တခါက ပေါ့ကွယ် …မျက်မမြင် ၅ ယောက်ရှိကြပါသတဲ့ … သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး အကြောင်းအရာ တစ်ခုခုကို နေ့စဉ် ပြောဆိုဆွေးနွေးငြင်းခုန်ကြပါ သတဲ့ … တစ်နေ့တော့ ..သူတို့ဟာ …အင်တာနက် ဆိုတဲ့ အကြောင်းအရာကစပြီး ဆွေးနွေးလာလိုက်ကြတာ နောက်ဆုံးတော့ ကွန်ပျူတာ ဆိုတာ ဘယ်လိုဟာလဲ ဆိုတဲ့ မေးခွန်း ကို ရောက်သွားကြပါသတဲ့ … လေသန်သန်နဲ့ ..အင်တာနက် အကြောင်းကိုသာ ရွှီးနေကြတာ …ကွန်ပျူတာ ဆိုတာ ဖြူ သလား မဲသလား ..မသိကြဘူး ကွဲ့ ..အဲလေ ..ဘယ်သိမှာလဲ သူတို့က မျက်မမြင်တွေကိုး .. တစ်နေ့တော့ ..သူတို့ ၅ ဦး ဆုံပြီး ..ကွန်ပျူတာ ဆိုတာ ဘယ်လို ဟာလဲ သိဘို့ …အတွက် ..ကိုကြီးကျော် ရဲ့ ရုံးခန်းကို ရောက်လာကြပါသတဲ့ … ရောက်လာတယ်ဆိုရင်ဘဲ ကိုကြီးကျော် ကို အကျိုးအကြောင်း ပြောပြတော့ ..ကိုကြီးကျော်လဲ အတော် သဘောတွေ ကျသွားပါသတဲ့ … " အမယ် တယ်ဟုတ်ပါလား ..ကို့ ညီတို့ ကိုတော့ လေးစာသွား ပဟ …အစ်ကို ကူညီမယ် " ဆိုပြီး ..သူ့ရဲ့ ဧည့်ခန်းထဲကို ထိုင်ခိုင်း ပါသတဲ့ … ပြီးတော့ ..သူ့ရုံးခန်းမှာလဲ ဧည့်သည်တွေ မရှိတော့ အိုကေဘဲပေါ့ သူဖတ်ဖူးတဲ့ ဟိုပုံပြင်ထဲက မျက်မမြင်တွေ ဆင်ကြီးကို စမ်းသလိုမျိုး စမ်းပြီး ကွန်ပျူတာကို ဘယ်လို ဥပမာပေးကြမလဲ ဆိုတာ သိပ်သိချင်နေတာပေါ့ ဒီလိုနဲ့ဘဲ ပထမ ဦးဆုံးတစ်ယောက်ကို ..အခန်းထဲကို ၀င်ခိုင်းပြီး စမ်းစေပါသတဲ့ ခဏနေတော့ ..သူ ပြန်ထွက်လာပြီး ကိုကြီးကျော်ကို ပြောသတဲ့ .. " ကိုကြီးရာ ..တကယ်တော့ ကွန်ပျူတာဆိုတာ …အပျိုမလေး ရဲ့ ဗိုက်သား လိုပါဘဲလား ဗျာ ..မျက်နှာပြင်ကလေးက ချောမွေ့ နေတာကိုး " တဲ့ ကိုကြီးကျော် သဘောကျ သွားသပေါ့ … ဥပမာ ကလေးက ကောင်းတော့ သဘောတွေ ကျသပေါ့ " အင်း …ဒီကောင် မော်နီတာ မျက်နှာပြင်ကို စမ်းမိ သွားပြီဘဲ " နောက်တစ်ယောက် ၀င်သွားပါသတဲ့ … သူလဲ ..ပြန်ထွက်လာပြီး … " အော် ကွန်ပျူတာ ဆိုတာ ..အပျိုမ ကလေးရဲ့ ခြေထောက် ကလေးတွေ လိုပါဘဲ " တဲ့ " အမ် …မင်းက ဘယ်လို စမ်းတာလဲ " ဆိုတော့ " ကျနော် ထိုင်ပြီး စမ်းတာပါ" …တဲ့ " " အော်…ဒီကောင် …ကွန်ပျူတာ တင်ထားတဲ့ ..စားပွဲခြေထောက်ကို စမ်းမိတာပါလား ….ဟားဟား …" နောက်ထပ် တစ်ယောက် ၀င်ပါသတဲ့ကွယ် .. သူလဲ ပြန်ထွက်လာတော့ ပြုံးစေ့စေ့နဲ့ .. " ကွန်ပျူတာဆိုတာ ..အပျို မ ကလေးရဲ့ …အသားလိုပါဘဲ ..နှိပ်လိုက်ရင် ခွက်ဝင်သွားတယ်နော် …" တဲ့ " အော် ဒီကောင် ကီးဘုတ်ကို စမ်းမိတာကိုး " ကိုကြီးကျော် လန့်တောင်နေပါတယ်တဲ့ .. ဒီကောင်တွေရဲ့ ဥပမာက အပျို မ ထဲကကို မထွက် လို့ လေ နောက်တစ်ယောက်လဲ ထွက်လာပြီး .. " အပျိုမကလေးရဲ့ ကျောပြင် ကလေးလိုပါဘဲ ညီညာပြန့်ပြူး လို့ " " အော် ဒီကောင်က မာသာဘုတ် ကို စမ်းမိတာကိုး " နောက်ဆုံးတစ်ယောက် အထဲကို ၀င်သွားတော့ ကိုကြီးကျော် …စိတ်ဝင်တစား စောင့်နေမိတယ် … သူတို့ ဥပမာပေးတွေက ကောင်းလွန်းနေတာကိုး ကွယ် နောက်ဆုံးဝင်သွားတဲ့ တစ်ယောက်ကတော့ ..အတင်း ၀ုန်းဒိုင်း ကျဲပြီး ပြေးထွက်ရင်း ပြောသတဲ့ " ဟာ ….ကွန်ပျူတာ ဆိုတာ ပါးကို ရိုက်တတ် သဟ " လို့ ဆိုပြီး ရဲတွတ်နေတဲ့ ပါးကို လက်နဲ့ ပွတ်ရင်း ပြောသတဲ့ .. ကိုကြီးကျော် ပါးစပ်ဟောင်းသား ဖြစ်နေချိန်မှာဘဲ အခန်းထဲက …မိန်းကလေးတစ်ဦးထွက်လာပြီး " ဒီမယ် ကိုကြီးကျော် ..ရှင့် ကုမ္ပဏီမှာ အတွင်းရေးမှူးလုပ်လာတာ ကြာပြီ ..ဒီနေ့ ဘာအချိုး ချိုးတာလဲ ပါးကျိုးသွားချင်လို့လား ..တော်ပြီ ရှင့် အလုပ်က ထွက်တယ် …" ဆိုပြီး ထွက်သွားပါသတဲ့ ..သည်တော့မှ ကိုကြီးကျော်လဲ.. " ဟိုက် …ငါ့ ..အတွင်းရေးမှူးမ ကို အခန်းထဲက ထွက်ခိုင်းဖို့ မေ့သွားပါလား …တောက် ..ဟိုကောင်တွေ ဥပမာတွေက ကောင်းလှပါတယ် အောက်မေ့နေတာ …" တဲ့လေ။ :D FACE BOOK မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free