မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသစ်ချထားပေးသည့် နှစ်သိန်းတန် GSM ဖုန်းများ ကတ်ချို့ယွင်းမှု ဖြစ်ပေါ်ပါက ဝယ်ယူခဲ့သည့် အရောင်းဌာနများတွင်ပင် အသစ်လဲလှယ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ မိမိဝယ်ယူခဲ့သည့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တရားဝင် ရောင်းချပေးခဲ့သော ပုဂ္ဂလိကကုမ္ပဏီ၊ ဖုန်းအရောင်းဆိုင်များတွင် One Stop Services ဖြင့် လဲလှယ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ “ချို့ယွင်းမှုတစ်ခုခုရှိလို့ လဲလှယ်မယ်ဆိုလို့ရှိရင် ဖုန်းဝယ်ယူစဉ်က ရရှိခဲ့တဲ့ မူရင်းစာချုပ်နဲ့ လဲလှယ်နိုင်မှာ ဖြစ်ပါတယ်” ဟု Call Center မှ ဖြေကြားသည်။ သို့သော်လည်း ယခင် ၁၅ သိန်းတန်ဖုန်းနှင့် ၅ သိန်းတန်ဖုန်းများအတွက် သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတ်မှတ်ထားသော နေရာများတွင်သာ လဲလှယ်နိုင်ဦးမည်ဖြစ်ကြောင်း သိရသည်။ လဲလှယ်နိုင်သော နေရာနှင့်ပတ်သက်၍ အဆင်မပြေမှုများရှိပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ကြေညာထားသော Complaints Center များတွင်လည်း မေးမြန်းစုံစမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ ၂ သိန်းတန် ဖုန်းကတ်တွေ ချို့ယွင်းလို့ လဲလှယ်တဲ့နေရာမှာ One Stop ရတယ်ဆိုပေမယ့် အဲဒီဖုန်းတွေက လတ်တလော ချထားပေးနေတာ ဖြစ်တဲ့အတွက် ပျက်စီးပျောက်ဆုံးမှု တွေ့ရဦးမယ် မထင်ပါဘူး။ အရင်ချထားပေးတဲ့ ၁၅ သိန်းနဲ့ ၅ သိန်းဖုန်းတွေမှာသာ ကတ်ပျောက်၊ ကတ်ပျက်တွေ တွေ့ရမှာပါ။ အဲဒါကြောင့် အရင်ချထားပေးတဲ့ ဖုန်းတွေကို One Stop Service ပုံစံနဲ့ ကတ်ပျောက်၊ ကတ်ပျက်တွေကို ပြုလုပ်ပေးရင် ပိုကောင်းမယ်” ဟု GSM ၁၅ သိန်းတန် အသုံးပြုသူတစ်ဦးက ပြောကြားသည်။ ၂ သိန်းတန် GSM ဖုန်းများ ကတ်ချို့ယွင်းမှု ဖြစ်ပေါ်ပါက အရောင်းဌာနများတွင်ပင် အသစ်လဲလှယ်နိုင်မည် ဖြစ်သကဲ့သို့ ယခင်ဖုန်းများအတွက် သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာန၏ ရွှေဂုံတိုင်၊ ပန်းဆိုးတန်း၊ အလုံရှိ စီးပွားရေးဌာနသုံးခုနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်နှင့် တိုင်းမန်နေဂျာရုံးများ၏ စီးပွားရေးဌာနများတွင် လဲလှယ်နိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ ခေတ်လူငယ်မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free