ဘာပဲဖြစ်ဖြစ်သက္ကရာဇ်တွေတွက် စစ်လိုက်တော့ဘာလိုလိုနဲ့ ကျွန်ုပ် “ဘိုး ဘိုးအောင်” ရဲ့ အသက် (၅၀) ကို ရက်စွန်း လာပါပေါ့။ ဘုရား ဘုရား ဒီမိုကရေစီခေတ်  ပြောင်းကာလလေးကိုမှီလိုက်ရလို့တော် ပါသေးရဲ့ လို့ကိုယ့်အသက်ကိုကိုယ်ကျေ နပ်နေမိတယ်။ ဒီမိုကရေစီအရေးမှာ ထက်သန်ပြင်းပြကြိုးစားခဲ့ကြသော်လည်း ခရီးမတ်တပ်လမ်းခုလတ်ကလူ့ဘ၀ကို နှုတ်ဆက်လက်ပြခွဲခွာသွားခဲ့ကြသော ပုဂ်္ဂိုလ်ကြီးငယ်များကို လွမ်းမိပါရဲ့။ သူတို့ တတွေရဲ့ ကျေးဇူးကိုလည်းအောင်မေ့မိပါ ရဲ့။
သို့ပေမယ့်ဗျာ။ ဒီမိုကရေစီအရေးမှာ လက်သီးလက်မောင်းတန်းခဲ့သော်လည်း ယခုလိုရောင်နီဦးမှာအားရ၀မ်းသာဖြစ်ရ မယ့်အစားဒေါသူပုန်ထနေတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ ကြုံရတဲ့အခါမှာတော့  ကျွန်ုပ် “ဘိုးဘိုးအောင်” အတော်စိတ်ပျက် သွားမိပါတယ်။ တစ်ချိန်က အထင်ကြီးခဲ့ သမျှ ယခုသူ့ပြောပုံဆိုပေါက်တွေကြောင့် “ဒီကောင်ဘယ်လိုဖြစ်သွားပါလိမ့်”လို့ ဝေဖန်စဉ်းစားလို့မဆုံးခင်မှာပဲစာတိုပေစ ရေးနေတဲ့ ကျွန်ုပ်ကို “ကိုယ့်ထမင်းကိုယ် အေးအေးမစားဘဲဟိုရေးဒီရေးလုပ်မနေနဲ့ မင်းတို့ရေးလို့ဘာမှဖြစ်လာမှာမဟုတ်ဘူး””ဟု ဒေါမာန်ပါပါပြောရင်းထိုသူငယ်ချင်းသည် အိမ်ပေါ်မှဆင်းသွားလေ၏။ “သူ့” နောက် ကျောပြင်ကိုကြည့်ရင်း “သြော် သူ့လုပ်ပိုင် ခွင့်တွေဆုံးရှုံးသွားလို့ဒေါကန်နေတာကိုး” ဟု ကျွန်ုပ်အဖြေထုတ်မိပါတော့သည်။
ကိုယ့်လုပ်ပိုင်ခွင့်တွေ၊ ကိုယ့်မိသားစု စုကောင်းစားရေားတွေကိုသာရှေ့တန်း တင်တဲ့ တစ်ဘ၀စံစိတ်ဓာတ်တွေစိတ်ညစ် စိတ်ပုပ်တွေတွေကြောင့် “ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်” ကာလတွေကို ပြန်လည် တမ်းတသတိရနေသောပုဂ်္ဂိုလ်တွေလည်း အများအပြားရှိနေပါသေးလားလို့ ကျွန်ုပ် “ဘိုးဘိုအောင်” ဉာဏ်အလင်းရသွားမိပါ တယ်။
ဘာပဲပြောပြော ကျွန်ုပ်“ဘိုးဘိုးအောင်” ကတော့ ယခင်ကလိုရေးချင်တာ မရေး ရ၊ ပြောချင်တာမပြောရတဲ့ကာလတွေကို စက်ဆုတ်မိသလိုယခုလိုပွင့်လင်းထင်သာ “ရောင်နီဦး”ကာ လကိုသိပ်ကြိုက်၊ အရမ်း ကြိုက်ဖြစ်မိတယ်ဗျာ။ ဂျာနယ်၊ မဂ္ဂဇင်း၊  တွေဖတ်ရတာလည်း အဆီတစ်ထပ်၊ အသားတစ်ထပ်၊ ဖတ်လို့မဆုံးမှတ်လို့မ ဆုံး၊ ဒါတောင် ကိုယ့်စီးပွားရေးအခြေအနေ  အရဂျာနယ်စုံအောင် မဖတ်နိုင်လို့ဂျာနယ် လေးနှစ်စောင်သုံးစောင်သာအပတ်စဉ် ယူပြီး ကျန်တဲ့နှစ်စောင်သုံးစောင်ကတော့ လူလည်ကျကာ ဟိုကငှားဖက်၊ ဒီကငှား ဖက်လုပ်ရတာပေါ့။
