မန္တလေးမြို့ မြို့တော်ခန်းမတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မန္တလေး၊ စစ်ကိုင်းမှ လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲကို ယခုလ ၂၆ ရက် နေ့တွင် ကျင်းပရာ ပြည်သူကပေးသည့် အာဏာနှင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားမည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လုပ်ငန်းရှင်များကို ကတိပေး လိုက် ကြောင်းသိရသည်။ အဆိုပါအခမ်းအနားတွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့ လွှတ်တော်ကော်မတီများ၊ ကော်မရှင် များ ၊မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ တက်ရောက်ခဲ့ကြ ပြီး ပြည်သူ့လွှတ်တော် တာဝန်ရှိသူများ က လုပ်ငန်းဆောင်ရွက် ချက်များကို ပြောကြားပြီး လုပ်ငန်းရှင်များက လုပ်ငန်း လိုအပ်ချက်များနှင့် အသင်းအဖွဲ့အစည်း လိုအပ်ချက်များကို တင်ပြ ဆွေးနွေးခဲ့ကြသည်။ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည် များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးသိန်းထွန်းက"အခု လက်ရှိ မန္တလေးမှာ ဖြစ်နေတဲ့ လျှပ်စစ် မီးအခြေအနေမှာ တော်တော်လေး ဆိုးဝါးတဲ့ အနေအထားမှာ ဖြစ်နေပါ တယ်။ ပြည်တွင်း စက်မှုလုပ်ငန်းလေး တွေဟာ ဒီလျှပ်စစ်မီးကိုပဲ အဓိက အား ကိုးပြီး လုပ်ငန်းလည်ပတ် နေရတာပါ။အထူးသဖြင့် ကျွန်တော်တို့ဆီစက်တွေ ကလည်း မီးကို အမှန်တကယ်လိုအပ်ပါ တယ်။ လိုအပ်တယ်ဆိုတဲ့ နေရာမှာ လည်း တောက်လျှောက်ကို မဆိုလိုပါ ဘူး။ အခုဖြစ်ပျက်နေတဲ့ အနေအထား က မန္တလေးမှာ ၁၀ မိနစ်လောက်လာ တယ်။ ပျက်တယ်။ တစ်ခါ တလေ တစ်နာရီလောက်လာတယ်၊ ပျက်သွား တယ်။ အဲဒီလိုအနေအထားမျိုးမှာ လုပ်ငန်းအများစုမှာ တော်တော်လေး အခက်အခဲ ဖြစ်နေရပါတယ်။ ပြောရ မယ်ဆိုရင်ဖြင့် ဒီအခက်အခဲတွေက လည်း ရိုးတောင်ရိုးနေပါပြီ။တစ်မြို့လုံး ကို ဓာတ်အား အပြည့်အ၀ မပေးနိုင်ရင် တောင်မှ အရင်နှစ်တွေတုန်းကလိုပဲ တစ်နယ်မြေနဲ့ တစ်နယ်မြေ အချိန်ပိုင်း ခွဲတမ်းနဲ့ ကန့်သတ်ပြီး ပေးမယ်ဆိုရင် လုပ်ငန်းတွေ အတွက်လည်း အဆင်ပြေ နိုင်ပါတယ်။ အခက်အခဲလည်း နည်း နည်း လျှော့သွားနိုင်ပါတယ်"ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် တကွ ပြည်သူ့ လွှတ်တော်ကော်မရှင်တို့အား လုပ်ငန်း လိုအပ်ချက်အဖြစ် တင်ပြခဲ့သည်။ ပြည်သူ့လွှတ်တော် ကော်မရှင်နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးရာတွင် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ကြံနှင့် ကြံထွက် ပစ္စည်းထုတ်လုပ် သူများနှင့် ကုန်သည်များအသင်း၊ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၊ ပွဲစားကုန်သည် စက်ပိုင်များ မဟာ ကထိန်တော်အသင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူများကလည်း လုပ်ငန်း လိုအပ်ချက်များကို ဆွေးနွေး တင်ပြခဲ့ကြသည်။ "အခုလိုမျိုး မန္တလေးကိုလာဖို့ရာ မျှော်လင့်နေတာကြာပါပြီ၊ အခုတော့ မျှော်လင့်ထားတဲ့အတိုင်း မန္တလေးကို ရောက်ရှိလာခဲ့ပါပြီ။ မန္တလေးနဲ့စစ်ကိုင်း ဆိုတာကလည်း စီးပွားရေးရော၊ လူမှုရေး ရော အဓိက အချက်အချာကျတဲ့မြို့ကြီး တွေဖြစ်တဲ့အတွက် လုပ်ငန်း ရှင်ကြီး တွေ နဲ့သီးခြားလာရောက် တွေ့ဆုံရတာပါ။ အခုလိုမျိုး လုပ်ငန်းရှင်တွေရဲ့ လိုအပ် ချက်၊ တောင်းဆိုချက်တွေကို ကြားသိ ရတဲ့ အတွက် လွှတ်တော်မှာ လုပ်စရာ ရှိတာလုပ်ပါမယ်၊ ကော်မတီမှာလည်း လုပ်ပါမယ်။ ပြည်သူ့လိုအပ်ချက်များကို ဆောင်ရွက်ပေး သွား မှာပါ"ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မန္တလေးနှင့် စစ်ကိုင်းမှ လုပ်ငန်းရှင်များ ကို ကတိပေးစကား ပြောကြားခဲ့သည်။ မြို့ နေလူထုက လုပ်ငန်းလိုအပ်ချက် များကို ပြောရမည်ဖြစ်ကြောင်း၊ အများ ပြည်သူအတွက် လိုအပ်ချက်များကို တင်ပြရမည်ဖြစ် ကြောင်း၊ တင်ပြချက် များကိုလည်း လိုအပ်လျှင် ဥပဒေတွေ ပြုပေးပြီး သက်ဆိုင်ရာဌာနအလိုက် ထိန်းညှိ ဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်း၊ သက်ဆိုင်ရာ မန္တလေးတိုင်း ဒေသကြီး ကော်မတီဥက္ကဋ္ဌများက လည်း လိုအပ်ချက်များကိုလာရောက် ဆွေးနွေး နိုင်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များ ၏ အဓိက ရည်မှန်းချက်မှာ ပြည်သူ နှင့် နိုင်ငံအကျိုးစီးပွားများကို လွှတ်တော် အတွင်းမှာ အဓိက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။ တွေ့ဆုံပွဲတွင် ကုန်စည်ပို့ဆောင် စရိတ်များပြားခြင်းကြောင့် ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်မားရခြင်းဖြစ်သည့် အတွက် တန်ပိုများ လျှော့ချ ပေးရန်ကို လုပ်ငန်းရှင်အားလုံးက အထူးအလေး ထားတောင်းဆို ဆွေးနွေးသွားခဲ့ကြ သည်။ မြန်မာ့တိုင်းမ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free