ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့် + ဒေါက်တာဒေါ်ခင်ဝင်းရွှေ ၊ သား၊သမီး၊မြေး မိသားစုတို့၏ သိက္ခာထပ်ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းးအနားကို ၉. ၄ .၂၀၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလိုတော်ပြည့် ကျောင်းတိုက်၌ ပြုလုပ်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ၀န်ကြီးချုပ်ဟောင်းဦးခင်ညွန့်၊ ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေ နှင့် မိသားစုဝင်များ ယခင်တပ်ဖွဲ့ဝင်ဟောင်းများနှင့် မိသားစုဝင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ အခမ်းအနားကို နံနက် ၈ နာရီတွင် ကျင်းပရာ ဦးခင်ညွှန့်နှင့် သားများဖြစ်ကြ သည့် ကိုဇော်နိုင်ဦး ဒေါက်တာရဲနိုင်ဝင်းတို့က ရဟန်းခံခြင်း (ဥပသမ္ဗဒမင်္ဂလာ) ပြုခဲ့ကြပြီး မြေးယောက်ျားလေးများ အား ပဗ္ဗဇ္ဇမင်္ဂလာ ရှင်သာမဏေအဖြစ် သွပ်သွင်းခဲ့ကြသည်။ ထို့နောက် မြေးမိန်းကလေး နှစ်ဦးတို့အား သီလရှင်ပြုပေးခြင်းဖြင့် ဗုဒ္ဓသာသနာတော်အတွင်း သွပ်သွင်းချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။ Hot News
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free