လုပ်သားပြည်သူဟူသော စကား လုံးသည် တစ်ခေတ်တစ်ခါက ခေတ်စား ခဲ့ပါ၏။ပြည်သူ့တရားရုံးများတွင်လုပ်သား ပြည်သူတို့ ကိုယ်စားလှယ်တရားသူကြီး များ ရုံးထိုင်ကြလေသည်။ လမ်းစဉ်ပါတီ ၏ မိန့်မှာချက်အရ ပြည်သူ့တရားရုံးများ သည်လုပ်သားပြည်သူတို့၏အကျိုးစီးပွား ကိုသာ ကြည့်ကြရမည်။ လုပ်သားပြည် သူတို့၏ အကျိုးအတွက်ဆိုလျှင် တရား ဥပဒေကမည်သို့ပင်ဆိုစေကာမူ ဆုံးဖြတ် နိုင်စွမ်းရှိရမည်ဟူ၏။
ထို့ကြောင့် ပြည်သူတရားသူကြီး များခေတ်က အမှုဆုံးဖြတ်ချက်အချို့တွင် တရားဥပဒေက မည်သို့ပင်ဆိုစေကာမူ ဟူသော စကားအသုံးအနှုန်းများတွေ့ခဲ့ ရလေသည်။ အလုပ်သမား၊ လယ်သမား တို့အကျိုးသာ အဓိကဖြစ်သည်ဟု ခံယူ ခဲ့ကြသည်။
ထို့အတူ တရားဥပဒေက မည်သို့ ပင်ဆိုစေကာမူဟူသောဝေါဟာရခေတ်စား ခဲ့ရာ လူရွှင်တော်များထံသို့ပင်ရောက် ရှိသွားခဲ့ရလေသည်။ ဤသို့ဖြင့် တရား ဥပဒေကို မျက်ကွယ်ပြုရာရောက်သည်။ တရားဥပဒေကို အလေးထားခြင်းမပြု သော ပြုမူချက်၊ ဆောင်ရွက်ချက်များ သာဖြစ်တက်သည်ကို သင်ခန်းစာယူခဲ့ မိသည်။
ယခုအခါ ဒီမိုကရေစီခေတ်နဲ့ လျှောက်လှမ်းနေပြီဖြစ်၍ တရားဥပဒေ စိုးမိုးရေးသည်အဓိကတရားဥပဒေအထက် ၌မည်သူမျှမရှိစေရဟူသောအတွေးအခေါ် အဆိုအမိန့်များရှေ့တန်းရောက်လာပြန် သည်။ မှန်ပါသည်။ ပြည်သူတစ်ရပ်လုံး ကလည်း လိုလားထောက်ခံကြပါသည်။
သို့ရာတွင် တရားဥပဒေက မည်သို့ ဆိုစေကာမူ..ဖြစ်ရပ်ဖြစ်စဉ်များကိုတွေ့ မြင်နေကြရသည်။ မိမိတို့နှင့် ထိတွေ့သ မျှ သာဓကတင်ပြရပါမည်။ မဟာရန်ကုန် တွင် လူအများနှင့်တွေ့ထိ ဆက်ဆံနေရ သည်မှာ မြို့တော်တက္ကစီခေါ် အငှား ယာဉ်များဖြစ်သည်။ အငှားယာဉ်များ မီတာတပ်ဆင်ရမည်။ မီတာနှင့်သာ ခရီး သည်များကို ပို့ဆောင်ရမည်ဟု စည်းကမ်း ဥပဒေရှိပါသည်။ မီတာတပ်ဆင်ပါ၏။ သို့သော် မီတာနှင့် မသွား။ ကြိုက်ဈေး တောင်းနေကြပါသည်။ မသွားမဖြစ်သွား လာနေကြရသော ပြည်သူများစိတ်ချမ်း မှုမရှိ။ မီတာနှင့် မသွားလျှင်အရေးယူရန် ဖြစ်သော်လည်း အရေးယူခြင်းမရှိပေ။ တရားဥပဒေက မည်သို့ပင်ဆိုစေကာမူ အတိုင်းဖြစ်ပါ၏။
မြို့နယ်အသီးသီးရှိ ရပ်ကွက်လမ်း သေးလမ်းမြှောင်ပါမကျန် နံပါတ်မပါ သောဆိုင်ကယ်မျိုးစုံစီးနင်းနေကြသည်။ ကလေးများ၊ လမ်းသွားလမ်းလာများက ကြည့်ရှောင်ကြရသည်။ မရှောင်လို့တိုက် မိလျှင် ဆိုင်ကယ်သမားကပင် မရှောင်ရ သလောဟု ပြစ်တင်ကြိမ်းမောင်းသည်။ ဥပဒေအရ လျှပ်စစ်ဝန်ထမ်းအချို့သာ ဆိုင်ကယ်စီးခွင့်ရှိသည်ဆိုသော်လည်း ရပ် ကွက်ထဲမှာ ဆိုင်ကယ်တစ်စီးနှင့် ၂ လုံး သမား ၃လုံးသမားတို့ ငွေလိုက်တောင်း နေသည်ကိုတွေ့ကြရပါမည်။ ဘက်ထရီ ဆိုင်ကယ်များလည်း ပေါများနေရာ က လေးများ၊ မိန်းမငယ်များ၊ စီးချင်သလိုစီး နေကြ၏။ ဥပဒေက မည်သို့ပင်ဆိုစေ ကာမူ..ပါပဲ။
