၂၀၁၂ ခုနှစ် မတ် ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၂) ၏ ဆုံးဖြတ်ချက်အရ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် နိုင်ငံတော်အတွင်းသို့ တင်သွင်းလာသော မော်တော်ယာဉ်များကို ချောမွေ့စွာအသုံးပြုရန်နှင့် လမ်းအန္တရာယ်ကင်းရှင်းမှု (Road Safety) ရှိစေရန် ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ ၃၊ မော်တော်ယာဉ် နည်းဥပဒေများ၏ နည်းဥပဒေ ၂၂(က)နှင့် ၂၁၄(ခ)တို့အရ မော်တော်ယာဉ်အမျိုးအစားအလိုက် မူလတန်ဖိုးအပေါ် မှတ်ပုံတင်ခကို (က) ကုန်တင်ယာဉ်များ (Light Truck, Truck, Dumper, Tanker, Refrigerated Van; Box Truck, Crane Truck, Logging Truck, Container Carrier Truck, Tractor Head) ကို ၅ ရာခိုင်နှုန်း၊ (ခ) ခရီးသည်တင်ယာဉ်(ဘတ်စ်) (ယာဉ်မောင်းအပါအဝင် ၁၅ ဦးနှင့်အထက်) ကို ၅ ရာခိုင်နှုန်း၊ (ဂ) လူစီးယာဉ် (Saloon, Jeep, Station Wagon, Pickup, Micro bus, Van, MPV, SUV) တွင် (၁) စက်စွမ်းအား ၁၃၅၀ စီစီနှင့်အောက်ကို ၅၀ ရာခိုင်နှုန်း၊ (၂) စက်စွမ်းအား ၁၃၅၁ စီစီမှ ၂၀၀၀ စီစီအထိကို ၈၀ ရာခိုင်နှုန်း၊ (၃) စက်စွမ်းအား ၂၀၀၁ စီစီမှ ၅၀၀၀ စီစီအထိကို ၁၀၀ ရာခိုင်နှုန်းနှင့် (၄) စက်စွမ်းအား ၅၀၀၁ စီစီနှင့်အထက်ကို ၁၂၀ ရာခိုင်နှုန်း အစရှိသည်ဖြင့် သတ်မှတ်လိုက်ကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free