စတုတ္ထမဏ္ဍိုင်မီဒီယာသမားများ  စာနယ်ဇင်းဆရာများ၊ စာပေရဲဘော်များ၊ တော်ကြပါပေတယ်၊ ရေးခွင့်အတော် အတန်ရလာပြီဆိုတာနဲ့ ရေးလိုက်ကြတာ များ၊ မိုးရေဖြန်းလိုက်တဲ့ပိတောက်ဖူးလေး တွေလိုပဲ၊ ပွင့်လိုက်ကြတာများ ပင်လုံးဝါ ၀ါထိန်လို့။ စတုတ္ထမဏ္ဍိုင်စာနယ်ဇင်းသမား တွေရဲ့ ရေးသားတင်ပြချက်တွေကို ပေါင်း ရုံးစိစစ်သုံးသပ်ကြည့်မယ်ဆိုရင်သူတို့တ တွေဟာ အသပြာချမ်းသာချင်မှ ချမ်းသာ  မှာဖြစ်သော်လည်း ပြည်သူအပေါ်၊ စာဖတ်  သူအပေါ်၊ စေတနာကောင်းနဲ့ ရေးသား ဖန်တီးတင်ပြနေကြတာကို လယ်ပြင်မှာ ဂေါ်ဇီလာသွားသလိုထင်ထင်ရှားရှားတွေ့ မြင်နေရပါတယ်ဗျာ။ ဒါနဲ့တောင် အချို့ သော ပညာတတ်အဆင့်မြင့်ပုဂ်္ဂိုလ်ကြီး များက သူတို့လုပ်ချင်သလိုလုပ်ခွင့်မရ တော့တာနဲ့ပဲ “စတုတ္ထမဏ္ဍိုင်အလကား ပါ”လို့ ပြောချင်ဆိုချင်နေကြတော့ ကျွန်ုပ် “ဘိုးဘိုးအောင်” လည်း အံ့သြခြင်းကြီးစွာ ဖြစ်မိပါရဲ့။
ကျွန်ုပ် “ဘိုးဘိုးအောင်” တို့သက်တမ်း တလျှောက်မှာ “တိုင်းပြည်နဲ့ လူမျိုးကို ကျုပ်လောက်ချစ်တာရှိမယ်မထင်ဘူး။” ဆိုတဲ့ ပုဂ်္ဂိုလ်အချို့ရဲ့ ကိုယ့်ကိုယ်ကိုဖော် တဲ့ ကိုယ်ရည်သွေးမိန့်ခြွေစကားတွေလည်း ကြားခဲ့ဖူးပါတယ်။ နောက်ကွယ်မှာတော့ စီးပွားရေးလုပ်ငန်းရှင်ကြီးများနဲ့ လက်ဝါး ရိုက်ပြီး တိုင်းပြည်ရဲ့ သယံဇာတမှန်သမျှ “သူ့” ဘိုးဘေးဘီဘင်တွေထားခဲ့တဲ့ ကိုယ် ပိုင်အမွေအလားလုပ်ချသွားတဲ့ ဇာတ်လမ်း တွေလည်းဒုနဲ့ ဒေးပေါ့။ တချို့သောပုဂ်္ဂိုလ်  များကျတော့လည်းသူတို့ “စင်” ပေါ်မ ရောက်မီ “လျှပ်စစ်မီး (၂၄) နာရီအပြည့် လင်းစေရမယ်၊ လမ်းတံတားတွေအကုန် ကောင်းရမယ်။ ရေမပြတ်စေရဘူး၊ အလုပ်လက်မဲ့မရှိအောင်လုပ်ပေးမယ်။” စသည်ဖြင့် မက်လုံးတရားများနဲ့ တစ် သက်လုံး “စား” ဖို့ကြိုးစားကြသဗျ။ အဲဒီ လို့ လူမျိုးတွေနဲ့ တွေ့ရင်အဆိုတော်ကြီး “ဒေါ်မာမာအေး”ရဲ့ “ယုံတမ်းစကား” ဆိုတဲ့ သီချင်းလေးပြေးသတိရပါရဲ့ အဲဒီ သီချင်း ထဲမှာ။
