နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့သည် ယနေ့ နံနက် နေပြည်တော်တွင် တွေ့ဆုံခဲ့ပါသည်။ ဗြိတိန်ဝန်ကြီးချုပ်၏ တစ်ရက်တာ ခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံမည်ဖြစ်ပါသည်။ နောက်ဆုံးသိရှိရသော သတင်းအရ ဗြိတိန်ဝန်ကြီးချုပ်သည် နေပြည်တော်မှ ရန်ကုန်သို့ ရောက်ရှိလာပြီဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ညနေ ၄နာရီ ၂၀ ခန့်မှ စတင် တွေဆုံဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရှိရပါသည် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ထားမှုများအနက် အချို့ကို ရပ်ဆိုင်းသင့်ကြောင်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အမှန်တကယ်အလားအလာ ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအတွက် နိုင်ငံတကာက ထောက်ခံသင့်သည်ဆိုသည်မှာ မှန်ကန်ပါကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြညသူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် ဧပြီလ ၁၃ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံအပြီင်္း ပြည်တွင်း၊ ပြည်ပမီဒီယာများနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ Eleven Media မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free