၂၀၁၂ခုနှစ်မတ်လမှစတင်ကာ စက်သုံးဆီဈေးနှုန်းများတရိပ်ရိပ် မြင့်တက်နေသည်ကိုပုဂ်္ဂလိကစက် သုံးဆီအရောင်းဆိုင်ဈေးနှုန်းများ  အရသိရသည်။““ဆီဈေးကတ ဖြည်းဖြည်းတက်လာတယ်ဗျာ၊ဒီဇယ် ဓါတ်ဆီ၊အောက်တိန်းအကုန်လုံးပဲ တက်နေတာ၊သင်္ကြန်ပြီးရင်တော့ ပြန်ကျမယ်ထင်တာပဲ””ဟုတောင် ဥက္ကလာပမြို့နယ်မှအငှားယာဉ်မောင်း တစ်ဦးကသင်္ကြန်မတိုင်မီကပြောခဲ့ သည်။
ယခုသင်္ကြန်ပြီးနောက်ပုဂ္ဂလိက  စက်သုံးဆီအရောင်းဆိုင်များရှိဈေး နှုန်းဘုတ်  (L.E.D Board)များ တွင်ဒီဇယ်တစ်ဂါလံ၃၅၀၀ကျပ်၊ ဓါတ်ဆီတစ်ဂါလံ၃၅၀၀ကျပ်၊အောက် တိန်းတစ်ဂါလံ၃၉၅၀ကျပ်မှ၄၁၀၀ ကျပ်နှုန်းဖြင့်ကြော်ငြာရောင်းချလျက် ရှိသည်။
““ဖေဖေါ်ဝါရီလဆန်းပိုင်းက ဓါတ်ဆီတစ်ဂါလံကို၃၃၅၀ကျပ်ပဲ ရှိရာကနေသင်္ကြန်ရောက်ခါနီးတော့ ၃၅၀၀ဖြစ်သွားတယ်၊အခုသင်္ကြန် ပြီးတော့လည်းဈေးကမကျဘူး၊ အောက်တိန်းဆိုရင်၃၆၀၀ကနေ   ၄၀၀၀လောက်ဖြစ်နေတာအခုထိပဲ၊ သင်္ကြန်ပြီးရင်ဈေးပြန်ကျမယ်ထင် တာ၊မကျဘူးဗျာ””ဟုကိုယ်ပိုင်အငှား ယာဉ်မောင်းတစ်ဦးကဆိုသည်။ဓါတ်ဆီသုံးယာဉ်များသည် ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် တစ်နေ့နှစ်ဂါလံနှုန်းကို၃၅၀၀ကျပ် ဈေးဖြင့်ရောင်းချပေးသည်။အသုံး များ၍မလောက်ပါကလမ်းဘေး တွင်ရောင်းချသောအပြင်ဆီဆိုင် များတွင်ဝယ်သုံးရပြီးတစ်ဂါလံလျှင် ၃၈၀၀ကျပ်မှ၄၀၀၀ကျပ်ခန့်အထိ ၀ယ်သုံးရလေသည်။လမ်းဘေးဆီ ဆိုင်များသည်ဆီတစ်ဂါလံလျှင်အနိမ့် ဆုံး၃၀၀ကျပ်မှ၅၀၀ကျပ်အထိအမြတ် တင်ရောင်းချနေကြောင်းသိရသည်။
““ကျွန်တော်ကိုကုမ္ပဏီကခိုင်း လို့မှော်ဘီသွားလိုက်တာဓါတ်ဆီ မလောက်လို့၄၈၀၀နဲ့ဝယ်ထည့်ခဲ့ ရတယ်၊ရန်ကုန်နဲ့ပိုဝေးတဲ့နေရာသွား ရင်တော့ဆီဈေးကိုမှန်းလို့မရတော့ ဘူး၊သူတို့ရောင်းတဲ့ဈေးနဲ့ဝယ်ထည့် ရတော့မှာပဲ””ဟုရန်ကုန်မြို့တွင်းကုမ္ပဏီတစ်ခု၏ယာဉ်မောင်းကရင် ဖွင့်ပြောကြားသည်ကိုသိရှိရသည်။

hot news မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free