တရုတ်မြန်မာ နယ်စပ် အကြီးဆုံး ဂိတ်တခုဖြစ်သည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်တွင် ယနေ့ နံနက် (၅) နာရီ ကျော် အချိန်ခန့်က ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာရှိတဦး သေဆုံးခဲ့သည်။
“ဒီမနက် (၅) နာရီ ကျော်လောက်ကပဲဗျ။ အ၀င်အထွက်လုပ်တဲ့ ဂိတ်နားမှာ ကွဲတာ။ လ၀က တစ်ပွင့်ဗိုလ် တယောက် သေသွားတယ်။ နာမည်တော့ မသိဘူးဗျ။” ဟု မူဆယ်မြို့ခံ တဦးက ပြောသည်။
ယင်းကိစ္စ မူဆယ်မြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းကြည့်ရာ “အဲဒါ သတင်းတပ်ဖွဲ့နဲ့ ဆက်သွယ် ညှိနှိုင်းပါဆရာ။ ကျနော်တို့ဆီမှာ လူကြီးတွေက ပြန်မလာသေးလို့ပါ။” ဟု ဖုန်းကိုင်သူ တဦးက ပြောဆိုသည်။
လောလောဆယ် မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို မသိရသေးသော်လည်း ယင်းဒေသတွင် ဌာနေပြည်သူ့စစ် အသွင်ပြောင်းထားသည့် လက်နက်ကိုင် တပ်ဖွဲ့များ၊ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် ရှမ်းတပ်ဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး ဆက်လက် ဆွေးနွေးနေသည့် ကချင် တပ်ဖွဲ့များ အပြင် အစိုးရတပ် များလည်း လှုပ်ရှားလျက်ရှိသည်။
လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကလည်း မူဆယ်မြို့ (၁၀၅) မိုင် စစ်ဆေးရေးဂိတ်ရှေ့ လမ်းမကြီးပေါ်တွင် ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။

NMG မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free