ရပ်ကွက်လူထုနှင့် တွေ့ဆုံစဉ်ကြုံ တွေ့ရသည်မှာ မြို့တော်စည်ပင်ဝန်ထမ်း များဖြစ်ကြသည်။ သို့သော် သူတို့သည် လစာနည်းသူများဖြစ်ကြရာ တာဝန်မ ကျေမှုများရှိတတ်ပါသည်။ အောက်ခြေ ၀န်ထမ်းတို့တာဝန်မကျေသည်မှာအပေါ် က တာဝန်ရှိ အရာထမ်းများကြောင့်ဖြစ် လေသည်။ စည်းကမ်းမဲ့ လူအချို့သည် အမှိုက်များကို ပစ်ချင်ရာပစ်ကြသည်။ အမှိုက်ပြစ်သမျှ စည်ပင်ဝန်ထမ်းကလိုက် မကောက်နိုင်။ ထို့ကြောင့် အမှိုက်ပြစ်ရာ နေရာ အမှိုက်ကန်များထားပေးရပါမည်။
မြို့တော်စည်ပင်၏ ကြွေးကြော်သံ သဖွယ်ဖြစ်သော ဥပဒေသည် အလွန် ကောင်းပါ၏။ ဈေးဆိုင်ရှိလျှင် အမှိုက်ပုံး ရှိရမည်။ ဈေးရှိလျှင် အမှိုက်ပြစ်စရာနေ ရာ၊ အမှိုက်ကန်ရှိရမည်ဟူ၏။ သို့သော် မြို့နယ်အချို့တွင် စည်းကမ်းပျက်မှုတွေ ရှိနေသည်။ တောင်ဥက္ကလာပ စည်ပင် သာယာဈေးအပိုင်တစ်ခု၌ အမှိုက်ပစ်စ ရာနေရာမရှိ။ ယခင်က အမှိုက်ကန်ရှိ တယ်။ ခြံပိုင်ရှင်တစ်ဦး၏အလိုကျစည်ပင် အမှိုက်ကန် ဖျက်သိမ်းလိုက်ရသည်ဟု သိ ရသည်။
ထိုအခါ ဈေးသွားဈေးလာများက အမှိုက်ကို ပြစ်ချင်ရာပြစ်သွားကြလေ သည်။ ယခင်အမှိုက်ထားစရာ ပြစ်စရာ နေရာရှိ၍ မြို့နယ်စည်ပင်အမှိုက်ကား များပင် လာရောက်သိမ်းယူသည်ကိုတွေ့ ခဲ့ရဖူးသည်။ ၁၂ ရပ်ကွက်နေရာကောင်း မြေကွက်တစ်ကွက်ကို ငွေရှင်တစ်ဦးက ၀ယ်ယူလိုက်ပြီး ခြံခတ်လိုက်သည်။ အနီး အနားရှိ ကွမ်းယာဆိုင်ကလေးများ ခေါင်း ရွက်ဗျက်ထိုးဈေးသည်ကလေးများကို နှင် ထုတ်ပြီး ပန်းအိုးများကို ၄င်း၏ခြံအပြင် စည်ပင်နယ်မြေ၊ (ပလပ်ဖောင်းအထိ)ချ ထားသည်မှာ မြင်မကောင်းပါ။ ၄င်း၏ ကားကိုလည်း စည်ပင်မြေပလက်ဖောင်း ပေါ်မှာ ရွက်ဖျင်တဲ ထိုးထားပါသည်။ ခရီးသွားများ၊ ကျောင်းသူကလေးများ၊ လမ်းလျှောက်စရာမရှိ။ ကားလမ်းပေါ်က လျှောက်ရသည်မှာ အန္တရာယ်မကင်းပါ။
မြို့နယ် ရပ်ကွက်များနှင့် အနီးကပ် ထိတွေ့နေရသည်မှာ မြို့နယ်စည်ပင်ဌာန ဖြစ်ပါ၏။ ထိုဌာနအနေဖြင့် လူထုအကျိုး ကိုသာကြည့်သင့်ပြီး စည်ပင်ဥပဒေအရ သာ ဆောင်ရွက်သင့်ပါ၏။
သို့သော် ဥပဒေက မည်သို့ဆိုစေ ကာမူ..။ ဆောင်ရွက်နေမည်ဆိုပါက နိုင်ငံတော်၏ ခလုတ်ကန်သင်းသာ ဖြစ် သည်ဟု ယူဆရမလို ဖြစ်နေပါကြောင်း။
Hot News Weekly မှ ဖြစ်သည်။
Tags:
ဆောင်းပါး
Leave a comment