ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မဲဆန္ဒနယ်မှ ၈၆ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ယခု ရက်သတ္တပတ်အတွင်း ကော့မှူးမြို့ သို့ ထပ်မံ လာရောက်ဖွယ် ရှိကြောင်း ကော့မှူးမြို့ နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးရုံး ပြောခွင့်ရ ပုဂ္ဂိုလ်များက The Voice Weekly သို့ပြောကြားသည်။

ကော့မှူးမြို့ နယ်တွင် ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းအချိန်ထိ နောက်ဆုံးရရှိခဲ့သော မဲစာရင်းများအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ ဆန္ဒမဲပေးသူအားလုံး၏ ၈၆ ဒသမ ၅၂ ရာခိုင်နှုန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဒေါက်တာ စိုးမင်းမှာ ၁၃ ဒသမ ၄၇ ရာခိုင်နှုန်းနှင့် ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီမှာ ၀.၅၈ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ကြောင်း အဆိုပါ မဲဆန္ဒနယ်၌ ရောက်ရှိနေသူ The Voice Weekly သတင်းထောက်က ယနေ့ နံနက်ပိုင်းတွင် သတင်းပေးပို့သည်။

The Voice မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free