ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်နေ့က လှည်းကူးမြို့နယ်ကော်မရှင်သို့ ဆန္ဒမဲလက်မှတ်များပို့ပြီး ပြန်လာသော ပန်းတောကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်အား စစ်တပ်မှ အရာရှိတစ်ဦးက သေနတ်ဖြင့်ပစ်ခတ် ခဲ့ကြောင်း ယင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသန့်ဇင်ကပြောသည်။ ၎င်းသည် မဲလက်မှတ်များပို့ပြီး ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ဖောင်ကြီးမြို့၊ အမှတ် (၁) အခြေခံစစ်သင်တန်းကျောင်းမှ ဗိုလ်ကြီးကျော်ဦးဆိုသူ စီးနှင်းလာသည့် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်တွေ့ခဲ့ပြီး ဗိုလ်ကြီးကျော်ဦးမှ ဆဲဆိုကာ သေနတ်ဒင်နှင့် ရိုက်နှက်ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ရိုက်နှက် ပစ်ခတ်မှုကြောင့် ဦးသိန်းဇော်၏ ဘယ်ဘက်ပခုံး ညှပ်ရိုးထိမှန်ခဲ့ပြီး ဘယ်ဘက်ပါး ယောင်ကိုင်းကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဋ္ဌာနသို့ သွားရောက် ကုသမှုခံယူခဲ့ပြီး သက်ဆိုင်ရာ ဆရာဝန်၏ ခွင့်ပြုချက်ဖြင့် မတ်လ ၃ ရက်နေ့က ယင်းဆေးရုံမှဆင်းခဲ့သည်။ ယနေ့တွင် ပခုံးညှပ်ရိုးဒဏ်ရာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနသို့ သွားရောက်ကာ ထပ်မံ ကုသမှုခံယူခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက “ ခုလို အဖြစ်မျိုးတွေက ကျွန်တော်တို့နိုင်ငံမှာ မကြာခဏဖြစ်တတ်ပါတယ်။ အဓိကက ဥပဒေစိုးမိုးမှု အားနည်းလို့ပါ။ ခုဖြစ်ရပ်ကိုလည်း ဥပဒေအတိုင်းလုပ်ပေးဖို့ ကျွန်တော့်အနေနဲ့ သက်ဆိုင်ရာကို မေတ္တာရပ်ခံပါတယ် ” ဟု ပြောသည်။ ယင်းအမှုအား လှည်းကူးမြို့နယ် ဖောင်ကြီးရဲစခန်းမှ ပ/၃၀ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းကပြောသည်။ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်ကလည်း ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက် တောင်ပိုင်းတွင် အရပ်သားနှစ်ဦးအား ဘူတာစောင့်စစ်တပ်မှ စစ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ဖူးသည်။ YPI မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

One Response to this post

  1. Unknown on April 14, 2012 at 5:38 AM

    မဂ်လာပါ ။
    သူတော့တွေကို ဘာတွေသွားလုပ်ကြပါလိမ့် စစ်တပ်ဆိုပါမှပစ်မှာပေါ့ခိုးပါ့မလား
    ရွေးပြီးလည်းကောက်မှာမဟုတ် သူတော့တွေကယောက်ျားတွေများတယ် အဟီ
    ပစ်တာဘယ်နှစ်ကောင်ရသွားပါလိမ့် ။

Leave a comment

Join Free