အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကြီးမှူးသော နိုင်ငံရေးသိပ္ပံဘာသာရပ်များသင်ကြားလျှက်ရှိသည့် ဗေဒါသင်တန်းကျောင်း(အထက်မြန်မာပြည်) တွင် သင်တန်းအမှတ်စဉ်(၂) ကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့ရှိ ၎င်းသင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းအမှတ်စဉ်(၂)တွင် သင်တန်းသူ/သင်တန်းသား (၆၀)ဦးတက်ရောက်ပညာသင်ကြားမည်ဖြစ်ပြီး ဆရာ/ဆရာမ ကိုးယောက်က လူမှုသိပ္ပံနှင့် နိုင်ငံရေးဘာသာရပ်များကို နေ့စဉ် သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း ယင်းသင်တန်းတာဝန်ရှိသူများ ကပြောပါသည်။

တစ်လခွဲကြာမြင့်မည်ဖြစ်သော ယင်းသင်တန်းကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရေးရာ၊ နိုင်ငံရေးနှင့်အစိုးရ၊ ကုလသမဂ္ဂအဖွဲ့အစည်းနှင့်ဥပဒေ၊ အာဆီယံအဖွဲ့နှင့်ဥပဒေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာများနှင့် အခြေခံစီးပွားရေုးဆိုင်ရာများကို ပို့ချသင်ကြားပေးမည်ဟု သင်တန်းတာဝန်ရှိသူများကပြောသည်။

ဖွင့်ပွဲတွင် ဒီချုပ်အမှတ်တရပစ္စည်းရောင်းချပေးစဉ်

တက်ရောက်မည့်ကျောင်းသူ/ကျောင်းသားများ၏ နေထိုင်စားသောက်ရေးနှင့် စာအုပ်စာတမ်းများကို ယင်းဗေဒါသင်တန်းကျောင်းမှပင် အခမဲ့တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ သင်တန်ကြေးမှာလည်း အခမဲ့ဖြစ်ကြောင်း  သင်တန်းဖြစ်မြောက်ရေးအမှုဆောင် ဦးကိုကြီးက ရှင်းပြသည်။

 “ဗေဒါသင်တန်းကျောင်းကနေပြီတော့ ဖြူစင်သန့်ရှင်းတဲ့ နိုင်ငံရေးအသိပညာ၊ အမျိုးသားစိတ်ဓါတ်တွေကိုပဲ သင်ကြားပေးတာပါ။ လိမ်ညာကောက်ကျစ်စဉ်းလဲဖို့ဆိုတဲ့ နိုင်ငံရေးအသိပညာတွေကို ကျောင်းကနေပြီးတော့ ဘယ်တော့မှ သင်ကြားပေးသွားမှာမဟုတ်ပါဘူး” ဟု ဗေဒါ နိုင်ငံရေးသိပ္ပံ သင်တန်းကျောင်းဖြစ်မြောက်ရေးအမှုဆောင် ဦးကိုကြီးက သင်တန်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ရှင်းပြသည်။

ယင်းဗေဒါသင်တန်းကျောင်းမှ ၂၀၁၂ ခုနှစ်၊ နှစ်ဆန်းပိုင်းကလည်း သင်တန်းအပတ်စဉ်(၁)ကို ပို့ချပေးခဲ့ပြီး သင်တန်းသား(၃၀)ဦးသာလက်ခံနိုင်ခဲ့သော်လည်း ယခုအပတ်စဉ်(၂)တွင် သင်တန်းသား (၆၀)ဦးထိ လက်ခံနိုင်ခဲ့ပြီး တိုင်းရင်းသားဒေသများမှ တက်ကြွပြီး သင်ကြားမည့် ဘာသာရပ်များကိုစိတ်ဝင်စားသည့် လူငယ်များကို ဦးစားပေးလက်ခံခဲ့ကြောင်း သင်တန်းတာဝန်ရှိသူ များကပြောသည်။

“ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းဘက်က တိုင်းရင်းသားတွေတော်တော်ပါပါတယ်”ဟု တာဝန်ရှိသူတစ်ဦးကဆိုသည်။
ယနေ့ သင်တန်းဖွင့်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယကကြီး ဦးတင်ဦးမှပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခြင်းနှင့် ဥက္ကဌ၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးမူဝါဒသဘောတရား မိန့်ခွန်း DVD ဖွင့်လှစ်ပြသခြင်းများဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။           ။

YPI မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free