မြစ်ကြီးနားမြို့ပေါ်တွင် ဗုံးပေါက်ကွဲပြီးနောက်ပိုင်း ယမန်နေ့ နံနက်မှစတင်ကာ မြစ်ကြီးနား-နမ္မတီး-မိုးကောင်းလမ်းကို လုံခြုံရေးအရ သွားလာခွင့်မပြုတော့ကြောင်း မြစ်ကြီးနားမြို့ခံများကပြောသည်။

မြစ်ကြီးနားမြို့အထွက် အထက ၄ ကျောင်းအနီး လေယာဉ်ကွင်း သွားလမ်းပေါ်ရှိ ၃၇ ဂိတ်ကို ပိတ်ထားသည်ကိုတွေ့ရှိရပြီး ပေါက်ကွဲမှုများ ထပ်မံဖြစ်ပေါ်နေခြင်းကြောင့် လုံခြုံရေးအရ ပိတ်ထားရခြင်းဖြစ်ကြောင်း ဂိတ်စောင့် စစ်သားတစ်ဦးကပြောသည်။

“ပေါက်ကွဲသံတွေဆက်တိုက်ကြားနေရသေးတယ်။ မနေ့ညက ၁၀ နာရီဝန်းကျင်လောက်မှာလည်း တော်တော်ကျယ်ကျယ်ကြားရတယ်။ လက်နက်ကြီးတစ်ခုခုပေါက်ကွဲသံပဲ။ ဘယ်နေရာမှာ ဖြစ်နေတာလဲတော့မသိဘူး” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။

နေရာအတည်မပြုနိုင်သေးသည့် ပေါက်ကွဲမှုများကြောင့် မြစ်ကြီးနား-နမ္မတီး-မိုးကောင်းလမ်းကို လုံးဝပိတ်ထားပြီး မည်သည့်ယာဉ်ကိုမျှ ဖြတ်သန်းခွင့်မပြုတော့ဟု လုံခြုံရေးတာဝန်ကျသူများကပြောသည်။

မြစ်ကြီးနား အဝေးပြေးဝင်းမှထွက်သောခရီးသည်တင်ကားများမှာ ၃၇ ဂိတ်ကို ရှောင်သည့်ဖြတ်လမ်းမှ သွားလာလျှက်ရှိသည်။

မြစ်ကြီးနားမြို့ပေါ်တွင်လည်း ညဘက်တွင် ရဲ၊ မီးသတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖွဲ့လိုက် ဆိုင်ကယ်များအား တားဆီးစစ်ဆေးခြင်းနှင့် ကင်းလှည့်ခြင်းများတိုးမြှင့်လုပ်ဆောင်လာသည်ကိုတွေ့ရသည်။

လွန်ခဲ့သည့်နှစ်ရက်က မြစ်ကြီးနား ဆေးရုံအနီးတွင် ဗုံးပေါက်ကွဲမှုကြောင့် လူသုံးဦး ဒါဏ်ရာရရှိခဲ့သည်။         

YPI မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free