ကော်ဖီနှင့် သစ်တောစီမံကိန်းအား အကြောင်းပြု၍ လယ်ယာမြေအသိမ်းခံရသော ပြင်ဦးလွင်နှင့် နောင်ချိုဒေသခံလယ်သမား ၁၈၀၀ ဦးကျော် စုပေါင်း၍ တိုင်ကြားထားသောစာအုပ်ကို နိုင်ငံတော်သမ္မတကြီးထံပေးပို့ထားကြောင်း လယ်ယာမြေ အသိမ်းခံရသူ ပြင်ဦးလွင် မြို့နယ် ညောင်တုန်းကျေးရွာနေ ဦးနေလင်းဦးက ပြောကြားသည်။ အဆိုပါ စာအုပ်တွင် ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ပေါင်း ၄၀ မှ လယ်သမား ၁၈၁၆ ဦး ၏ လယ်ယာမြေ ၉၃၁၉ ကျော် ဧကသိမ်း ဆည်းခံခဲ့ရသည့် ဖြစ်စဉ်ကို နိုင်ငံတော် သမ္မတကြီး အပါအဝင် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၊ ILO အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများထံ တိုင်ကြားထားကြောင်း ၎င်းက ဆိုသည်။ မကြာမီကာလအတွင်း ထွက်ပေါ်လာဖွယ်ရှိသော လယ်ယာမြေဥပဒေအရ လယ်လုပ်သူများအနေဖြင့် လယ်ယာမြေအား သားစဉ်မြေးဆက် ပိုင်ဆိုင်ခွင့်ရှိရုံသာမက ကန့်သတ်ချက် အချို့ဖြင့် ပေါင်နှံရောင်းချခွင့် ရှိမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးက ပြောကြားသည်။ အဆိုပါ လယ်ယာမြေသိမ်းဆည်းမှု အခြေအနေနှင့်ပတ်သက်၍ ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်ခဲ့သော်လည်း ခရိုင်အုပ်ချုပ်ရေးမှူး နေပြည်တော်သို့ သွားနေသဖြင့် တာဝန်ယူပြောကြားမည့် လူကြီးမရှိကြောင်း ဝန်ထမ်းတစ်ဦးက ပြန်လည်ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ ၂ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်

ခေတ်လူငယ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free