ယခင်က ကြေးနန်းရုံးမှတစ်ဆင့် လိပ်စာရှင်အိမ်အရောက် ကြေးနန်းပို့ပေးသည့် စနစ်ကို ဆောင်ရွက်ခဲ့ပြီး ယခုအခါ ပုဂ္ဂလိကပိုင် Fax စက်တစ်လုံးမှ ပေးပို့လာသော ဖက်စ်ကြေးနန်းစာကို ကြေးနန်းရုံးမှတစ်ဆင့် လိပ်စာရှင်၏ အိမ်တိုင်ရာရောက် ပေးပို့သည့် ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိကြောင်း အများပြည်သူသုံး ဖက်စ်ကြေးနန်းလုပ်ငန်းမှ သိရှိရသည်။ အဆိုပါ ဆောင်ရွက်ချက်အတွက် A4 စာမျက်နှာတစ်မျက်နှာလျှင် ကျပ်နှစ်ရာနှုန်း ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျပ်နှစ်ရာနှုန်းဖြင့် လမ်းဆုံကြေးနန်းရုံးမှ လိပ်စာရှင်ထံအရောက် အခမဲ့ပေးဝေမည်ဖြစ်ကြောင်း၊ ဖက်စ်ကြေးနန်းဖြင့် ပြည်တွင်း၊ ပြည်ပကြေးနန်းစာများ၊ အကြောင်းကြားစာများ၊ စာချုပ်စာတမ်းများ၊ ကုန်သွယ်ရေးဈေးနှုန်းများနှင့် အမှတ်တံဆိပ်များ၊ ရုပ်ပုံဒီဇိုင်းများ၊ တခြားပုံစံများ၊ ပညာရေးအောင်လက်မှတ်မိတ္တူများ အစရှိသည်တို့ကို ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြည်ပသို့ ပို့ဆောင်မည့် ဖက်စ်ကြေးနန်းအနေဖြင့် သတ်မှတ်ကောက်ခံသည့် နှုန်းထားမှာ ပေးပို့မည့် နိုင်ငံအပေါ်လိုက်၍ သတ်မှတ်နှုန်းထားပေါ် အခြေခံကာ ကြာမြင့်ချိန်ပေါ် မူတည်ပြီး ကျသင့်မည်ဖြစ်ကြာင်း ၄င်းကျသင့်ငွေအပြင် ဆယ်ရာခိုင်နှုန်းကို ဝန်ဆောင်ခအဖြစ် ထပ်မံကောက်ခံမည်ဖြစ်ကာ၊ A4 စာမျက်နှာ နှစ်မျက်နှာအထိ အမေရိကန် တစ်ဒေါ်လာနှုန်း ကောက်ခံဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။ ပုဂ္ဂလိကဖက်စ်မှ ကြေးနန်းရုံးသို့ ချိတ်ဆက်၍ ပေးပို့လိုသော ဖက်စ်ဖုန်းနံပါတ်များကို ဖုန်းနံပါတ် ၁၈၇၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free