ရန်ကုန်တိုင်းဒေသကြီး၊တောင် ဥက္ကလာပမြို့နယ်ဟေမ၀န်ဈေးသည် ၂၀၁၂-ခုနှစ်ဧပြီ(၁၀)ရက်နံနက်    ၁း၂၀နာရီတွင်မီးဘေးသင့်ခဲ့ရာပျက် စီးသွားသောဈေးရုံများကိုမူလနေ     ရာ၊မူလပေအကျယ်အတိုင်းပြန် လည်ဆောက်လုပ်လျက်ရှိသဖြင့် အခွန်ထမ်းဈေးသူဈေးသားနှင့်အများ ပြည်သူတို့အဆင်ပြေစွာပြန်လည် ရောင်းဝယ်ကြရမည်ဖြစ်ကြောင်း သိရသည်။
မီးလောင်၍ပျက်စီးဆုံးရှုံးသွား သောဆိုင်ခန်းပေါင်း၈၉၃-ခန်းကို    ဈေးသူဈေးသားတို့၏ဆန္ဒအတိုင်း မူလဈေးရုံတွင်မူလနေရာ၊မူလပေ အကျယ်အတိုင်းပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ဘတ်ဂျက် ဖြင့်အကုန်အကျခံလျက်စည်ပင်  သာယာအင်ဂျင်နီယာဌာနခွဲမှူး ဦးသန်းထွန်းအားတာဝန်ပေးဆောက် လုပ်လျက်ရှိသည်။မူလဈေးရုံများ ကိုအမြန်တည်ဆောက်လျက်ရှိရာ ဇွန်လလယ်ခန့်တွင်ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်မည်ဟုမျှော် မှန်းထားကြောင်းဈေးတာဝန်ခံ      ဦးခင်မောင်ဝင်းထံမှသိရသည်။
ဈေးရုံများပြန်လည်တည် ဆောက်ရာတွင်ဈေးရုံကြီးများ၏ မူလပုံစံအကျယ်အ၀န်း၊အုတ်မြစ်  များ၏တိုင်နေရာအတိုင်းတည် ဆောက်ထားပြီးတစ်ဝက်တစ်ပျက်၊ တစ်စိတ်တစ်ပိုင်းလောင်ကျွမ်းခံရ သောဈေးရုံများကိုမူလသစ်သား ထည်အတိုင်းအစားထိုးပြုပြင်ဆောက် လုပ်နေပြီးဈေးရုံတစ်ရုံလုံးလောင် ကျွမ်းခဲ့သောရုံများကိုမူသံမဏိအမာ ထည်တိုင်နှင့်ယက်မများအသုံးပြု ၍မူလခေါင်ထက်နှစ်ပေခန့်မြှင့်၍ ဆောက်လုပ်နေသည်ကိုတွေ့ရှိရ သည်။ထို့ပြင်ဈေးဆိုင်ရှင်များ၏ ရောင်းချသောကုန်ပစ္စည်းများလုံ ခြုံစွာသိမ်းဆည်းနိုင်ရန်ဈေးခုံ၊အခင်း အကာစသည်တို့ကိုဆိုင်ရှင်၏အစီ အစဉ်ဖြင့်မိမိစိတ်ကြိုက်လုပ်ဆောင် ခွင့်ပေးထားကြောင်းလည်းဦးခင်မောင် ၀င်းမှဆက်လက်ပြောကြားခဲ့သည်။  ဟေမ၀န်ဈေးကိုတောင်ဥက္ကလာမြို့နယ်၏တိုင်းအားကစားကွင်း၊ ပဒေသာရုပ်ရှင်ရုံတို့နှင့်နီးကပ်စွာ တည်ရှိပြီး၁၉၆၀-ခုနှစ်တွင်စတင် တည်ဆောက်ဖွင့်လှစ်ခဲ့သည်။ဈေးရုံအမျိုးမျိုးရှိပြီးဆိုင်ခန်းပေါင်း ၁၂၀၀-ခန့်ရှိရာအထည်အလိပ် သီးသန့်ရောင်းချသောဆိုင်ခန်း၇၅၅ ခန်းပါဝင်သဖြင့်တစ်ချိန်ကရန်ကုန် မြို့၏အထည်အလိပ်ဖြန့်ချီရာအဓိ ကနှင့်အထူးစည်ကားသောဈေးကြီး ဖြစ်ခဲ့သည်။

Hot News weekly မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free