““မရခင်ဖျာလိုလိပ်ကာ၊ ထိပ်ပေါ်မှာ သာ တင်လာခဲ့တဲ့မောင်မင်းကြီးသား ယောကျာ်းတွေမှာကွယ်၊ ခုတော့ဖျာလို သာကွယ်၊ ခင်းကာနင်းချေပါလို့ထားရာ နေစေရာသွားသူပြုသမျှနူရပြန်တော့တယ်။ ဆိုတဲ့ စာသားလေးလေ။ အနီအပြာကောင်း တဲ့ ပုဂ်္ဂိုလ်ကြီးများ “စင်” ပေါ်ရောက်သွား တဲ့အခါ မီးတွေလည်းလင်း၊ ရေတွေလည်း မပြတ်၊ လူတွေလည်းအလုပ်ရ “သူ့” ဆွေ တော်မျိုးတော်တွေ)၊ လမ်းတွေလည်း ကောင်းလာပါရဲ့။ ဒါပေမဲ့ “သူ” နေတဲ့ လမ်းထဲ၊ ရပ်ကွက်ထဲမှာဖြစ်နေတာတော့ တွေ့ရသဗျာ။
“တိုင်းပြည်ကိုချစ်ပါတယ်” ကြွေးကြော်  နေမယ့်အစားလက်တွေ့လုပ်ဆောင်ပြစေ ချင်ပါရဲ့။ ဒါနဲ့ ပတ်သက်ပြီး  Hot News ဂျာနယ်အမှတ် (၈၅) ထဲက ဆရာ “မောင်မောင်” (စင်ထရယ်)ရဲ့ “ကြွေးတင် ဘုရင်မဆပ်တော့ပါ”၊ ဆောင်းပါးကို ကျွန်ုပ် “ဘိုးဘိုးအောင်”ခံတွင်းတွေ့မဆုံး ဖြစ်ရတယ် “သူ့” ဆောင်းပါးထဲမှာ
““နိုင်ငံ၏ မိခင်၊ ဖခင်ဖြစ်သည့် မိဘ ပြည်သူများ၏ အကြွေး (နိုင်ငံတော်မှ ပေးဆပ်ရန်ရှိသော နိုင်ငံခြားကြွေးမြီဒေါ် လာသန်း (၁၁၀၀) ကျော်)ကို နိုင်ငံအတွင်း  ၀ယ်ရှိလျက်နေကြသော အာဆီယံအချမ်း  သာဆုံးစာရင်းတွင်နံပါတ်တစ်နေရာစီချိတ် ထားနိုင်ကြသည့်သူဌေးကြီးများကနေ တစ်ဦးလျှင်ဒေါ်လာသန်း ၅၀၀၊ ၄၀၀၊ ၃၀၀၊ ၂၀၀၊ ၁၀၀ စသည်ဖြင့် သူဌေး အယောက် ၃၀၊ ၄၀ လောက်က စုပေါင်း  ထည့်ဝင်ကြလျှင်နိုင်ငံခြားအကြွေးဒေါ် လာသန်း (၁၁၀၀) ကျော် ကြေနိုင်ပါ သည်”” ဟူသော တိုက်တွန်းထောက်ပြ ချက်သည် ငွေကြေးဓနကုံလုံကြွယ်ဝကြ သော ပုဂ်္ဂိုလ်ကြီးများ၏ ရင်ထဲမှတိုင်းချစ်၊ ပြည်ချစ်စိတ်ကို လှုပ်နှိုးစမ်းသပ်လိုက်သလို  ပါပဲဗျာ။
ကျွန်ုပ် “ဘိုးဘိုးအောင်” ငယ်စဉ်က အိမ်နီးချင်းထိုင်းနိုင်ငံရဲ့အဖြစ်အပျက်သတင်း တစ်ပုဒ်ကိုဖတ်ဖူးကြားဖူးလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ စီးပွားရေးအကြပ်ရိုက်တဲ့အခါ တိုင်းပြည်ရဲ့ သူဌေးသူကြွယ်ကြီးများ၊ ဗိုလ်ချုပ်ဗိုလ်ကြီးစသည်ဖြင့် ပြည့်စုံချမ်း သာသော အလွှာအသီးသီးမှ ပုဂ်္ဂိုလ်ကြီး များသည် သူတို့၏ ကိုယ်ပိုင်ရွှေငွေရတနာ များထဲမှ တိုင်းပြည်ဘဏ္ဍာထဲသို့လွှဲပြောင်း  ပေးလှူကြသောသတင်းဖြစ်ပါတယ်။ အင်မတန်လေးစားချီကျူးသာဓုခေါ်စရာ ကောင်းတဲ့အလှူဒါနပါပဲ။ “လူ” ဆိုတာ ကြီးပွားချင်၊ ချမ်းသာချင်ကြတာဓမ္မတာ ပါ။ ပုထုဇဉ်များပေကိုး၊ သို့သော်လည်း တစ်ဘ၀စာမကနောင်သံသရာအဆက် ဆက်၊ သားစဉ်မြေးဆက်ရွှေထမင်းရွှေ ဟင်းတွေစားနေရဖို့ လောက်ထိတော့ မလိုအပ်ဘူးထင်ပါတယ်။ သေရင်ကိုယ့် နောက်ဘာမှမပါဘူး။ ခြေဖ၀ါးလက်ဖ၀ါး ပဲလို့ပညာရှိကြီး “ဦးပေါ်ဦး” ကလည်း သက်သေပြသွားခဲ့ဖူးတယ်မို့လား။ သေရင် အားလုံးထားခဲ့ရမှာသိပါလျက်နဲ့ မတော်  လောဘတွေများလွန်းရင်လည်း ကိုယ့်သံ သရာအရေးရင်လေးဖို့ကောင်းပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအပေါ်အမှန်တကယ် ချစ်မြတ်နိုးကြောင်းကို တိုင်းပြည်ရဲ့ စီးပွား ရေးချွတ်ခြုံကျနေချိန်မှာ အလုပ်နဲ့ သက် သေပြကြဖို့လိုပါပြီ။
ကျွန်ုပ်တို့နိုင်ငံရဲ့ သမိုင်းတလျှောက် မှာ နိုင်ငံနဲ့ လူမျိုးအတွက်အသက်တွေ၊ သွေးတွေပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ ထင်ရှား၊ မထင်ရှားအာဇာနည်တွေ၊ မိသားစုဘ၀ တွေပျက်၊ ကိုယ့်ရဲ့အသက်လို့ပြောလို့ရတဲ့ အချိန်တွေကို “နရသိန်”ထဲမှာ စတေးခဲ့ရ သူမျိုးချစ်ပုဂ်္ဂိုလ်တွေအမြောက်အများရှိ ခဲ့တာအားလုံးအသိပါ၊ ဒီတော့သွေး၊ ချွေး၊ အသက်လည်းပေးစရာမလို၊ မိသားစုဘ၀ တွေလည်းပျက်ယွင်းစရာမရှိ၊ “နရသိန်” မှာ  တောရဆောက်တည်စရာလည်းအကြောင်း မရှိဘဲ ပြည်သူပြည်သားတွေရဲ့ ချစ်ခင် လေးစားမှုကိုလည်းရ တိုင်းပြည်ရဲ့အကြွေး  လည်းကင်းရလေအောင်ခေတ်သစ်ဇော တိကကြီးများအနေနဲ့ တိုင်းပြည်ချစ်စိတ် ကိုအလှူဒါနနဲ့ သက်သေပြဖို့အချိန်တန် ပြီလို့ ကျွန်ုပ် “ဘိုးဘိုးအောင်” တိုက်တွန်း လိုက်ချင်ပါတယ်။
မင်းသားကြီး “ဦးကျော်ဟိန်း” သီဆို ခဲ့တဲ့ သီချင်းတစ်ပုဒ်ရဲ့ တစ်ပိုင်းတစ်စကို သတိရမိပါရဲ့ ““သင်ဟာသမိုင်းကြောင်း ကောင်းဖို့တစ်ခုခုလုပ်ခဲ့သလား””တဲ့လေ။
ဟုတ်ကဲ့။ ကျွန်ုပ် “ဘိုးဘိုးအောင်”တို့ ပြည်သူပြည်သားတွေအားလုံးကိုယ့်တိုင်း ပြည်၊ ကိုယ့်နိုင်ငံနဲ့ ပတ်သက်လို့ကိုယ့် သမိုင်းကြောင်းကောင်းဖို့ကိုယ်စွမ်းသမျှ တစ်ခုခုလုပ်ကြစို့လားဗျာ။

HOT NEWS မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

One Response to this post

  1. Anonymous on April 19, 2012 at 6:58 AM

    Excellent!
    Please do as the example of Thailand: Rich persons and also the monks to look for the real "Nibbana" and save us from poverty/ in the lowest rank of Human Development Index.

Leave a comment

Join Free