ ပြော ကြားခဲ့သည်။
ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီမှ ကျွန် တော်က ကော့မှူးမြို့နယ်မှာဒေါ်အောင် ဆန်းစုကြည်နဲ့ယှဉ်ပြိုင်တဲ့ ဦးတင်ရီဖြစ်ပါ တယ်။ (၉၀)ခုနှစ်တုန်းက (၁)ကြိမ်ရွေး ကောက်ပွဲဝင်ခဲ့တယ်။ အခုကြားဖြတ်ရွေး ကောက်ပွဲမှာ ထပ်ဝင်ပါတယ်။ ကျွန် တော်ရဲ့ နိုင်ငံရေးအတွေ့အကြုံအရ ဒေါ် အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ဖို့ ဖြစ်လာ တော့ ကျွန်တော့်အနေနဲ့  ကန့်ကွက်ရ မယ့်အနေအထားဖြစ်လာပါတယ်။ ကျွန် တော်ခရိုင်မှာလည်း ရှုံးတယ်။ တိုင်းမှာ လည်းရှုံးတယ်။ သက်ဆိုင်တဲ့ အထက် အဖွဲ့အစည်းကတော့ ဘယ်လိုသဘော ထားတယ်မသိဘူး။ ရှုံးတာနိုင်တာအဓိက မဟုတ်ပါဘူး။ ကျွန်တော်နိုင်ငံသားတစ် ယောက် အနေနဲ့ တာဝန်ကျေပွန်တယ် လို့ထင်ပါတယ်။ သမိုင်းက စကားပြောမှာ ပါ။ ဗဟိုကော်မရှင်မှာ NLD ပေါ်မှာကန့် ကွက်လွှာတွေ ရာနဲ့ချီပြီးရှိပါတယ်။ ဘယ် ပါတီမှ ဒီလိုမရှိပါဘူး။ NLD ရဲ့မဲဆွယ် စည်းရုံးမှုတွေက မင်းမဲ့စရိုက်ဆန်ပါတယ်။ ကျွန်တော် လက်ကမ်းစာစောင်တွေ ဝေ တာကို တားမြစ်တယ်။ ဒီလိုဖြစ်တဲ့အ တွက် ကော်မရှင်ကိုတိုင်ပါတယ်။ ကော် မရှင်က သူတို့က ပါတီကြီးတွေပဲဗျာ ခင် ဗျားတို့ ပါတီလေးတွေက ခွင့်လွှတ်ပါဆို ပြီး ဒီလိုအပြောခံရတယ်။ ဒါဥပဒေနဲ့ မညီတဲ့ အပြောတွေဖြစ်တယ်။ကျွန်တော် ခံစားချက်ထဲမှာ အထက်ကခေါင်းဆောင် ကြီးတွေကို မကျေနပ်တာရှိတယ်၊ ဒေါ် အောင်ဆန်းစုကြည်ကို လွှတ်တော်ဥက္ကဋ္ဌ ကခေါ်ပြီး လွှတ်တော်ထဲမှာ လေ့လာခိုင်း တယ်။ ဘယ်ပါတီမှ ဒီလိုမရှိဘူး။ နောက် နိုင်ငံတကာ ခေါင်းဆောင်တွေလာရင် လည်း အစိုးရနဲ့ တွေ့မယ်၊ ပြီးရင်ဒေါ် အောင်ဆန်းစုကြည်နဲ့တွေ့မယ်၊ ပြီးရင် ဘယ်သူနဲ့မှ မတွေ့ဘူးဆိုတော့ ဒီလိုရွေး ကောက်ပွဲကာလမှာ NLD ကိုများမဲဆွယ် ပေးသလားလို့ ကျွန်တော်ထင်ပါတယ်။ အဓိက(၂)ချက်ပြောချင်ပါတယ်။(၁)အ ချက်က နိုင်ငံတော်အကြီးအကဲကနေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အားတွေ ကို ကမ္ဘာကိုထုတ်ပြပြီး အနောက်နိုင်ငံ တွေနဲ့ နီးစပ်အောင်လုပ်နေ သလားဆိုတဲ့ တစ်ချက်၊နောက်တစ်ချက်ကရွေးကောက် ပွဲကော်မရှင်ကနေပြီး ရွေးကောက်ပွဲလုပ် ပေးတာလဲ ကျွန်တော့်အမြင် ဒေါ်အောင် ဆန်းစုကြည် အဆင်ပြေစွာနဲ့ အဆုံးသတ် နိုင်ရေးအတွက် အဓိကထားလုပ်နေ တယ်လို့ ယူဆကြောင်း သိရသည်။
အထက်ပါ ဗမာ့နိုင်ငံရေး မိတ်ဆွေ ပါတီများ၏ ရွေးကောက်ပွဲအတွေ့အကြုံ များကို ရှင်းလင်းပြောကြားပြီး မီဒီယာ များမေးမြန်းချက်များကို ဗမာနိုင်ငံရေး မိတ်ဆွေပါတီများအဖွဲ့၏ အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်အတွင်း ရေးမှူး ဦးကျော်စွာစိုး၊ မြန်မာနိုင်ငံ အမျိုး သားကွန်ဂရက် (ဥက္ကဋ္ဌ)ဦးကောင်းမြတ် ထွဋ်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးအုန်းလွင်နှင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီကိုယ်စားလှယ်ဦးတင် ရီ(ကော့မှူး)တို့မှ အသီးသီးဖြေကြားခဲ့ ကြောင်းသိရသည်။


Hot New Weekly မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free