၁၉၉၀ ပြည့်နောက်ပိုင်း မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် လက်ရှိ မြန်မာ့အရေး ကြားဝင် ဆောင်ရွက်နေသူ ဒဲရစ်မစ်ချယ်လ်အား ခန့်အပ်နိုင်ခြေ ရှိတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေတဲ့အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဘယ်အချိန်လောက်မှာ ကြေငြာချက် ထုတ်ပြန်နိုင်ပါသလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယား နူလန်း (Victoria Nuland) က သမ္မတရဲ့ ပုဂ္ဂလိက ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ကြေငြာချက် ထုတ်ပြန်ရန် အစီအစဉ် မရှိကြောင်း။ တကယ်လို့ ကြေငြာချက်တစုံတရာ ထုတ်ပြန်ဖို့ ရှိတယ်ဆိုရင်လည်း အိမ်ဖြူတော်ကနေ ကြေငြာမှာ သေချာပါကြောင်း ၂၀၁၂ ဧပြီ ၉ ရက်နေ့တွင် ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားသွားပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အပြောအရ ဒဲရစ်မစ်ချယ်လ်အား မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်နိုင်ခြေ ရှိတဲ့သတင်းဟာ အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းက ထွက်ပေါ်လာဟန် ရှိပြီး နိုင်ငံခြားရေးမူဝါဒ (Foreign Policy) မဂ္ဂဇင်း အင်တာနက်စာမျက်နှာတွင် ဧပြီ ၅ ရက်နေ့ ရက်စွဲနဲ့ ရေးသား ဖော်ပြထားကာ ယနေ့မြန်မာနဲ့ မြန်မာဆိုင်ရာ သတင်းဌာနများကလည်း အဆိုပါသတင်းကို ရေးသားခဲ့ကြပါတယ်။ ထိုသို့ ရေးသားခဲ့ကြပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အခုလို ထုတ်ဖော် ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ သတင်းထောက်တဦးက မြန်မာပြည်ပေါ် ဒဏ်ခတ် ပိတ်ဆို့မှုများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်နိုင်ဘွယ်ကိစ္စများနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ခန့်အပ်မယ့် သံအမတ်ရဲ့အမည်နဲ့ ပတ်သက်ပြီး အမြန်ဆုံး သတင်းထုတ်ပြန်နိုင်ရန် ဆက်လက် လုပ်ဆောင်နေကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာပြည်တွင် အမေရိကန်ရဲ့ အကူအညီပေးရေးရုံး (USAID office) ဖွင့်လှစ်မယ့်ကိစ္စ ပြောကြားခဲ့ကြောင်း၊ မြန်မာပြည်မှာ လုပ်ကိုင်နိုင်မယ့် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် ဆိုင်ရာကိစ္စများ၊ အဓိကကျတဲ့ မြန်မာအာဏာပိုင်တွေနဲ့ ပါလီမန်အမတ်များအပေါ် ခရီးသွားမှု ကန့်သတ်ရေးကို လျော့ချဖို့၊ ငွေကြေးဆိုင်ရာကိစ္စတွေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်အချို့ ပယ်ဖျက်ဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း၊ ဒါတွေဟာ လုပ်ဆောင်ဖို့ စဉ်းစားထားတဲ့အချက်တွေ ဖြစ်ကြောင်း၊ ဒီနေရာမှာ အမှတ်ရစေလိုတာက မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုအပေါ်ကို တုန့်ပြန်တဲ့ လုပ်ဆောင်မှုတွေကိုသာ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ အခု ပြောင်းလဲမှုများ ပြုလုပ်ခြင်းဟာ ပါလီမန်ရွေးကောက်ပွဲရဲ့ ရလဒ်ကောင်းအပေါ် အခြေခံ ပြုလုပ်တာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆက်လက် ပြောကြားခဲ့ပါတယ်။ လောလောဆယ်မှာတော့ မြန်မာ ကျန်းမာရေးဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၁ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ မင်္ဂလာမြန်မာအဖွဲ့က ဒေါက်တာဘုန်းဝင်းနဲ့အတူ ၀ါရှင်တန်ဒီစီကို ရောက်ရှိနေပြီး ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စများကို အဓိကထား ဆွေးနွေး လုပ်ကိုင်နိုင်ဘွယ်ရှိကြောင်း သိရှိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း အမေရိကန်နိုင်ငံကို လာရောက်နိုင်ကြောင်း ပြောဆိုမှုတွေ ရှိနေပါတယ်။ ယနေ့မြမန်မာမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free