ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကျနေ့က အူအတက်ပေါက်လို့ ရန်ကုန်ပြည်
သူ့ဆေးရုံကြီးမှာ လာရောက်ဆေးကုသမှုခံတဲ့ အသက်နှစ်ဆယ်ဝန်းကျင်ရှိ
အမျိုးသမီးတစ်ဦး ကို ဆေးရုံဝန်ထမ်းတွေဖြစ်ကြတဲ့ ဇော်သက်နဲ့ ခင်မြင့်ဆို
တဲ့သူတို့နှစ်ဦးဟာ အဲဒီအမျိုးသမီးငယ်လေးကို မတော်မတရားပြုကျင့်ကြ
တယ်လို့ ဆိုပါတယ်။

 အဲဒီကိစ္စနဲ့ပက်သက်ပြီး ဆေးရုံတာဝန်ရှိသူတွေက အမျိုးသမီးငယ်လေးအတွက် တာဝန်ယူဆောင်ရွက်ပေးမယ်လို့ သိရှိရပါတယ်။ အဲဒီအမျိုးသမီးငယ်ကို ဆရာ၊
ဆရာမတွေနဲ့နီးတဲ့ အခန်းကိုပြောင်းရွေ့ထားပြီး တာဝန်ရှိသူမှ အပ အခြားဘယ်
သူ့ကိုမှ သွားလာခွင့်မပြုဘူးလို့သိရှိရပါတယ်။ ကျူးလွန်ခဲ့ကြတဲ့ ဇော်သက်နဲ့
ခင်မြင့်ဆိုသူနှစ်ဦးကို အလုပ်မှထုတ်လိုက်ပြီလို့လဲဆိုပါတယ်။
လွန်ခဲ့နှစ်လလောက်ကလဲ ဘိုကလေးကနေ ဆေးရုံလာတက်သူ ဆင်းရဲနွမ်းပါးတဲ့
လူနာကို ခွဲစိတ်မှုမပြုခင် ငွေကျပ်သုံးသောင်းတောင်းလို့ လူနာရှင်ဘက်က အဲဒီငွေ
ကျပ်သုံးသောင်းမပေးနိုင်တာကြောင့် ဆေးကုသမှုမခံယူတော့ဘဲ ဆေးရုံက
 ပြန်ဆင်းသွားတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ နီးစပ်သူတဦးက BurmaVJ
ကိုပြောပြခဲ့ပါတယ်။

မြန်မာဗီဂျေမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

3 Responses to this post

  1. အောင်ကျော်ကျော် on April 27, 2012 at 5:09 AM

    မုဒိန်းကျင့်တယ်ဆိုတာ ဥပဒေကိုကျူးလွန်တာပါပဲ အလုပ်ထုတ်ပြစ်ရုံနဲ့တော့မရပါဘူးဗျာ။ ရန်ကုန်ဆေးရုံကြီးရဲ့အောက်ခြေ၀န်ထမ်းတွေအကျင့်ပျက်ချစားမှုကတော့ဗျာပြောမကုန်အောင်ပါပဲဗျာ။ ဆရာဝန်ဆရာမတွေကတောင်သူတို့ကိုကြောက်နေရတယ်ထင်တယ်ဗျာ။ ဆေးရုံမှာအကုန်လုပ်တယ်(မကောင်းတာတွေကြီးပဲ)၊ ကောင်းတာဆိုတစ်ခုမှမလုပ်ကြဘူးဗျာ ဆေးရုံလာသမျှလူသူတို့တွေကိုပိုက်ဆံမပေးရင်ရိုင်းပြစွာ ဆက်ဆံတယ်။ သန့်ရှင်းရေးလုပ်ဖို့ဆိုတာနတ္ထိပဲ၊ ပြုပြင်ကြသင့်ပြီဗျာ

  2. Anonymous on May 4, 2012 at 1:23 PM

    Hospital worker begged money while I went to Y G H where my wife working.

  3. Unknown on January 9, 2014 at 9:43 AM

    ဒီလိုကောင်တွေ ရှိနေလို့နိုင် ငံမတိုးတက်တာ

Leave a comment

Join Free