ဧပြီ(၁)ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် ၄၅နေရာသို့ မီဒီယာများ သွားရောက် သတင်း ရယူခွင့်နဲ့ ပွင့်လင်းမြင်သာမှုက ရွေးကောက်ပွဲ တရားမျှတမှုကို အထောက်အကူပြုခဲ့ကြောင်း သံတမန်အသိုင်း အ၀ိုင်းက ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဌာနက အာဆီယံ အပါ အ၀င် နိုင်ငံတစ်ကာစောင့်ကြည့် လေ့လာရေးအဖွဲ့များ၊ သံတမန်များ၊ ပြည်ပမီဒီယာများကို ရွေးကောက်ပွဲ သတင်းရယူခွင့်စောင့်ကြည့်လေ့လာခွင့် များအတွက် စီစဉ်ဆောင်ရွက်ပေးမှုနဲ့ အတူ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာသမားများ အတွက်နေရာဒေသ မရွေး
သွားရောက် သတင်းရယူနိုင်ရန် သတင်းထောက်ကတ်ပြားများ ထုတ်ပေးခြင်းတို့  အတွက် ကိုလည်း ပြည်တွင်းပြည်ပ သတင်းသမားများက အထူးကို အားရကျေနပ်မှုတွေ ရှိနိုင်ကြောင်း သတင်းတင်ဆက်မှုများအရ သုံးသပ်ကြပါတယ်။ မူလက ကိုက်(၅၀၀)အတွင်း အဟန့်အတား ကန့်သတ်ချက်များ သတိပြုဖွယ် ရှိတဲ့အတွက် သတင်း ရယူခွင့် စောင့် ကြည့် လေ့လာခွင့် တို့ အတွက် အတားအဆီး ဖြစ်နိုင်ဖွယ် စိုးရိမ်ခဲ့ကြပင်မယ့် မဲပုံးအနီးအထိ သတင်းရိုက်ကူးခဲ့ကြသော သတင်းရုပ်ပုံများကို ကြည့်ရှုကာ သတင်းလွတ်လပ်ခွင့် ရှိသော ရွေးကောက်ပွဲလို့တောင် အပြု သဘောပြော ကြားသံ တွေကိုလည်းကြားသိရပါတယ်။

Popular Myanmar မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free